BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အမေရိကန်မှာ ထိန်းချုပ်ခံထားရတဲ့...
      သတင်းအတု

      အမေရိကန်မှာ ထိန်းချုပ်ခံထားရတဲ့ မြန်မာပိုင် ဒေါ်လာ တစ်ဘီလီယံ ပြန်ပေးတယ်ဆိုတဲ့ သတင်းအမှား

      အမေရိကန်က ထိန်းချုပ်ထားတဲ့ ဒေါ်လာ တစ်ဘီလီယံကို PDF တပ်ဖွဲ့တွေ လက်နက်တပ်ဆင်ပေးဘို့ ဒေါ်ဇင်မာအောင်ကို ပြန်ပေးမယ်လို့ စာထုတ်ပြန်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  25 April 2023 4:48 PM IST
    • အမေရိကန်မှာ ထိန်းချုပ်ခံထားရတဲ့ မြန်မာပိုင် ဒေါ်လာ တစ်ဘီလီယံ ပြန်ပေးတယ်ဆိုတဲ့ သတင်းအမှား

      ဒီသတင်းအမှားကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Latest News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်က ဧပြီလ ၂3 ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဖြန့်ဝေပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

      ဖြန့်ဝေရာမှာ ကြာချိန် မိနစ် ၃၀ ခန့်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့ အတူ ‘USက ဒေါ်ဇင်မာအောင်ကို PDFတွေ လက်နက်ဆင်ပေးနိုင်ဖို့ ဒေါ်လာ ၁ဘီလီယံ ပြန်ပေးမယ်လို့ စာထုတ်ပြန်’ လို့ ရေးသားထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို မျှောလင့်ချက်အမှားတွေပေးတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ‘USက ဒေါ်ဇင်မာအောင်ကို PDFတွေ လက်နက်ဆင်ပေးနိုင်ဖို့ ဒေါ်လာ ၁ဘီလီယံ ပြန်ပေးမယ်လို့ စာထုတ်ပြန်’ ဆိုတာနဲ့ ပက်သက်တဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

      ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

      စစ်တပ်အာဏာသိမ်းချိန်မှာ အမေရိကန်အစိုးရက ထိန်းချုပ်ထားခဲ့တဲ့ မြန်မာနိုင်ငံပိုင် အရန်ငွေကြေး ဒေါ်လာ တစ်ဘီလီယံကို ဒစ်ဂျစ်တယ် ငွေကြေးစနစ်အနေနဲ့ အသုံးပြုနိုင်အောင် လိုက်လျောလက်ခံပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ညှိနှိုင်း တောင်းဆိုမှုတွေ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ပြုလုပ်ထားပေမယ့် အမေရိကန်အနေဲ့ လွှဲအပ်ပေးဖို့ သဘောမတူသေးပါဘူး။

      ဒါ့အပြင် သူမနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ ဝေမျှလေ့ရှိတဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်မှာလည်း အမေရိကန်က ထိန်းချုပ်ထားတဲ့ ဒေါ်လာ တစ်ဘီလီယံ ကိစ္စကို ထုတ်ဖော်ပြောကြားထားတာ မတွေ့ရှိရသေးပါဘူ။

      ဒေါ်ဇင်မာအောင်ရဲ့ တရားဝင် ဖေစ့်ဘွတ်ပေချ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      Tags

      NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်လာ တစ်ဘီလီယံအရန်ငွေကြေးFakenewsone billion dollarsMilitary Coup
      Read Full Article
      Claim :   အမေရိကန်က ထိန်းချုပ်ထားတဲ့ ဒေါ်လာ တစ်ဘီလီယံကို PDF တပ်ဖွဲ့တွေ လက်နက်တပ်ဆင်ပေးဘို့ ဒေါ်ဇင်မာအောင်ကို ပြန်ပေးမယ်လို့ စာထုတ်ပြန်တယ်လို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!