BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဖြိုးဇေယျာသော် စစ်ကြောရေးမှာ...
သတင်းအတု

ဖြိုးဇေယျာသော် စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းအမှား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်ဟောင်း ဦးဖြိုးဇေယျာသော် စစ်ကြောရေးမှာ သေဆုံးတယ်ဆိုတဲ့သတင်းအမှားတွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  30 Nov 2021 8:03 PM IST
  • ဖြိုးဇေယျာသော် စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းအမှား

    ဒီဖြန့်ဝေမှုတွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းကတည်းကပြုလုပ်ခဲ့တဲ့ဖြစ်ပြီး ရေသားမှုတွေထဲမှာ "ဖြိုးဇေယျာသော် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၃နာရီ ၂၉ မိနစ်မှာ သေဆုံးတယ်လို့ စစ်ကြောရေး အရာရှိတဦး အတည်ပြုခဲ့ကြောင်း၊ မသေခင်မှာ အတော်လေး ခံစားသွားရပြီး အသုဘကိုတော့ အနုပညာရှင် များ လိုက်ပါ ပို့ဆောင်ခြင်း မပြုရန် စကစက တိုးတိုးတိတ်တိတ် မှာကြားထားတယ်လို့ အမည်မဖော်လိုသူ နီးစပ်ရာ အသိုင်းအဝိုင်း ကပြောကြားကြောင်း" ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်ဟောင်း ဦးဖြိုးဇေယျာသော် စစ်ကြောရေးမှာ သေဆုံးတယ်ဆိုတဲ့ သတင်းကို ယုံကြည်စိတ်ချရတဲ့ မီဒီယာအဖွဲ့အစည်းတွေမှာ ဖော်ပြထားခြင်း မရှိသလို စစ်ကောင်စီရဲ့ သတင်းတွေ ထုတ်ပြန်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဝက်ဘ်ဆိုက်မှာလည်း ဖော်ပြထားခြင်း မရှိပါ။

    ဦးဖြိုးဇေယျာသော် ဖမ်းဆီးစစ်ဆေးခံနေရတာနဲ့ ပါတ်သတ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဝက်ဘ်ဆိုက်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းမှာလည်း သေဆုံးတယ်ဆိုတာမျိုး ထည့်သွင်းရေးသားထားတာ မရှိပါဘူး။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။



    Tags

    ဖြိုးဇေယျာသော်စစ်ကြောရေးအနုပညာရှင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
    Read Full Article
    Claim :   အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်ဟောင်း ဦးဖြိုးဇေယျာသော် စစ်ကြောရေးမှာ သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!