BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • အဆိုတော်ရေမွန် သေဆုံးမှုအပေါ်...
သတင်းအတု

အဆိုတော်ရေမွန် သေဆုံးမှုအပေါ် စစ်တပ်ထောက်ခံသူတွေ အမြတ်ထုတ် သတင်းအမှားဖြန့်

လူမှုကွန်ယက်ပေါ်မှာ Idiot Band က အဆိုတော် ရေမွန်ကွယ်လွန်ခဲ့တဲ့ သတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ထောက်ခံသူတွေက သတင်းအမှားဖြန့်ဝေနေကြပါတယ်။

By - Boom Live Myanmar |
Published -  23 Jun 2021 9:30 PM IST
  • အဆိုတော်ရေမွန် သေဆုံးမှုအပေါ် စစ်တပ်ထောက်ခံသူတွေ အမြတ်ထုတ် သတင်းအမှားဖြန့်

    အဆိုပါ သတင်းအမှားကို ဦးစ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇွန်လ ၁၄ ရက်နေ့ ၁၂ နာရီ ၁၄ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး "အဆိုတော် ရေမွန် ငှက်ဖျားရောဂါနဲ့ သေဆုံးဆိုတာ သတင်းအမှားပါ။ တကယ်အမှန်က မနေ့ညက လွတ်မြောက်နယ်မြေအငြင်းပွားမှု့ကြောင့် ဒီမနက်အစောပိုင်းမှာ ပစ်သတ်ခံရတာပါ။ EAO တွေက ပြည်သူချစ်တဲ့ အဆိုတော်ကို ကြက် ငှက် သတ်သလို လွယ်လွယ်ကူကူသတ်ပစ်တာ ရိုင်းစိုင်းလွန်းပါတယ်" လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၄၀၀ ကျော်နဲ့ ထပ်ဆင့် ဝေမျှ ၃၀၀ ကျော် ရှိနေပါတယ်။

    နောက်ထပ် ဖေ့စ်ဘွတ်ပေ့ချ်တစ်ခုဖြစ်တဲ့ Yangon DT News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က "အဆိုတော် Idoit ရေမွန် သေဆုံးရခြင်း အကြောင်းအရင်းကို ဖုံးကွယ်ထား...... ၂၂.၆.၂၀၂၁ ရက်နေ့ ညပိုင်း (၉)နာရီအချိန်ခန့်တွင် Big Bag ဟန်ထူးလွင် နှင့် အတူ မြဝတီမြို့ပေါ်ရှိ Bar တစ်ခုသို့ ရောက်ရှိလာပြီး အတူတူစားသောက်ပြီးပြန်သွားခဲ့ကြောင်းသိရ... ငှက်ဖျားကြောင့် သေတာမဟုတ်ပဲ လုပ်ကြံခံရခြင်းဖြစ်ကြောင်း သတင်းရရှိ" လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှာကို တခြား ဖေ့စ်ဘွတ် အကောင့်တုတွေ၊ ပေ့ချ်အတုတွေနဲ့ ရေးသားဖြန့်ဝေနေကြပါတယ်။

    မူရင်း ရေးသားမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီထောက်ခံသူတွေ ရေးသားဖြန့်ဝေနေတဲ့ Idiot Band က အဆိုတော် ရေမွန်ကွယ်လွန်တာဟာ လက်နက်ကိုင်နယ်မြေမှာ လုပ်ကြံခံရတာလို့ ရေးသားဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချီထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    အဆိုတော်ရေမွန် ကွယ်လွန်တာနဲ့ ပတ်သက်ပြီး မနက်ပိုင်းနဲ့ နေခင်းပိုင်းမှာ ငှက်ဖျားရောဂါကြောင့်လို့ ရေးသားဖြန့်ဝေနေပေမယ့် အစာအိမ် သွေးကြောပေါက်ပြီး ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ နီးစပ်တဲ့ အဆိုတော် အသိုင်းအဝိုင်းထံက သိရပါတယ်။

    အဆိုတော် ရေမွန်နဲ့အတူ ထိန်းချုပ်နယ်မြေရောက်နေတဲ့ အဆိုတော် နိုဗန်ထူးက ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ "နဂိုကတည်းက ကိုတွတ်က အစားအသောက် မမှန်ခဲ့မိတာ။ အိပ် သိပ်မပျော် / နေမကောင်းတာ လေးတွေ ရှိခဲ့တယ်။ အရင်နေ့တွေကလည်း အကိုက်အခဲ ပျောက်ဆေး နည်းနည်းပါးပါး သောက်နေခဲ့ရသေးတယ်။ ဒါပေမယ့် ခုတလော နေပြန်ကောင်းနေ / အိပ်လို့လည်း ကောင်းကောင်းရတယ် ဆိုတော့ အေးဆေးပဲ ထင်နေခဲ့မိတာ။ မနေ့ကတင် ဟော့ပေါ့ စားနေရင်း သတိရကြောင်း ကျွန်တော့်ကိုတောင် လှမ်းပြောခဲ့သေးတယ်။ ညက တခြား သူငယ်ချင်းတွေနဲ့ သောက်ရင်း စားရင်း အခန့်မသင့်လို့ အစာအိမ် သွေးကြော ပေါက်သွားတယ်။ ( ဆရာဝန်က အဲ့လို သုံးသပ်ပြသွားတာပဲ ) ဆရာဝန် ပြပြီးတော့ ကုသမှု ယူခဲ့သေးပေမယ့် မမီလိုက်တော့ပဲ ခုလို ဖြစ်သွားရတာပါ။ လူတွေ ပြောနေသလို ငှက်ဖျား ကြောင့် ဆုံးပါးသွားရတာ မဟုတ်သလို စစ်ခွေးတွေ ဖွနေသလို မူးရူးပြီး အချင်းချင်း ရန်ဖြစ်ရင်း အသက်ဆုံးရတာလည်း မဟုတ်ပါဘူး ။ ကောလဟာလ တွေကို အလွယ် မယုံကြဖို့နဲ့ ... ကိုယ် သေချာ မသိပဲ ဖွချင်တိုင်း ဖွနေသူတွေအနေနဲ့ ဆုံးပါးသွားသူ တစ်ယောက်ကို သိက္ခာ လိုက်ချနေတာမျိုးကို ရပ်တန်းက ရပ်ဖို့ ပြောချင်ပါတယ်" လို့ ရေးသားထားပါတယ်။

    အဆိုတော် နိုဗန်ထူး ရေးသားထားတဲ့ အကြောင်းအရာကို ဒီမှာ ဖတ်ပါ။

    အဆိုတော် ရေမွန်နဲ့ ပတ်သက်ပြီး သတင်းအမှားဖြန့်တဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို Boom Myanmar က ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီ ထောက်ခံသူ၊ မဘသ အဖွဲ့ဝင်တွေရဲ့ ဖေ့စ်ဘွတ်အကောင့်တွေ ဖြစ်တာကို တွေ့ရပြီး သတင်းအမှားတွေဖြန့်ကာ ဝါဒဖြန့်နေတာကို တွေ့ရပါတယ်။

    Tags

    False newsIdiot BandRaymonassassinatedEAOsCoupMilitaryအဆိုတော်ရေမွန်သတင်းအမှား
    Read Full Article
    Claim :   စစ်ကောင်စီထောက်ခံသူတွေ ရေးသားဖြန့်ဝေနေတဲ့ Idiot Band က အဆိုတော် ရေမွန်ကွယ်လွန်တာဟာ လက်နက်ကိုင်နယ်မြေမှာ လုပ်ကြံခံရတာလို့ ရေးသားဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!