BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သူရဦးအောင်ကို...
သတင်းအတု

သူရဦးအောင်ကို ယာဉ်မတော်တဆဖြစ်တယ်ဆိုတဲ့ သတင်းအမှား

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို စီးနင်းလိုက်ပါလာတဲ့ ကား နေပြည်တော် လွှတ်တော်အဝင်လမ်းဘေး ပလက်ဖောင်းအား အရှိန်ဖြင့်ဝင်တိုက်မိပြီး ဝန်ကြီး မေးရိုးကြိုးသွားတယ် ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေပါတယ်။

By - Boom Live Myanmar |
Published -  30 Jan 2021 6:22 PM IST
  • သူရဦးအောင်ကို ယာဉ်မတော်တဆဖြစ်တယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို မင်းကိုကိုဦး ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ ရေးသားထားရာမှာ " သာသနာရေးဝန်ကြီး သာ/ဝန် သူရဦးအောင်ကို

    စီးနှင်းလိုက်ပါလာတဲ့ ကား ၊ ကားသမား အရက်အမူးလွန်ပြီး နေပြည်တော် လွှတ်တော်အဝင်လမ်းဘေး ပလက်ဖောင်းအား အရှိန်ဖြင့်ဝင်တိုက်မိရာ သာ/ဝန်ကြီး မေးရိုးကြိုး သွားသည်လို့ သိရ၊ ကားသမား ထောင်ထဲ ရောက်သည်တဲ့ ဗျာ။ ဘာသာ သာသနာစော်ကားနေတော့ အဲဒါ အစပျိုးတော့တာပါ။ မြဝတီ နဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေး" ဆိုပြီး ရေးသားထားတာပါ။ ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်းနဲ့ ပတ်သက်ပြီး စစ်ဆေးကြည့်ရာမှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုဟာ နေပြည်တော်၊ သံဝေဇနိယ လေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီဌာနကို ဇန်နဝါရီလ ၂၇ ရက်နေ့က သွားရောက်ဖူးမြော်ခဲ့ပြီး နွေရာသီ ဆည်ရေရရှိမှု အခက်အခဲမရှိစေရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ MRTV သတင်းဌာနရဲ့ Youtube ချန်နယ်မှာ ဖော်ပြထားပါတယ်။

    သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် ပျံ့နှံ့နေတဲ့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကားမတော်တဆဖြစ်ပြီး မေးရိုးကျိုးတယ်ဆိုတဲ့ ရေးသားဖြန့်ဝေနေမှုတွေဟာ သတင်းမှားပဲ ဖြစ်ပါတယ်။

    Tags

    Car accidentprime ministerကားမတော်တဆမှုUnion Minister for Ministry of Religious AffairsFake news
    Read Full Article
    Claim :   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန, ပည်ထောင်စုဝန်ကြီး သူရဦးအောင်ကို, သံဝေဇနိယ လေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီ, နေပြည်တော်,
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!