BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • VPN သုံးတဲ့သူတွေကို...
သတင်းအတု

VPN သုံးတဲ့သူတွေကို သေဒဏ်ချမှတ်မယ်ဆိုတဲ့ သတင်းအမှား

VPN အသုံးပြုသူတွေကို စစ်ကောင်စီက သေဒဏ်ချမှတ်မယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  16 Jun 2024 7:50 PM IST
  • VPN သုံးတဲ့သူတွေကို သေဒဏ်ချမှတ်မယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇွန်လ ၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ် နီးပါး ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။

    ၎င်း Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံရယ်၊ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဓါတ်ပုံရယ်၊ Mobile ဖုန်း အသုံးပြုနေတဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “တစ်နိုင်ငံလုံး ထိတ်လန့်နေတဲ့သတင်း၊ VPN သုံးတဲ့သူတွေကို သေဒဏ်ချမဲ့ ဥပဒေ စစ်ကောင်စီထုတ်ပြန်” (သတ်ပုံ မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    VPN အသုံးပြုသူတွေကို စစ်ကောင်စီက သေဒဏ်ချမှတ်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

    စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း သတင်းအမှောင်ချဖို့ ဖေ့စ်ဘွတ်လူမှုကွန်ယက် အသုံးပြုခြင်းကို အာဏာသိမ်းစကပင် ပိတ်းထားခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းအတွင်း တရုတ်နည်းပညာ အကူအညီနဲ့ VPN အသုံးပြုမှုကို ထပ်မံပိတ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်း VPN အသုံးပြုရခက်ခဲနေပြီး အသုံးပြုတွေကို ဖမ်းဆီးမယ်ဆိုတဲ့ ကောလဟာလ တစ်ချို့ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ VPN အသုံးပြုတာကို ဖမ်းဆီးဖို့ ပြောထားခြင်း လမ်းပေါ် VPN စစ်ဆေးခြင်း တစ်စုံတစ်ရာ မကြားရသေးပါဘူး။ ကောလဟာလ ဖြန့်ဝေသူတွေကို စစ်ကောင်စီခေါင်းဆောင်က ဖမ်းဆီး အရေးယူမှုတွေတော့ ပြုလုပ်နေပါတယ်။

    ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    Fake newsMilitaryCoupBanVPNFacebookသတင်းအမှားသေဒဏ်ချမှတ်စစ်ကောင်စီအာဏာသိမ်း
    Read Full Article
    Claim :   VPN သုံးတဲ့သူတွေကို သေဒဏ်ချမှတ်မယ်
    Claimed By :  Facebook, YouTube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!