BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဆန္ဒပြသူတွေ ငွေရတယ်ဆိုတဲ့...
သတင်းအတု

ဆန္ဒပြသူတွေ ငွေရတယ်ဆိုတဲ့ ဝါဒဖြန့်သတင်း

လူမှုကွန်ယက်ပေါ်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြနေသူတွေဟာ တစ်ရက် ၁၀၀၀၀ ရတယ်လို့ ရေးထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  26 March 2021 10:28 AM IST
  • ဆန္ဒပြသူတွေ ငွေရတယ်ဆိုတဲ့ ဝါဒဖြန့်သတင်း

    အဆိုပါ ဝါဒဖြန့် သတင်းအမှားကို Than Toe Aung - သန်းတိုးအောင် ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၁၂ ရက်နေ့မှာ ရေးတင်ထားတာ ဖြစ်ပြီး ၎င်းရေးသားမှုကို မူရင်းအတိုင်း ဖော်ပြရရင် "လူငယ်များမှ ဝန်ခံချက်...MWD ဆန္ဒပြရာတွင် နိုင်ငံရေး အကြောင်း သိပ်နားမလည်ဘဲ အပျော် သဘောဖြင့်သာ လိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်ချို့ တစ်ရက် (၁၀၀၀၀) ရခဲ့ကြောင်း၊ နောက်ထပ် ထပ်မထွက်ပါနဲ့တော့လို့ အချင်းချင်း တိုက်တွန်းလိုက်တဲ့ G-Zတွေပါ" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားမှုကို ဒီမှာ ကြည့်ပါ။

    အဆိုပါ ဝါဒဖြန့် သတင်းကို Like လုပ်ထားသူ ၃၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ နီးပါးရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Than Toe Aung ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးထားတဲ့ ဆန္ဒပြရင် ၁ ရက် တစ်သောင်းရတယ်ဆိုတဲ့ အကြောင်းအရာဟာ လုပ်ကြံဖြန့်ဝေထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။

    စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ နှစ်လနီးပါးကြာမြင့်လာတဲ့အထိ နိုင်ငံတစ်ဝှမ်းမှာရှိနေပြီး ဒီအကြောင်းအရာဟာ စစ်အာဏာရှင်တွေစွပ်ဆွဲလေ့ရှိတဲ့ ဝါဒဖြန့်အချက်အလက်တစ်ခုဖြစ်ပါတယ်။
    နိုင်ငံတဝှမ်းက ဆန္ဒပြပြည်သူတွေနဲ့ပတ်သက်ရင် ငွေကြေးရလို့ လမ်းပေါ်ထွက်တယ်၊ NLD ကမြှောက်ပင့်လို့ ဆန္ဒပြတယ်၊ ဆန္ဒပြသူတွေဟာ NLD ထောက်ခံအားပေးသူတွေဖြစ်တယ်ဆိုတဲ့ အချက်အလက်အမှားတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေနဲ့အကောင့်တွေမှာ အစဉ်တစိုက်ဖြန့်ဝေနေလေ့ရှိပါတယ်။

    တကယ်တော့ ဒီလိုဖြစ်စဉ်တွေက စစ်ကောင်စီက အာဏာမသိမ်းမီမှာ ပြုလုပ်ခဲ့တဲ့အခြေအနေသာဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ အာဏာရှင်လက်ပါးစေတွေကိုငွေပေးပြီးစေခိုင်းခဲ့တဲ့ အထောက်အထားတွေပျံ့နှံ့ခဲ့ဖူးပါတယ်။ လက်ရှိ အာဏာသိမ်းဖြစ်စဉ်တွေကို ဆန့်ကျင်တဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေနဲ့ပတ်သက်ရင် အဲ့လို ငွေကြေးပေးတဲ့အထောက်အထားတွေမရှိသလို၊ အာဏာရှင်ဆန့်ကျင်ရေးအောင်မြင်စေဖို့ ပစ္စည်းဆေးဝါးနဲ့၊ အကြမ်းဖက်တဲ့အခါကာကွယ်ဖို့ကူညီနဲ့ တကိုယ်ရေသုံးလုံခြုံရေးပစ္စည်းတွေဖြန့်ဝေမှုတွေသာရှိနေတာဖြစ်ပါတယ်။

    စစ်အစိုးရက သိမ်းယူထားတဲ့ MRTV နဲ့ MWD TV Channel တွေမှာဒီလိုအချက်အလက်အမှားတွေကို အသုံးပြုပြီး ကြေငြာဖြန့်ဝေတဲ့ကြေငြာချက်တွေ၊ ရုပ်သံဇာတ်လမ်းတွေကိုလည်း ဆက်တိုက်ဖြန့်ဝေနေတာဖြစ်ပြီး ဒါတွေနဲ့ပတ်သက်လို့ ငွေတစ်သောင်းစီပေးတယ်ဆိုတဲ့အထောက်အထားတွေကိုတော့ အာဏာသိမ်းအစိုးရကထုတ်ပြနိုင်ခြင်းတော့မရှိသေးပါဘူး။

    Tags

    False newsprotestersget moneyCoupprotestingသတင်းအတုဝါဒဖြန့်သတင်း
    Read Full Article
    Claim :   Than Toe Aung ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ လက်ရှိဆန္ဒပြသူတွေဟာ ၁ ရက် ၁၀၀၀၀ သောင်းရတယ်ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်လို့ Boom Myanmar က ဆန်းစစ်ထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!