BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒေါ်ညိုညိုသင်းနဲ့ နှင်းဆီပါတီကိစ္စ...
သတင်းအတု

ဒေါ်ညိုညိုသင်းနဲ့ နှင်းဆီပါတီကိစ္စ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ တနင်္သာရီတိုင်းကနေ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာဒေါ်ညိုညိုသင်းအပေါ် နိုင်ငံရေးအရ တိုက်ခိုက်ထားတဲ့ သတင်းအမှား တစ်ချို့ ပျံ့နှံ့နေပါတယ်။

By - Boom Live Myanmar |
Published -  3 Oct 2020 9:31 AM IST
  • ဒေါ်ညိုညိုသင်းနဲ့ နှင်းဆီပါတီကိစ္စ သတင်းအမှား

    အဆိုပါ သတင်းအမှားထဲမှာ ဒေါ်ညိုညိုသင်းဟာ နှင်းဆီပါတီကို ရောက်သွားပြီလို့ ရေးသားဖော်ပြထားကြပြီး နိုင်ငံရေးအရ ဝါဒဖြန့်ချိတိုက်ခိုက်မှုများလည်း ပါဝင်နေပါတယ်။

    အဲ့ဒီ သတင်းအမှားကို စက်တင်ဘာလ (၃၀) ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာကို တွေ့ရပြီး ဒေါ်ညိုညိုသင်း ပါဝင်နေတဲ့ ဓါတ်ပုံ (၄) ပုံကို အသုံးပြူပြီး "မတ်မတ်ညိုတစ်ယောက် ပျောက်နေပါလားလို့ တွေးနေတာ လက်စသတ်တော့ မတ်မတ်က ထောင်ပြေး တည်ထောင်ထားတဲ့ ပါတီကို ရောက်နေတာကိုး ရန်ကုန်မှာ ဂျင်းထဲ့လို့ မရမှန်းသိတော့ ထောင်ပြေးပါတီနဲ့ ပေါင်းပြီး နယ် တွေမှာ ဂျင်းလိုက်ထဲ့ဖို့ ကြိုးစားနေတာပေါ့လေ" ဆိုတဲ့ စာကို ရေးထားပါတယ်။ အဲ့ဒီ ဓါတ်ပုံတွေ အောက်မှာတော့ ဒေါ်ညိုညိုသင်းဟာ UDP ပါတီရဲ့ မဲဆွယ်ပွဲတွေမှာ ပါဝင်နေတယ်ဆိုတဲ့ စာတွေကို ရေးသားထားပါတယ်။

    ဒါ့အပြင် တချို့ဖေ့စ်ဘွတ်ပိုစ့်တွေမှာတော့ ညစ်ညမ်းစွာ ဆဲဆိုပြီး ဝေမျှထားတာကိုလည်း တွေ့ရပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဲ့ဒီသတင်းအမှားကို လက်ရှိအချိန်ထိ လူမှုကွန်ယက်ပေါ်မှာ ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာနဲ့ ထပ်ဆင့်ဝေမျှနေတာကို တွေ့ရပြီး လူပေါင်းများစွာအထိ ပျံ့နှံ့နေပါတယ်။


    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေကြတဲ့ တနင်္သာရီတိုင်းမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာဒေါ်ညိုညိုသင်းဟာ နှင်းဆီပါတီကို ရောက်သွားပြီ ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ ကာယကံရှင် ဖြစ်သူကို Boom Myanmar က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    ဒီလို ရေးသားဖြန့် ဝေထားတာနဲ့ ပတ်သက်ပြီး ဒေါက်တာဒေါ်ညိုညိုသင်းက "အဲ့ဒါက မဟုတ်ပါဘူး။ ဒီမှာ အရမ်းဝေးတဲ့ ဒေသတွေကို မဲဆွယ်စည်းရုံးရေး သွားလို့ ရှိရင် ဒီက ဒေသခံ ပါတီတွေက လိုက်ပေးတယ်။ အဲ့မှာ NLD ဗိုလ်ချုပ်ကြေးရုပ်ကြီးကို ဆောက်ပေးတဲ့ NLD အမာခံကြီး၊ NLD ရုံးကို အခုဆောက်ပေးတဲ့ NLD အမာခံကြီးရယ် နှင်းဆီပါတီရယ် နောက်ထပ် အပြာသူ တစ်ယောက်လည်းရှိတယ်။ အဝါ ထောက်ခံသူ တစ်ယောက်လည်း ရှိတယ်။ သူတို့တွေက ကျွန်မနားမှာ အမြဲတမ်း ရှိတယ်။ အမြဲတမ်း ရှိတယ်ဆိုတာက အဝေးကို သွားရင် လိုက်ကြတယ်။ ဒါကတော့ သူတို့ရဲ့ သဘောထားပဲလေ။ သူတို့ အပြာကြိုက်တာ၊ သူတို့ အဝါကြိုက်တာ၊ သူတို့ နှင်းဆီကြိုက်တာ သူတို့ရဲ့ သဘောထားပဲ ဖြစ်တယ်။ အဲ့တော့ ဒါပေမယ့် ကျွန်မက ဒေသခံမဟုတ်တဲ့ အတွက်ကြောင့်မို့လို့ ဒေသခံ သူတို့က ကျွန်မကို ဝန်းရံတယ်။ NLD ရဲ့ အမာခံကိုယ်တိုင်က ကျွန်မကို ဝန်းရံပြီးတော့ ပွဲတွေ စီစဉ်ပေးတယ်။ အဲ့ဒီတော့ ဒီနေ့ UDP ကိစ္စပေါ်တော့ ကျွန်မကို ရောက်ကတည်းက တိုက်ခိုက်ချင်နေတဲ့ အုပ်စုက ကျွန်မကို ဒီရွေးကောက်ပွဲမှာ စောင့်ကြည့်နေတာလေ။ စောင့်ကြည့်နေတဲ့ အခါကျတော့ ဒီတစ်ခေါက် UDP ကိစ္စလည်း ပေါ်လာရော အဲ့ဒီလူရဲ့ ဓါတ်ပုံကို ညှပ်ပြီးတော့ လုပ်တာ။ ဘေးနာမှာ လူတစ်ယောက်ရဲ့ ဓါတ်ပုံကို ဖျက်ထားတယ်။ အဲ့ဒီ အင်္ကျီအကွက်နဲ့က ဖျက်ထားတဲ့ သူက NLD အမာခံပုံ။ အဲ့ဒီမှာ သူတို့ရဲ့ ပုံကိုတော့ မထည့်ဘဲနဲ့ အဲ့ဒီလူနဲ့ ကျွန်မနဲ့ပဲ ပေါ်အောင် သေသေချာချာ လုပ်ပြီးတော့ အဲ့ဒီလို ကျွန်မကို တိုက်ခိုက်နေတာ" လို့ မူရင်းဓါတ်ပုံက NLD ပါတီထောက်ခံသူရဲ့ ဓါတ်ပုံကို ဖျက်ထုတ်ထားတဲ့ အကြောင်းကို အခုလို ပြောပြပါတယ်။


    အခုလို သတင်းအမှား ဖြန့်ချိ တာနဲ့ ပတ်သက်ပြီး " ဒီကိစ္စဟာ ကြာပြီ ကျွန်မ ဒီကို ရောက်ကတည်းက အခုဆို ၂ လ နီးပါးရှိပြီ။ ရောက်ကတည်းက စမဲဆွယ်ကတည်းက ပါတီစုံက လူတွေက ကျွန်မနောက်ကို လိုက်ပြီးတော့ သူတို့ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အစား ကျွန်မကို မဲပေးပါ ဆိုပြီးတော့ လိုက်ပြီးတော့ ပြောတာတွေ ရှိတယ်။ အဲ့ဒါကို သူများတွေ ပြောတာကို မပြောဘဲနဲ့ UDP ပြောတာကိုပဲ ထည့်ပြောပုံ ရတယ်။ အခုက UDP ကိစ္စဟော့နေတာကိုး။ ဟော့နေတဲ့အခါကျတော့ ဟော့နေတဲ့ issue နဲ့ ကပ်ပြီးတော့ လုပ်တာလေ" လို့ ဒေါက်တာဒေါ်ညိုညိုသင်းက Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။



    Tags

    False newspolitically attacksUDP partyDaw Nyo Nyo Thinဒေါ်ညိုညိုသင်းနှင်းဆီပါတီသတင်းအမှား
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေကြတဲ့ တနင်္သာရီတိုင်းမှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာဒေါ်ညိုညိုသင်းဟာ နှင်းဆီပါတီကို ရောက်သွားပြီ ဆိုတဲ့အကြောင်းအရာကို Boom Myanmar က ကာယကံရှင် ဖြစ်သူကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် ဆန်းစစ်ထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!