BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • US က အီရန်ကို တိုက်ခိုက်ခဲ့ရင်...
သတင်းအတု

US က အီရန်ကို တိုက်ခိုက်ခဲ့ရင် ရုရှားက အီရန်ကို ကူညီမယ်ဆိုတဲ့ သတင်းအမှား

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ အီရန်အပေါ် လုပ်ဆောင်ခဲ့ရင် ၄င်းတို့အနေနဲ့ အီရန်အပေါ် ကူညီပေးမယ်လို့ ရုရှားသမ္မတက ပြောထားတယ်ဆိုတဲ့ သတင်းအမှား တစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  19 April 2024 10:04 PM IST
  • US က အီရန်ကို တိုက်ခိုက်ခဲ့ရင် ရုရှားက အီရန်ကို ကူညီမယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို နိုင်ငံတကာက ဆိုရှယ်မီဒီယာ အသုံးပြုတွေက ဖြန့်ဝေထားကြတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ အီရန် သမ္မတနဲ့ ရုရှား သမ္မတလက်ဆွဲနုတ်ဆက်နေတဲ့ ဓါတ်ပုံကို သုံးထားပြီး ဓါတ်ပုံနဲ့အတူ Breaking news လို့ တပ်ထားက “အမေရိကန်က အစ္စရေးကို ပံ့ပိုးတဲ့အနေနဲ့ အီရန်ပိုက်နက်ထဲကို တိုက်ခိုက်မှု ပြုခဲ့ပါက ရုရှားနိုင်ငံအနေဖြင့် အီရန်ကို ထောက်ပံ့သွားမယ်လို့ သမ္မတပူတင်က ကြေညာခဲ့တယ်” လို့ English ဘာသာနဲ့ ရေးသားဖြန့်ဝေထားကြပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို Threads လူမှုကွန်ယက်နဲ့ Instagram တို့အပြင် ဖေစ့်ဘွတ်စာမျက်တွေမှာ ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေ အီရန်အပေါ် လုပ်ဆောင်ခဲ့ရင် ၄င်းတို့အနေနဲ့ အီရန်အပေါ် ကူညီပေးမယ်လို့ ရုရှားသမ္မတက ပြောထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ နားလည်မှု လွဲမှားပြီး ဖြန့်ဝေနေကြတဲ့ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။

    အစ္စရေးက ဆီရီးယားနိုင်ငံအတွင်းက အီရန်ကောင်စစ်ဝန် ရုံးကို တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက် အီရန်က အစ္စရေးနိုင်ငံအတွင်းကို ဒုံးကျည် အစင်း ၃၀၀ ကျော်နဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို အစ္စရေးက ၉၉ ရာခိုင်နှုန်းကျော် ကာကွယ်နိုင်ခဲ့တယ်လို့ ပြောထားပါတယ်။

    ဧပြီလ ၁၆ ရက်နေ့မှာ ရုရှားသမ္မတ ပလာဒီမာပူတင်က အီရန်သမ္မတ Ebrahim Raisi နဲ့ တယ်လီဖုန်း ပြောကြားခဲ့ပါတယ်။ သမ္မတ ပူတင်က အီရန်နဲ့ အစ္စရေးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ရင် ဒေသတွင်း အခြေအနေတွေ ပိုမိုဆိုးရွားလာစေနိုင်တဲ့အတွက် ထိပ်တိုက်တွေ့မှုတွေကို ရှောင်ရှားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ပြောထားပါတယ်။

    အီရန် သမ္မတနဲ့ ပူတင်တို့ ဖုန်းပြောခဲ့တဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    ပူတင်နဲ့ အီရန်ခေါင်းဆောင်တို့ ဖုန်းပြောကြားမှုနဲ့ ပတ်သက်ပြီး အီရန်အပေါ် ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားဖို့သာ ပြောထားပြီး အမေရိကန် ရဲ့ တိုက်ခိုက်မှုတွေ ရုရှားက အီရန်ကို စစ်ရေးအရ ပံ့ပိုးပေးမယ်ဆိုတာတွေ မပါဝင်သလို ရုရှားနိုင်ငံရဲ့ မည်သည့် တရားဝင် Website မှာမှ ထုတ်ပြန်ထားတာ မရှိပါဘူး။ ဖုန်းပြောဆိုမှုကို နားလည်မှု လွဲမှားစွာ ဖြန့်ဝေရာမှ ပျံ့နှံ့လာတဲ့ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။

    Tags

    False newsPresident PutinRussiaIranIsraelthe United Statesသတင်းအမှားအီရန်အစ္စရေးရုရှားအမေရိကန်
    Read Full Article
    Claim :   အမေရိကန်က အီရန်ကို တိုက်ခိုက်ခဲ့ရင် ရုရှားက အီရန်ကို ကူညီမယ်လို့ သမ္မတပူတင်ပြော
    Claimed By :  Threads
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!