BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • အကျဉ်းသား ကိုးထောင်ကျော်...
      သတင်းအတု

      အကျဉ်းသား ကိုးထောင်ကျော် လွှတ်ပေးတယ်ဆိုတဲ့ သတင်းအမှား

      သတင်းကျွတ်ကာအ အထိမ်းအအှတ်အဖြစ် အကျဉ်းသား ၉၀၀၀ ကျော် လွတ်လာပြီဆိုပြီး ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာတွေ သတင်းအမှားသာ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  11 Oct 2022 6:05 PM IST
    • အကျဉ်းသား ကိုးထောင်ကျော် လွှတ်ပေးတယ်ဆိုတဲ့ သတင်းအမှား

      ဒီသတင်းအမှားကို အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းမှာ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ 'အချက်အလက်အစစ်အမှန်' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး သတင်းမှားဖြန့်ဝေနေတဲ့ အခြားဖေစ့်ဘွတ်ပေချ့်တွေကလည်း ထပ်မံဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ 'အကျဉ်းသားများ လွှတ်ပေးနေဟု တပ်ချုပ်ကြေညာ' လို့ ရေးသားဖြန့်ဝေထားတာပါ။ ဗွီဒီယိုဖိုင်ရဲ့ ကာဗာမှာတော့ 'လပြည့်နေ့ အကျဉ်းသား ၉၀၀၀ ကျော် လွတ်လာပြီ' လို့လည်း ရေးသားထားပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      လပြည့်နေ့မှာ အကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့ သတင်းမျိုးဟာ အချိန်ကိုက်ဖြစ်ပြီး လူစိတ်ဝင်စားမှု များတဲ့အတွက် ထပ်ဆင့်ဖြန့်ဝေမှု အများအပြားရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      လပြည့်နေ့မှာ အကျဉ်းသား ၉၀၀၀ ကျော် လွတ်တယ်ဆိုပြီးဖြန့်ဝေနေတာတွေဟာ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ အကျဉ်းသား ၉၀၀၀ ကျော် လွတ်တယ်ဆိုတဲ့ သတင်းကို ယုံကြည်စိတ်ချရတဲ့ မည်သည့် သတင်းဌာနတွေမှာမှ ဖော်ပြထားတာ မရှိသလို စစ်ကောင်စီကလည်းကြေငြာထားတာမရှိပါဘူး။

      ခုဖြန့်ဝေမှုမှာပါတဲ့ ဗွီဒီယိုဖိုင်ကို ဝင်ကြည့်ရင် အကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့ အကြောင်းအရာ တခုမှပါဝင်ခြင်းမရှိပဲ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးထားတဲ့ "မသောက်မိသောမိုးခါးရေ" ဆိုတဲ့ တော်လှန်ရေးရုပ်ရှင်အကြောင်း ပြောဆိုနေတဲ့ အသံဖိုင်ကို နောက်ခံအနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

      ဒီဖေ့စ်ဘွတ်ပေ့ချ်တွေမှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် ဖန်တီး ဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။

      Tags

      prisoners releasedအကျဉ်းသား ၉၀၀၀ ကျော်လွတ်Military coupClickbaitsFakenewsFake Page
      Read Full Article
      Claim :   အကျဉ်းသားတွေ လွှတ်ပေးနေတယ်လို့ တပ်ချုပ်ကြေညာကာ အကျဉ်းသား ၉၀၀၀ ကျော် လွတ်လာပြီလို့ဆို
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!