BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သီတဂူဆရာတော်နဲ့ ဦးဝီရသူ...
သတင်းအတု

သီတဂူဆရာတော်နဲ့ ဦးဝီရသူ အဖမ်းခံရတယ်ဆိုတဲ့ သတင်းမှား

သီတဂူဆရာတော်နဲ့ ဦးဝီရသူ ယနေ့ညပါသွားပြီ၊ တော်လှန်ရေးအတွက် သတင်းကောင်းဆိုပြီး အဖမ်းခံရသယောင် ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  18 Aug 2023 4:09 PM IST
  • သီတဂူဆရာတော်နဲ့ ဦးဝီရသူ အဖမ်းခံရတယ်ဆိုတဲ့ သတင်းမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ရေးသားဖြန့်ဝေနေတဲ့ ANUSH 5 ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဩဂုတ်လ ၁၂ ရက် ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၁၇ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ သီတဂူဆရာတော်နဲ့ ဦးဝီရသူတို့ရဲ့ ဓာတ်ပုံတွေကို ဗွီဒီယိုဖိုင် ကာဗာအဖြစ် အသုံးပြုကာ ‘သီတဂူဆရာတော်နဲ့ ဝီရသူ ယနေ့ည ပါသွားပြီ။ တော်လှန်ရေးအတွက် သတင်းကောင်း’ လို့ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက် ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ သီတဂူဆရာတော်နဲ့ ဦးဝီရသူ အဖမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    ဗွီဒီယိုထဲမှာ ဆရာတော် ၂ ပါးက တော်လှန်ရေးအကြောင်း၊ သီတဂူဆရာတော်နဲ့ ဦးဝီရသူ တို့ရဲ့ စစ်တပ်နဲ့ ပူးပေါင်းပြီး ပြည်သူကို ဒုက္ခပေးနေမှုတွေကို ဖေစ့်ဘွတ် live လွှင့် ပြောဆိုနေမှုတွေကို ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်။

    ဒါ့အပြင် သီတဂူဆရာတော်နဲ့ ဦးဝီရသူ အဖမ်းခံရတယ်ဆိုတဲ့ အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာ မရှိသလို စစ်တပ်လက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားမှုလည်း မရှိပါဘူး။

    လက်ရှိမှာ သီတဂူဆရာတော်နဲ့ စစ်ခေါင်းဆောင်တို့ရဲ့ ဆက်ဆံရေး အထူးကောင်းမွန်နေတဲ့အပေါ် ပြည်သူအများစုရဲ့ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Thetagu SayardawFakenewsSayadaw U NyanissaraU Wirathuသီတဂူဆရာတော်ဦးဝီရသူarresstedClickbaits
    Read Full Article
    Claim :   သီတဂူဆရာတော်နဲ့ ဦးဝီရသူ အဖမ်းခံရတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!