BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တန့်ဆည်မြို့က မီးရှို့မှုဖြစ်စဉ်...
သတင်းအတု

တန့်ဆည်မြို့က မီးရှို့မှုဖြစ်စဉ် PDF လက်ချက်အဖြစ် သတင်းအမှားဖြန့်

By - Boom Live Myanmar |
Published -  16 Jun 2022 8:00 PM IST
  • တန့်ဆည်မြို့က မီးရှို့မှုဖြစ်စဉ် PDF လက်ချက်အဖြစ် သတင်းအမှားဖြန့်

    အဆိုပါ သတင်းအမှားကို Fifty Two News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ထားတာဖြစ်ပြီး သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်များမှ ဈေးဆိုင်ခန်းများအား မီးရှို့ဖျက်ဆီး" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ မဟာမြိုင် ရပ်ကွက်၊ ရွှေကတော်ဘုရားအနီးဝန်းကျင်တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်များမှ ဈေးဆိုင်ခန်းများအား မီးရှို့ဖျက်ဆီး" လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ မဟာမြိုင် ရပ်ကွက်၊ ရွှေကတော်ဘုရားအနီးဝန်းကျင်၌ ဆောက်လုပ်ထားသည့်စျေးဆိုင်များအား PDF အကြမ်းဖက်များမှ မီးရှို့ခဲ့သောကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ် ခဲ့ရာ ည ၉ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း ၃၁ ခန်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ ကြောင်းသိရပါသည်"(မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို like လုပ်ထားသူများစွာနဲ့ ထပ်ဆင့်ဝေမျှထားသူတွေ ကူးယူဖော်ပြနေသူတွေ များစွာ ရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    Taze Support Organization – TSO အဖွဲ့က ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်တွေ အဆိုပါနေရာမှာ ရောက်ရှိနေစဉ် မီးလောင်နေတာ ဖြစ်တဲ့အတွက် ၎င်းတို့ရှို့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားသလို ဒေသခံတွေကလည်း စစ်ကောင်စီတပ်တွေရဲ့ လက်ချက်လို့ ပြောဆိုထားပါတယ်။ ဒီမီးလောင်မှုကြောင်း တိုက်ခန်း ၃၇ ခန်း မီးလောင်ကျွမ်းခဲ့ပါတယ်။


    ဒါ့အပြင် ဒီမီးလောင်မှုကို နေအိမ်အပြင်ထွက် ကြည့်ရှု့တဲ့ အဆိုပါ ဘုရားတိုက်တန်းအနီးနေထိုင်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီတပ်တွေက ပစ်သတ်သွားခဲ့တယ်လို့ သတင်းတွေထဲမှာရော ၊ TSO အဖွဲ့ကရော ထုတ်ပြန်ထားပါတယ်။

    ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး သေဒခံတွေက စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့ နောက်လိုက်တွေက ဆိုင်ကယ်တွေနဲ့ လာရောက်မီးရှို့သွားပြီး စစ်ကောင်စီတပ်သားတွေက အနီးအနားကို သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။ ဒါ့အပြင် ဘုရားတိုက်တန်း မီးလောင်နေစဉ်မှာ ချောင်းဆုံရွာက နေအိမ် (၇) လုံးကိုလည်း စစ်ကောင်စီတပ်တွေက မီးရှို့သွားတယ်လို့ ထုတ်ပြန်ချက်တွေ သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။


    အဆိုပါ မီးလောင်မှု ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

    ဇွန်လ ၁၁ ရက်နေ့မှာ အဆိုပါ တန့်ဆည်မြို့ ဘုရားတိုက်တန်း မီးရှို့ခံခဲ့ရပြီး ဇွန်လ ၁၂ ရက်နေ့ မနက် အစောပိုင်းမှာ တန့်ဆည်မြို့နယ် ဆင်ငယ်ကျေးရွာကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေး ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ TSO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ နေအိမ် အဆောက်အဦး ၂၂၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။ ဒီလို နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အများဆုံးဖြစ်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အဆောက်အဦး ၁၅,၅၃၀ လုံးရှိကာ ရာခိုင်နှုန်းအားဖြင့် ၆၉ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။ ဒုတိယအများဆုံး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ ဒေသဟာ မကွေးတိုင်းဖြစ်ပြီး နေအိမ်၊ အဆောက်အအုံ ၄,၈၂၂ လုံး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကာ ရာခိုင်နှုန်းအားဖြင့် ၂၁ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒါအပြင် မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့ထဲက နေအိမ်၊ အဆောက်အုံတွေနဲ့ ဘာသာရေး အဆောက်အဦးတွေလည်း မီးရှို့ဖျက်ဆီးခံရခြင်းတွေ ရှိခဲ့တယ်လို့ Institute for Strategy and Policy- Myanmar ရဲ့ သုတေသန စာတမ်းမှာ ဖော်ပြထားပါတယ်။

    ISP က ထုတ်ပြန်ထားတဲ့ သုတေသန စာတမ်းကို ဒီနေရာမှာ ဖတ်ပါ။







    Tags

    False newsPDFMilitaryCoupset on fireသတင်းအတုမီးရှို့စစ်ကောင်စီ
    Read Full Article
    Claim :   တန့်ဆည်မြို့နယ်၌ PDF အကြမ်းဖက်များမှ ဈေးဆိုင်ခန်းများအား မီးရှို့ဖျက်ဆီး
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!