BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • ပြင်ဦးလွင်မြေကွက်ပြသနာ...
      သတင်းအတု

      ပြင်ဦးလွင်မြေကွက်ပြသနာ ငွေငါးထောင်သာဒဏ်ရိုက်တယ်ဆိုတဲ့ သတင်းအမှား

      ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း အကွက်ရိုက် မြေကွက်ရောင်းသွားသူတွေကို ဒဏ်ငွေ ငါးထောင်သာ ပေးဆောင်စေခဲ့တယ်ဆိုတဲ့ရေးသားဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

      By - Boom Live Myanmar |
      Published -  11 Jan 2021 1:00 PM IST
    • ပြင်ဦးလွင်မြေကွက်ပြသနာ ငွေငါးထောင်သာဒဏ်ရိုက်တယ်ဆိုတဲ့ သတင်းအမှား

      မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း ကျူးကျော်ပြီး မြေကွက်များရိုက်ကာ ရောင်းချသွားသူတွေကို သစ်တောဥပဒေအရ တရားစွဲကာ ဒဏ်ငွေ ငါးထောင်သာ ပေးဆောင်စေခဲ့တဲ့အတွက် ဝယ်ယူထားသူတွေ နစ်နာကြောင်း ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

      ဒီသတင်းကို Knight News ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေသူ နှစ်ထောင့်ခုနှစ်ရာကျော် ရှိနေပါတယ်။

      Knight News ဆိုတဲ့ ဝက်ဘ်ဆိုက်က သတင်းကိုပြန်လည် ဖြန့်ဝေထားတဲ့ ဒီသတင်းထဲမှာ "တရားစွဲခံရပေမယ့် ဒဏ်ငွေ ငါးထောင်သာပေးဆောင်ခဲ့ရတဲ့ မေမြို့က အကွက်ရိုက် ဂျင်းထည့် မြေကွက်ရောင်းသွားသူတွေ" လို့ ခေါင်းစဉ်တပ်ထားပြီး အတွင်းမှာ "အများပြည်သူ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် သတိပေးဆိုင်းဘုတ် စိုက်ထူကာ အကွက်ရိုက် ရောင်းချသူတွေကို စိစစ်ဖော်ထုတ် အရေးယူရန် ဆောင်ရွက်တာဖြစ်တယ်လို့ ပြင်ဦးလွင်ခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ထွန်းက ပြောဆိုကြောင်း၊ စတင်လုပ်ဆောင်စဉ်ကတည်းက လုပ်ထုံးလုပ်နည်းအရ သတိပေးစာပေးကြောင်း၊ မလိုက်နာပဲ ဆက်လက်လုပ်တဲ့အတွက် တရားစွဲရခြင်းဖြစ်ကြောင်း၊ ၁၉၉၂ ဥပဒေအရ ဒဏ်ငွေ ငါးထောင်ဆောင်ပြီး ဆက်လုပ်ချင်ကြခြင်းသာဖြစ်ေကြောင်း" နဲ့ တခြားနောက်ခံ သမိုင်းအကြောင်းအရာ အနည်းငယ်နဲ့ သတင်းလုပ်ထားတာ ဖြစ်ပါတယ်။

      ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      ဒီသတင်းဟာ သစ်တောဦးစီးဌာနရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ "သစ်တောကြိုးဝိုင်း မကျူးကျော်ရ" ဆိုတဲ့ ကြေညာချက် နဲ့ဆောက်လက်စမြေကွက်တွေကဓါတ်ပုံတွေ ဖော်ပြပြီးနောက်မှာ ထွက်လာခဲ့တာပါ။

      သစ်တောဦးစီးဌာနအနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း ခြံခတ်မြေကွက်ရောင်းမှုတွေကို ဖော်ထုတ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့တာပါ။


      ဒီကြေညာချက်ကြောင့် သစ်တောဦးစီးဌာနကို ဝေဖန်ပြစ်တင်မှုအများအပြားရှိခဲ့ပြီး ကောလဟလ သတင်းအများအပြားလည်း ထွက်ပေါ်နေပါတယ်။ သစ်တောဦးစီးဌာနရဲ့ ကြေညာချက်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ရေးသားဖြန့်ဝေနေမှုတွေမှာ ပါတဲ့ ၁၉၉၂ ဥပဒေအရ ဒဏ်ငွေ ငါးထောင်ပေးဆောင်စေတယ်ဆိုတဲ့ နေရာမှာ လက်ရှိ သစ်တောဥပဒေကို ပြည်ထောင်စုလွှတ်တော်ကနေ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့က အသစ်ပြဌာန်းထားတာဖြစ်ပြီး ၁၉၉၂ ခုနှစ်၊ သစ်တောဥပဒေကို ယင်းဥပဒေသစ်နဲ့ ရုပ်သိမ်းလိုက်ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


      သမ္မတရုံးဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ၂၀၁၈ ခုနှစ်က အသစ်ပြဌာန်းလိုက်တဲ့ သစ်တောဥပဒေရဲ့ အခန်း (၁၂)၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ ဆိုတဲ့ အခန်းမှာ ရေးထားတာက မည်သူမဆို သစ်တောနယ်မြေအတွင်း ကျူးကျော်ဝင်ရောက် အခြေချနေထိုင်ခြင်း၊ ခွင့်ပြုမိန့်မရှိဘဲ သစ်တောနယ်မြေအတွင်း ပျက်စီးစေရန် တမင်ရည်ရွယ်ချက်ဖြင့် ခုတ်ထွင်ခြင်း၊ ရှင်းလင်းခြင်း၊ တူးဆွခြင်း (သို့မဟုတ်) မူလအနေအထားကို ယိုယွင်းစေလျှင် ထိုသူကို တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံစေရမယ်လို့ ပြောင်းလဲထားပါတယ်။


      သစ်တောဥပဒေဟောင်းနဲ့ ဥပဒေသစ်တွေကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      ဒါကြောင့် သစ်တောဦးစီးဌာန အနေနဲ့ ကျူးလွန်သူတွေကို အရေးယူမယ်ဆိုပါက ၁၉၉၂ ခုနှစ် သစ်တောဥပဒေနဲ့ အရေးယူမှာ မဟုတ်ပဲ ၂၀၁၈ ခုနှစ်က အသစ်ပြဌာန်းထားတဲ့ ဥပဒေသစ်နဲ့သာ အရေးယူသွားမှာဖြစ်ပါတယ်။လက်ရှိအချိန်ထိပြင်ဦးလွင်က အဆိုပါမြေယာပြသသနာဟာ အငြင်းပွားမှုသာရှိနေသေးပြီး ရောင်းချထားသူတွေဟာ တိမ်းရှောင်နေကြသလို အရေးယူပြီးတဲ့အဆင့်ကိုမရောက်သေးဘူးဖြစ်ပါတယ်။

      Tags

      land disputeတရားမဝင် မြေရောင်းသစ်တောဥပဒေသစ်တောဦးစီးဌာနForestForest Law
      Read Full Article
      Claim :   ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း အကွက်ရိုက် မြေကွက်ရောင်းသွားသူတွေကို ဒဏ်ငွေ ငါးထောင်သာ ပေးဆောင်စေခဲ့တယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!