BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရုရှားသမ္မတပူတင် လုပ်ကြံခံရတဲ့...
သတင်းအတု

ရုရှားသမ္မတပူတင် လုပ်ကြံခံရတဲ့ ပုံတွေဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

ရုရှားသမ္မတပူတင် လုပ်ကြံခံရတဲ့ မြင်ကွင်းဆိုပြီး ကားမတော်တဆဖြစ်နေတဲ့ ပုံဟောင်းတွေ အသုံးပြုကာ ‌ရေးသားဖြန့်ဝေ နေတာတွေဟာ ပုံနဲ့ သတင်းအကြောင်းအရာ လွဲမှားအသုံးပြုထားခြင်းသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  21 Sept 2022 7:44 PM IST
  • ရုရှားသမ္မတပူတင် လုပ်ကြံခံရတဲ့ ပုံတွေဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းအမှား

    ဒီသတင်းအကြောင်းအရာဟာ Voice of Myanmar သတင်းဌာနမှာ စက်တင်ဘာလ ၁၆ ရက်နေ့က ဖော်ပြခဲ့တဲ့ 'ရုရှားသမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်' ဆိုတဲ့ သတင်းကို အခြေခံပြီး ပုံဟောင်းတွေ ထပ်ပေါင်းဖြည့်စွက်ကာ ပြန်လည်ရေးသား ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ရုရှားသမ္မတ လုပ်ကြံခံရမှုမြင်ကွင်းလို့ ရေးသားကာ ကားမတော်တဆဖြစ်ပွားနေတဲ့ ပုံတွေကို ဖြန့်ဝေထားတာပါ။

    Voice of Myanmar သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကတော့ Euro Weekly News သတင်းဌာနမှာ စက်တင်ဘာလ ၁၄ ရက်က ဖော်ပြခဲ့တဲ့ သတင်းကို ကိုးကားဖော်ပြထားတာပါ။

    သတင်းထဲမှာ ရုရှားသမ္မတပူတင်ဟာ သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတခုကနေ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း၊ သမ္မတပူတင် စီးနှင်းလာတဲ့ကားရဲ့ ဘယ်ဘက်ရှေ့ဘီးဟာ ကျယ်လောင်စွာပေါက်ကွဲသွားခဲ့ပြီး အဲဒီနောက် မီးခိုးတွေထွက်လာခဲ့ပေမယ့် အဲဒီနေရာကနေ ဘေးကင်းရာကို အလျင်အမြန်မောင်းနှင်သွားခဲ့ကြောင်းနဲ့ ဒီဖြစ်မှာ သမ္မတပူတင် တစုံတရာ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပေမယ့် လူအများအပြား ဖမ်းဆီးခံခဲ့ရကြောင်းတွေ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    Voice of Myanmar သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းထဲမှာ သမ္မတပူတင်ရဲ့ ပုံတစ်ပုံသာ အသုံးပြုထားပေမယ့် ပြန်လည်ဖြန့်ဝေသူတွေက ပုံအဟောင်းတွေ အသုံးပြုပြီး ဖြန့်ဝေနေတာပါ။

    'ရုရှားသမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်' ဆိုတဲ့ သတင်းနဲ့ ရုရှားသမ္မတ လုပ်ကြံခံရမှုမြင်ကွင်းဆိုပြီး ရေးသားဖြန့်ဝေနေတဲ့ သတင်းတွေနဲ့ တွဲဖက်ဖြန့်ဝေနေတဲ့ ပုံတွေဟာ ၂၀၁၆ ခုနှစ်အတွင်းက မော်စကိုမှာ ဖြစ်ပွားခဲ့တဲ့ ကားမတော်တဆမှုက ပုံတွေဖြစ်ပါတယ်။


    ဒီကားမတော်တဆမှုမှာ သမ္မတပူတင် သဘောကျခဲ့တဲ့ သူ့ရဲ့ ဒရိုင်ဘာသေဆုံးခဲ့ပါတယ်။ ဒီကားမတော်တဆမှု သတင်းကို ကမ္ဘာ့သတင်းဌာနတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Voice of Myanmar သတင်းဌာက ကိုးကား ဖော်ပြထားတဲ့ Euro weekly News ရဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    Euro weekly News မှာ ဖော်ပြထားတဲ့ သတင်းထဲမှာ ကရင်မလင်က အတွင်းလူတစ်ယောက်ရဲ့ ပြောကြားချက်လို့သာ ဖော်ပြထားပြီး ဒီလုပ်ကြံမှုဟာ ဘယ်အချိန် ဘယ်နေရာမှာ ဖြစ်ပွားတယ်ဆိုတာ အတည်မပြုနိုင်သေးကြောင်း ရေးသားထားပါတယ်။

    Tags

    assassinationလုပ်ကြံခံရမှုကားမတော်တဆမှုcar accident in MoscowFakenews
    Read Full Article
    Claim :   ရုရှားသမ္မတပူတင် လုပ်ကြံခံရတဲ့ ပုံတွေဖြန့်ဝေ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!