BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တတိယ ကမ္ဘာစစ်စပြီလို့ ပူတင်မပြောပါ
သတင်းအတု

တတိယ ကမ္ဘာစစ်စပြီလို့ ပူတင်မပြောပါ

တတိယကမ္ဘာစစ် အမှန်တကယ်စတင်ပြီဖြစ်ကြောင်း ရုရှသမ္မတပူတင် ကြေညာလိုက်တယ်လို့ ရေးသားဖြန့်ဝေတဲ့အကြောင်းအရာအမျာအပြား ပြည်တွင်းလူမှုကွန်ရက်အကောင့်တွေကနေပျံ့နှံ့လျက်ရှိပါတယ်။

By - Boom Live Myanmar |
Published -  21 April 2022 10:16 AM IST
  • တတိယ ကမ္ဘာစစ်စပြီလို့ ပူတင်မပြောပါ

    ဒီသတင်းကို ဧပြီလ ၁၇ ရက်နေ့က စတင်ဖြန့်ဝေနေကြတာဖြစ်ပြီး UNILAD သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းဓါတ်ပုံကို အသုံးပြုကာ ပူတင်က တတိယကမ္ဘာစစ် စပြီလို့ပြောထားကြောင်း ရေးသားဖြန့်ဝေနေတာပါ။

    တကယ်တော့ ဒီအကြောင်းအရာဟာ ရုရှားရေတပ်ရဲ့ စစ်သင်္ဘောတစ်စီး နစ်မြုပ်သွားပြီးတဲ့နောက် ရုရှားအစိုးရပိုင် မီဒီယာ Russia 1 သတင်းဌာနရဲ့ အစီအစဉ် ကြေညာသူက တတိယကမ္ဘာစစ် စတင်နေပြီလို့ ပြောဆိုရာကစပြီး လူမှုမီဒီယာတွေပေါ် ပျံ့နှံ့လာတာဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဖြန့်ဝေနေတဲ့ UNILAD သတင်းဌာနရဲ့ ဓါတ်ပုံထဲမှာ ရေးသားထားတာမှာလည်း ရုရှားအစိုးရပိုင် ရုပ်သံက ကြေညာတယ်လို့သာ ရေးသားထားတာပါ။ ဒီအချက်ကို ပူတင်ကတိုက်ရိုက် ပြောဆိုတယ်လို့ ရေးသားဖော်ပြထားခြင်းမရှိပါဘူး။ ဒီအကြောင်းအရာဟာ ရုရှားမီဒီယာရဲ့ အာဘော်သာ ဖြစ်ပါတယ်။ ရုရှား- ယူကရိန်းအရေးကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား စစ်ရေးတင်းမာမှုတွေရှိနေပေလက်လက်ရှိအခြေအနေကြောင့် တတိယကမ္ဘာစစ်စပြီဆိုတဲ့အချက်ကို ပူတင်အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေက ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါဘူး။ ရုရှားရေတပ်ရဲ့ ခရုစ်ဒုံးကျည်တင် စစ်သင်္ဘော Moskva နစ်မြုပ်အပြီးမှာ ရုရှနိုင်ငံပိုင် မီဒီယာတွေကနေ ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုမှုတွေ ရှိနေတဲ့အထဲ Russia 1 ရဲ့ ရုပ်သံအစီအစဉ်တင်ဆက်သူ Olga Skabeyava က ပြောဆိုခဲ့ခြင်းသာဖြစ်ပါတယ်။


    တတိယကမ္ဘာစစ် စတင်နေပြီလို့ ပြောကြားချက်ဟာ သတင်းဌာနရဲ့ အာဘော်သက်သက်သာဖြစ်ပြီး သမ္မတပူတင် ပြောဆိုထားတာမျိုး မရှိပါဘူး။ မူရင်းသတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Fakenewsတတိယကမ္ဘာစစ်World War IIIပူတင်ကြေညာခရုစ်ဒုံးကျည်တင် စစ်သင်္ဘောMoskvaRussia 1ရုရှသမ္မတပူတင်ရုရှားအစိုးရပိုင် ရုပ်သံRussian State TVUkraine war
    Read Full Article
    Claim :   တတိယကမ္ဘာစစ် အမှန်တကယ်စတင်ပြီဖြစ်ကြောင်း ရုရှသမ္မတပူတင် ကြေညာ
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!