BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တော်လှန်ရေးအဖွဲ့ တွေက...
သတင်းအတု

တော်လှန်ရေးအဖွဲ့ တွေက မူးယစ်ဆေးဝါးသုံးပြီး စစ်တပ်ကို တိုက်နေတယ်ဆိုတဲ့ သတင်းအမှား

တော်လှန်ရေး အင်အားစုတွေက မူးယစ်ဆေးတွေ ထိုးပြီး စစ်တပ်စခန်းတွေကို တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  24 April 2024 7:42 PM IST
  • တော်လှန်ရေးအဖွဲ့ တွေက မူးယစ်ဆေးဝါးသုံးပြီး စစ်တပ်ကို တိုက်နေတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအတု စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်တွေကတဆင့် လူမှုကွန်ယက်ပေါ် ဖြန့်ထားကြတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ လက်ဖျံ အကြောထဲ ဆေးထိုးအပ် ထိုးသွင်းနေတဲ့ ပုံတွေကို အသုံးပြုထားပြီး ၎င်းဓါတ်ပုံတွေနဲ့အတူ “အကြမ်းဖက်PDFများနှင့် EAOsအဖွဲ့များမှ တပ်မတော်စခန်းတွေကို တိုက်ခိုက်ချိန်တိုင်းတွင် ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ မူးယစ်ဆေးတွေ ထိုးသွင်းပြီးမှ တိုက်ခိုက်တာဖြစ်ကြောင်း ဖမ်းဆီးရမိ ပဒပ်တစ်ဦးမှ ၀န်ခံပြောဆို။ မူးယစ်ဆေး ထိုးသွင်းနေသည့် ပဒပ်မများ” (အသုံးအနှုန်း မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ထပ်ဆင့်ဝေမျှခြင်း ကူးယူဖော်ပြခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    တော်လှန်ရေး အင်အားစုတွေက မူးယစ်ဆေးတွေ ထိုးပြီး အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    သတင်းအမှားဖြန့်သူတွေ အသုံးပြုထားတဲ့ ဓါတ်ပုံတွေဟာ ဒီမောဆို ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၁၀၆) တပ်ရင်းက ဆေးတပ်သားသင်တန်း က ဓါတ်ပုံတွေသာ ဖြစ်ပါတယ်။ ၎င်းဓါတ်ပုံတွေကို သုံးပြီး တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်စခန်းတွေ မတိုက်ခိုက်မီ မူးယစ်ဆေးဝါးသုံးစွဲတယ်လို့ ဖြန့်ထားကြခြင်းသာ ဖြစ်ပါတယ်။

    DMO ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၆) တပ်ရင်းကလည်း “အခြားမဟာမိတ်တပ်ရင်းများအတူ ဆေးတပ်သားသင်တန်းကို 15.3.2024 ရက်နေ့မှ 28.3.2024 ရက်နေ့ထိ ပြုလုပ်ပေးခဲ့ပါသည်။ သင်တန်း၏ရည်ရွယ်ချက်က ရှေ့တန်းတွင် မိမိတို့ရဲဘော်များ အထိအခိုက်အကျအဆုံးများ မဖြစ်ရလေအောင် အရေးပေါ်ကယ်ဆယ်မှုများလုပ်နိုင်ရန်အတွက် ဖြစ်ပါသည်။” လို့ ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

    DMO PDF တပ်ရင်း (၁၁၀၆) ရဲ့ ဆေးတပ်သား သင်တန်းဆင်းပွဲ သတင်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိဘဲ စစ်ကောင်စီအတွက် ဝါဒဖြန့်ချီရေးသတင်းတွေ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားတွေ ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ မကြာခဏ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

    Tags

    false newsrevolutionary groupsEAOsEROsPDFuse drugsmilitaryသတင်းအတုစစ်ကောင်စီတော်လှန်ရေးမူးယစ်ဆေး
    Read Full Article
    Claim :   PDFများနှင့် EAOsအဖွဲ့များမှ တပ်မတော်စခန်းတွေကို တိုက်ခိုက်ချိန်တိုင်းတွင် ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ မူးယစ်ဆေးတွေ ထိုးသွင်းပြီးမှ တိုက်ခိုက်
    Claimed By :  Facebook, Telegram
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!