စစ်ကိုင်း PDF က လက်နက်နဲ့ ခြိမ်းခြောက်ပြီး ဆန္ဒပြပွဲတွေ ဖန်တီးတယ်ဆိုတဲ့ သတင်းအတု

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ PDF တွေက လက်နက်ပြခြိမ်းခြောက်ပြီး ဆန္ဒပြပွဲတွေ ဖန်တီးနေတယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းအမှားကို ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ရွှေညာမြေ မီဒီယာဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က စတင်ခဲ့တာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "စစ်ကိုင်းတိုင်းအတွင်းက လက်နက်ကိုင်အကြမ်းဖက် PDF များက လက်နက်ပြခြိမ်းခြောက်၍ ဆန္ဒပြပွဲများဖန်တီးကြ" (မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ်၌ ဒေသခံလက်နက်ကိုင်အကြမ်းဖက် PDF ကျေးရွာနေပြည်သူများကို လက်နက်ဖြင့်ခြိမ်းခြောက်၍ သပိတ်လှုပ်ရှားမှုများဆောင်ရွက်၍ မီဒီယာများနှင့် ပူးပေါင်းလုပ်စားနေကြကြောင်းသိရသည်" (မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ အဆိုပါ ရေးသားဖြန့်ဝေမှုနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သေနတ်တွေနဲ့ အတူတူလိုက်ပါနေတဲ့ ဆန္ဒပြပွဲတစ်ခုရဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။ အဆိုပါ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူတွေ ကူးယူဖော်ပြသူတွေ ရှိနေပါတယ်။

သတင်းဆန်းစစ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ PDF တွေက လက်နက်ပြခြိမ်းခြောက်ပြီး ဆန္ဒပြပွဲတွေ ဖန်တီးနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှားတစ်ပုဒ် ဖြစ်တာကို တွေ့ရပါတယ်။

၎င်းအသုံးပြုပြီး ဖြန့်ဝေထားတဲ့ ဓါတ်ပုံတွေဟာ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီက စတင်ဖြန့်ဝေခဲ့တဲ့ ဓါတ်ပုံတွေ ဖြစ်ပြီး စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ်က စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းက ဓါတ်ပုံတွေ ဖြစ်ပါတယ်။ အဆိုပါ သပိတ်စစ်ကြောင်းမှာ ကျေးရွာလုံခြုံရေးအဖွဲ့ PDF တွေက သပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းပြီး လာရောက်ဝန်းရံကာ လုံခြုံရေးယူပေးထားကြတာ ဖြစ်ပါတယ်။ မုံရွာလူထု သပိတ်ဦးဆောင်ကော်မတီက တင်ထားတဲ့ အဆိုပါ သပိတ်စစ်ကြောင်းဓါတ်ပုံတွေကို ဒီမှာ ကြည့်ပါ။


သတင်းအမှားဖြန့်ဝေထားတဲ့ ရွှေညာမြေမီဒီယာဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို Boom Myanmar က ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ သတင်းမီဒီယာပုံစံ ဖန်တီးပြီး စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ ဝါဒဖြန့် သတင်းအမှားတွေ ဆက်တိုက် တင်နေတာကို တွေ့ရပါတယ်။

Claim :   စစ်ကိုင်း PDF က လက်နက်ပြခြိမ်းခြောက်၍ ဆန္ဒပြပွဲများဖန်တီ
Claimed By :  facebook
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.