BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရန်ကုန်တစ်မြို့လုံး အနီရောင်...
သတင်းအတု

ရန်ကုန်တစ်မြို့လုံး အနီရောင် အဆင့်ဖြစ်ပြီး အမှတ် ၈၂ တပ်ရင်း ပြာကျသွားတယ်ဆိုတဲ့ သတင်းအမှား

ရန်ကုန်တစ်မြို့လုံး အရေးပေါ်အခြေအနေ အနီရောင်အဆင့် ဖြစ်ကာ အမှတ် ၈၂ တပ်ရင်း ပြာကျသွားတယ်ဆိုတဲ့ လို့ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတစ်ခုဒီရက်ပိုင်းထဲပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  18 May 2022 10:03 PM IST
  • ရန်ကုန်တစ်မြို့လုံး အနီရောင် အဆင့်ဖြစ်ပြီး အမှတ် ၈၂ တပ်ရင်း ပြာကျသွားတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို သတင်းစုံဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၁၄ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး "တပ်ရင်း ၈၂ ပြာကျပြီဟေ့" လို့ ရေးသားကာ Website တစ်ခုရဲ့ Share ထားပါတယ်။ အဆိုပါ ဝဘ်ဆိုဒ်ရဲ့ သတင်းထဲမှာ "ရန်ကုန်တစ်မြို့လုံး အနီရောင်အဆင့်၊ အမှတ် ၈၂ တပ်ရင်း ပြာကျ၊ အနီရောင်အဆင့် အရေးပေါ်ပြီ" လို့ ရေးသားထားပါတယ်။ ၎င်း Link ဝင်ရောက်ကြည့်ရင်တော့ Website တစ်ခုထဲကို ရောက်သွားပြီး ၎င်း ဝက်ဘ်ဆိုက်ထဲမှာ Video တစ်ပုဒ် YouTube Video တစ်ပုဒ်ရဲ့ Link ကို တင်ထားပါတယ်။ အဆိုပါ Video ဟာ ၁၂ မိနစ်နဲ့ ၄၄ စက္ကန့် ကြာမြင့်ပြီး အထဲမှာ သတင်း ၅ ပုဒ်ကို နောက်ခံအသံရွတ်ဆိုပြီး ပြုလုပ်ဖြန့်ဝေထားတာ ဖြစ်ပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအကြောင်းအရာကို like လုပ်ထားသူ ၄ သောင်းကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၉၀၀ နီးပါးရှိကာ တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေနဲ့ လူများတဲ့ Group တွေထဲ ဖြန့်ဝေထားပါတယ်။ YouTube ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှု့သူ ၁ သောင်းနီးပါး ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    အမှတ် ၈၂ တပ်ရင်း ပြာကျပြီး ရန်ကုန်မြို့ အနီရောင်အဆင့် အရေးပေါ်အခြေအနေ ဖြစ်နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    နန်းထိုက်အောင် စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မင်္ဂလာဒုံမြို့နယ်က အမှတ် ၈၂ တပ်ရင်းကို မေလ ၁၄ ရက်နေ့ မနက် ၅ နာရီခန့်မှာ ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Yangon Federal Army-(YFA) က ၄၀ မမ လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် စစ်သား ၂ ယောက်သေပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းပေးသူထံက သိရကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ အခု သတင်းအမှားထဲမှာ ရေးသားထားသလို အမှတ် ၈၂ တပ်ရင်း ပြာကျပြီး ရန်ကုန်မြို့အရေးပေါ် အခြေအနေ ဖြစ်နေတယ်ဆိုတာ မဟုတ်ပါဘူး။

    အမှတ် ၈၂ တပ်ရင်းကို ရန်ကုန်မြို့ပျောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့တဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

    ဒီသတင်းအမှားထဲမှာ Video ထဲမှာတော့ ရေးသားထားတဲ့ အကြောင်းအရာ မပါဝင်ဘဲ တစ်ခြားသတင်း ၅ ပုဒ်သာ ပါဝင်တယ်။ ၎င်း Video ထဲမှာ ပါဝင်တဲ့ သတင်းတွေကတော့ "နန်းထိုက်အောင် စစ်ဆင်းရေး စစ်ရေးပစ်မှတ်အဖြစ်နဲ့ မင်္ဂလာဒုံ တပ်ရင်း အမှတ် ၈၂ ကို တိုက်ခိုက်တဲ့သတင်း၊ မြန်မာ့သတင်းကို အမေရိကန် အာဆီယံပူးတွဲကြေငြာချက် ကောက်နုတ်ချက်ဆိုတဲ့သတင်း၊ NUG ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို မြန်မာစစ်ကောင်စီက ဝေဖန်ဆိုတဲ့ သတင်း၊ မိုးဗြဲက ခမရ ၄၂၂ တပ်ရင်း က ကင်းပုန်းဝပ် စစ်ကောင်စီတပ်သားတွေကို PDF က တိုက်ခိုက်ခဲ့တဲ့ သတင်း၊ ရုရှားကုန်တင်သင်္ဘော LADY MARIIA သီလဝါဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး စစ်လက်နက်ပစ္စည်း တန်ချိန် ၂၀၀ ကျော်လာချ၊ ဒုဗိုလ်မှူးကြီး ဦးဆောင်ပြီး နံနက်အစော နှင့် ည ၁၂ နာရီကျော်ချိန် နှစ်ကြိမ်ခွဲ ခိုးကြောင်ခိုးဝှက် သယ်ယူ ဆိုတဲ့ သတင်းတွေသာ ပါဝင်ပါတယ်။

    ဒီသတင်းအမှားဖြန့်တဲ့အဖွဲ့ဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေကို လိမ်ညာရေးသားထားပြီး ဝင်ရောက်ကြည့်ရှု့သူ များလာတဲ့အခါ ကြော်ငြာတွေရရှိပြီး ၎င်းကနေ ဝင်ငွေရှာနေတဲ့ အဖွဲ့တွေသာ ဖြစ်ပါတယ်။

    Tags

    False newsa state of emergencyအနီရောင်အဆင့်သတင်းအမှားClickbait
    Read Full Article
    Claim :   ရန်ကုန်တစ်မြို့လုံး အနီရောင်အဆင့်၊ အမှတ် ၈၂ တပ်ရင်း ပြာကျ
    Claimed By :  facebook, YouTube, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!