BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီဇင်ဘာခြောက်ရက်နေ့...
သတင်းအတု

ဒီဇင်ဘာခြောက်ရက်နေ့ ရွှေတိဂုံစေတီတော်ပြန်ဖွင့်မည်မဟုတ်သေး

လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ ရွှေတိဂုံဘုရား ပြန်လည်ဖွင့်လှစ်မယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေမှုတွေရှိနေပြီး ဒီအခြေအနေနဲ့ပတ်သက်လို့ မဟုတ်မှန်ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့ကရှင်းလင်းထားပါတယ်။

By - Boom Live Myanmar |
Published -  28 Nov 2020 6:18 PM IST
  • ဒီဇင်ဘာခြောက်ရက်နေ့ ရွှေတိဂုံစေတီတော်ပြန်ဖွင့်မည်မဟုတ်သေး

    ဒီသတင်းကို နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းမှစတင်ပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေလာတာ ဖြစ်ပြီး ဓမ္မဃောသကဦးတင့်လွင် ကို crd ပေး ရည်ညွှန်းကာ ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    ရွှေတိဂုံစေတီတော် တက်ရောက်ဖူးမြှော်ခွင့် ပြန်လည်ခွင့်ပြုတာနဲ့ ပါသတ်ပြီး News Watch သတင်းဌာနကလည်း သူတို့ရဲ့ ဖေစ့်ဘွတ်စာမျက်နှာမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က ရေးသားဖော်ပြခဲ့ပါသေးတယ်။


    News Watch သတင်းဌာနရဲ့ ရေးသားမှုထဲမှာ ရွှေတိဂုံစေတီတော် တက်ရောက်ဖူးမြော်ခွင့် ပြန်လည်ခွင့်ပြုနိုင်ရန် အသင့်ပြင်ဆင်ထားကြောင်းနဲ့ ပြန်လည်ဖွင့်ချိန်မှာ လူဦးရေ အကန့်အသတ်ဖြင့် တက်ရောက်ဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ကြိုတင်စာရင်းသွင်းပြီးမှ ဖူးမြော်ခွင့်ပြုမည်ဖြစ်ကြောင်း ရေးသားထားသော်လည်း ဘယ်နေ့ ဘယ်ရက်မှာ ပြန်လည်ဖွင့်လှစ်မယ် ဆိုတာကို အတိအကျ ရေးထားခြင်း မရှိပါဘူး။

    News Watch သတင်းဌာနရဲ့ ရေးသားဖော်ပြမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းနဲ့ ပါတ်သတ်ပြီး BOOM က ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာ "ဒါလုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့က သာသနာရေးဝန်ကြီးဌာနနဲ့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးအမျိုးသားအဆင့် ဗဟိုကော်မတီ လက်အောက်မှာ ရှိတဲ့အတွက် သူတို့ ဖွင့်ဆိုတဲ့ အချိန်ကျမှပဲ ဖွင့်ရမှာပါ။" လို့ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင် ဦးသန်းဇော် က ပြန်လည်ဖြေကြားထားပါတယ်။

    ဆက်လက်ပြီး News Watch သတင်းဌာနမှာ ရေးသားဖော်ပြထားတဲ့ ဘုရားပြန်လည်ဖငွ့်လှစ်ဖို့အဆင်သင့် ပြင်ဆင်ထားတယ် ဆိုတာနဲ့ ပါတ်သတ်ပြီး "ဒီကိစ္စက ခုမှ မဟုတ်ပါဘူး။ ဒါတွေက ပထမတစ်ခါ ဘုရားတွေ ပြန်ဖွင့်လို့ ရပြီလို့ သတင်းတွေ ထွက်တဲ့ အချိန်ထဲက လုပ်ထားတာ။ ကြာပါပြီ။ ခုကိစ္စနဲ့ မဆိုင်ပါဘူး။ ပြီးတော့ ဒီကပ်ရောဂါကြီးကလည်း ဘယ်အချိန်ပြီးမလဲ သိတာမဟုတ်ဘူးလေ။" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးကို နိုဝင်ဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးမှာ Stay at Home သတ်မှတ်ထားခြင်း မရှိတဲ့ တိုင်းဒေသကြီး / ပြည်နယ်များမှ တန်ခိုးကြီးဘုရား၊ ပုထိုး ၊ စေတီများကို နေ့စဉ် နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် လူဦးရေ ကန့်သတ်ချက်ဖြင့် ဖူးမြော်ခွင့် ပြုနိုင်ရေးကို ဆွေးနွေးခဲ့ကြတယ်လို့ Myanmar State Counsellor Office ရုံး ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဒီထုတ်ပြန်မှုဟာ ဆွေးနွေးတဲ့ အဆင့်သာ ရှိသေးပြီး ဒီဇင်ဘာလ ၆ ရက်နေ့မှာ ရွှေတိဂုံဘုရား ပြန်ဖွင့်မယ်လို့ ပြောဆိုထားတာ မဟုတ်ပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    Tags

    Shwe Dagon PagodaPagodaFalse Newsfalse informationLockdown
    Read Full Article
    Claim :   လာမည့် ဒီဇင်ဘာလ ၆ ရက်နေ့မှာ ရွှေတိဂုံဘုရား ပြန်လည်ဖွင့်လှစ်မယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေတဲ့ အတွက် BOOM က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!