BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ပျက်ကျတိုက်လေယာဉ်မှူးကို...
သတင်းအတု

ပျက်ကျတိုက်လေယာဉ်မှူးကို အသက်ရှင်လျက် ပြန်တွေ့တယ်ဆိုတဲ့ သတင်းအမှား

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းက ရေမျက်ကြီးအင်းအတွင်း ပျက်ကျခဲ့တဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်မှူးကို အသက်ရှင်လျက် ပြန်လည် ကယ်တင်နိုင်ခဲ့တယ် ဆိုတဲ့ သတင်းအမှားဖြန့်ဝေမှု တစ်ချို့ရှိပါတယ်။

By - Boom Live Myanmar |
Published -  19 Feb 2022 7:58 PM IST
  • ပျက်ကျတိုက်လေယာဉ်မှူးကို အသက်ရှင်လျက် ပြန်တွေ့တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို Ko Ko Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့ခင်း ၃ နာရီ ၄၈ မိနစ်မှာ ရေးသားဖြန့်ဝေထာူတာ ဖြစ်ပြီး သတင်းအမှားထဲမှာ "ပျောက်ဆုံးနေတဲ့ ပိုင်းလော့ လေသူရဲ အသက်ရှင်လျက် ပြန်လည် ကယ်တင်နိုင်ခဲ့" လို့ ရေးသားထားပါတယ်။ နောက်ထပ် Kyaw Min Thu ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုက "ပျောက်ဆုံးနေတဲ့ ပိုင်းလော့ လေသူရဲ အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့ မိမိနိုင်ငံကိုကာကွယ်ပေးမဲ့ တပ်မတော်သားတွေကို တန်ဖိုးထားမြတ်နိုးလျက် ကူညီကယ်တင်ပေးခဲ့သော ရွာသူရွာသားပြည်သူများအား အထူးကျေးဇူးတင်ရှိပါကြောင်း" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    Ko Ko Kyaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ သတင်းအမှားကို Like လုပ်ထားသူ ၁၄၀၀ ကျော်နဲ့ မှတ်ချက်ရေးသားသူ ၂၀၀ နီးပါးနဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၀၀ ကျော် ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်မှူးကို အသက်ရှင်လျက်ပြန်တွေ့ခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရေမျက်ကြီးအင်းအတွင်း စစ်ကောင်စီတိုကလေယာဉ်တစ်စီး ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၁ နာရီဝန်းကျင်က ပျက်ကျခဲ့ပြီး စစ်ကောင်စီကလည်းအဆိုပါလေယာဉ်ဟာ လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။

    အဆိုပါ တိုက်လေယာဉ်ဟာ မန္တလေးတိုင်း တံတားဦးလေတပ်စခန်းမှ ပုံမှန် လေ့ကျင့်ပျံသန်းနေတဲ့ တိုက်ခိုက်ရေး လေယာဉ်တစ်စီး ဖြစ်ပြီး ရေမျက်ကြီးအင်းအတွင်း ပျက်ကျနေတာကို တွေ့ရှိခဲ့ရကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

    လေယာဉ်ပျက်ကျမှုနဲ့ အဆိုပါလေယာဉ်ကိုမောင်းနှင်တဲ့ စစ်ကောင်စီတိုက်လေယာဉ်မှုးသေဆုံးတဲ့ သတင်းနဲ့ပတ်သက်လို့ အနီးအနားကဒေသခံတွေနဲ့ မျက်မြင်တွေ့ရှိသူတွေကို ကိုးကားပြီး မြန်မာနောင်းသတင်းဌာနနဲ့ VOA သတင်းတို့က အတည်ပြုရေးသားထားသလို စစ်ကောင်စီဘက်ကလည်း အဆိုပါတိုက်လေယာဉ်မှူးဖြစ်သူ ဗိုလ်ကြီးဟိန်းထက်အောင် သေဆုံးခဲ့ကြောင်း အတည်ပြုထားပါတယ်။



    Tags

    False newspilotplane crashMilitary jetaliveCoupPDFသတင်းအမှားပျက်ကျတိုက်လေယာဉ်
    Read Full Article
    Claim :   ပျက်က တိုက်လေယာဉ်မှူးကို အသက်ရှင်လျက် ပြန်တွေ့
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!