BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရုရှားက ကြေးစားစစ်သား ၅၀၀...
သတင်းအတု

ရုရှားက ကြေးစားစစ်သား ၅၀၀ မြန်မာစစ်တပ်နဲ့ ပူးပေါင်းမယ်ဆိုတဲ့ သတင်းအမှား

စစ်ခေါင်းဆောင်ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားခရီးစဉ်အပြီး ရုရှားနဲ့ ပူးပေါင်းလုပ်ဆောင်မယ့် အစီအစဉ်တွေထဲမှာ နှစ် ၅၀ စာချုပ်ဖြင့် ဝါဂနာကြေးစားစစ်သား ၅၀၀ မြန်မာစစ်တပ်နဲ့ ပူးပေါင်းမယ့် အစီအစဉ်ပါတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  13 March 2025 9:08 AM IST
  • ရုရှားက ကြေးစားစစ်သား ၅၀၀ မြန်မာစစ်တပ်နဲ့ ပူးပေါင်းမယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းမှာ စစ်တပ်လော်ဘီအသိုင်းအဝိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေရာမှာ 'မြန်မာပြည်အနာဂတ်အတွက်.နစက.အစိုးရဥက္ကဌ.အကောင်အထည်ဖော်ဆောင်ရွက်ချက်များ...တင်ပေးလိုက်တယ်။ နျုကလီးယားဓာတ်ပေါင်းဖို ၃လုံးဆောက်မည်။တည်နေရာထည့်မပြောပါ။ ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် ရုရှားရေတပ်စခန်းဆောက်မည်။ နှစ် ၅၀ စာချုပ်ဖြင့် ဝါဂနာကြေးစားစစ်သား ၅၀၀ မြန်မာတပ်မတော်နဲ့ ပူးပေါင်းမည်။ အသေးစိတ်မဖော်ပြထားသော ရုရှားအဆင့်မြင့်စစ်လက်နက်များ သန်း၉၆၉သန်း ဖိုးရောင်းပေးမည်။ အမေရိကန်ဒေါ်လာ ၃ဘီလီယံ နှင့် ညီမျှသော ရုရှားငွေကြေး မြန်မာသို့ ၅နှစ် အတိုးမဲ့ချေးမည်။ သီတဂူသာသနာပြန့်ပွားရေးအဖွဲ့ကို ရုရှားနိုင်ငံအတွင်းသို့သာသနာပြုခွင့်ပေးမည်။ မြန့်မာ့ထွက်ကုန် ငါးပိ ငါးခြောက်များကို အခွန်ကင်းလွတ်ခွင့်ပေးပြီး ရုရှားသို့တင့်ပို့ခွင့်ပြုမည်' လို့ ရေးသားထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ခေါင်းဆောင်ရဲ့ ရုရှားနဲ့ ဘဲလာရုစ် နှစ်နိုင်ငံခရီးစဉ်ဟာ မတ်လ ၃ ရက်ကနေ ၉ ရက်နေ့အထိ သွားခဲ့တာဖြစ်ပြီး အခု ဖြန့်ဝေမှုကတော့ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းကတည်းက စတင်ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ရုရှားအစိုးရနဲ့ စစ်ကောင်စီတို့ရဲ့ နှစ်ဖက်ထုတ်ပြန်ချက်တွေအရ စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်အတွင်း ထားဝယ်အထူး စီးပွားရေးဇုန်၊ နျူကလီးယားဓာတ်အာပေးစက်ရုံနှင့် စွမ်းအင်လုပ်ငန်း၊ နည်းပညာ၊ သတင်းအချက်လက်နှင့် တယ်လီကွန် ဆက်သွယ်ရေး၊ သတ္ထုတူးဖော်ရေး၊ စိုက်ပျိုးရေး၊ အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ အလုပ်သမားပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ ပညာရေးနှင့် ခရီးသွား လုပ်ငန်းတို့တွင်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဆွေးနွေး သဘောတူ ခဲ့တယ်လို့ သိရပါတယ်။

    သို့ပေမယ့် နှစ် ၅၀ စာချုပ်ဖြင့် ဝါဂနာကြေးစားစစ်သား ၅၀၀ မြန်မာတပ်မတော်နဲ့ ပူးပေါင်းမယ်ဆိုတဲ့ အချက်နဲ့ ရုရှား အဆင့်မြင့် စစ်လက်နက်များ သန်း ၉၆၉ သန်း ဖိုးရောင်းပေးမယ် ဆိုတဲ့ အချက်တွေကိုတော့ ရုရှားနိုင်ငံက မီဒီယာတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ထားတာ မရှိပါဘူး။

    ဒါပေမယ့် စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်မှာ မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းတွေ ဆက်ပြီးရောင်းချဖို့ ကိစ္စ တစိတ် တပိုင်း ပါ၀င်မယ်လို့ သံသယရှိကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ပြောတယ်ဆိုတဲ့အကြောင်း ဗွီအိုအေသတင်းဌာနမှာ ဖော်ပြထားပါတယ်။

    ဗွီအိုအေသတင်းဌာနမှာ ဖော်ပြထားတာကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါ့အပြင် တော်လှန်ရေး နယ်မြေတွေမှာ ရတနာတူးဖော်ဖို့ ရုရှားကို စစ်ကောင်စီက ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

    Tags

    Russian forcesRussiaရုရှားFakenewsသတင်းတုစစ်ခေါင်းဆောင်
    Read Full Article
    Claim :   ရုရှားက ကြေးစားစစ်သား ၅၀၀ မြန်မာစစ်တပ်နဲ့ ပူးပေါင်းမယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!