BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သရက်မြို့မှာ တိုက်ပွဲဖြစ်ပြီး PDF...
သတင်းအတု

သရက်မြို့မှာ တိုက်ပွဲဖြစ်ပြီး PDF ၄၅ ဦး သေဆုံးဆိုတဲ့ သတင်းအမှား

သတင်းအမှန်တွေနဲ့ ရောနှောက ဖြန့်ဝေနေတဲ့ သရက်မြို့တိုက်ပွဲအတွင်း PDF ၄၅ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းမှာ သတင်းအမှားသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  23 Oct 2021 8:36 AM IST
  • သရက်မြို့မှာ တိုက်ပွဲဖြစ်ပြီး PDF ၄၅ ဦး သေဆုံးဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ရေးသားထားမှုထဲမှာ "ကန့်ဘလူတွင် ကြံ့ခိုင်ရေးပါတီဝင် အောင်သူထွန်း ပစ်ခတ်ခံရပြီး ရဲစခန်း ထဲ ဝင်ပြေး၊ သရက်မြို့တွင်လည်း တိုက်ပွဲဖြစ်ပြီး PDF45 ဦး သေဆုံး၊ မန္တလေးကျောက်ဝိုင်းတွင် ဗုံးကွဲ" လို့ သတင်းသုံးပုဒ်အကြောင်းကို ခေါင်းစဉ်တပ်ရေးသားထားပါတယ်။

    သတင်းအတွင်းမှာလည်း သရက်မြို့တိုက်ပွဲနဲ့ ပတ်သတ်ပြီး "မကွေးတိုင်း၊ သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာအနီး အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ ခန့်အချိန် တပ်နှင့် သရက် PDF တို့ ပစ်ခတ်မှု တိုက်ပွဲ တစ်ခု ဖြစ်ပွားခဲ့ရာ PDF 45 ဦး သေဆုံးကြောင်း၊ သေ ဆုံးသူ PDF 45 ဦးတွင် PDFတစ်ဦးမှာ ဦးခေါင်းကျည်ထိ ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း၊ သိရှိရသည်။" လို့ ရေးသားဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီဖြန့်ဝေမှုဟာ သတင်းအမှန်တွေထဲမှာ သတင်းအမှားတွေကို ထည့်ပြီး တမင်လုပ်ကြံဖြန့်ဝေထားတဲ့အကြောင်းအရာတွေသာဖြစ်ပါတယ်။ ဒီသတင်းရဲ့ မူရင်းသတင်းကို အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ခေတ်သစ်မီဒီယာမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။


    Khit Thit မီဒီယာရဲ့ ရေးသားမှုထဲမှာ "ကန့်ဘလူတွင် စစ်တပ်အမာခံ ထောက်ခံသူ ကြံ့ဖွတ်ပါတီဝင် အောင်သူထွန်း ပစ်ခတ်ခံရပြီး ရဲစခန်း ထဲ ဝင်ပြေး၊ သရက်မြို့တွင်လည်း တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး၊ မန္တလေးကျောက်ဝိုင်းတွင် ဗုံးကွဲ" လို့ သတင်းသုံးပုဒ်ကို ရေးသားထားပါတယ်။

    ဒီသတင်းကို သတင်းမှား ဖြန့်ဝေသူတွေက ပုံတွေအပါအဝင် ကျန်သတင်းနှစ်ပုဒ်ကို မူရင်းအတိုင်းကူးယူကာ သရက်မြို့တိုက်ပွဲနဲ့ ပါတ်သတ်တဲ့ သတင်းတစ်ပုဒ်ကိုသာ ပုံဖျက်ရေးသားထားတာပါ။ အမှန်တကယ်က သရက်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးလို့ ရေးသားထားတာပါ။ Khit Thit မီဒီယာမှာ ဖော်ပြထားတဲ့ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Battle45 PDF killedPDF တပ်ဖွဲ့ဝင်People Defense Forceသရက်မြို့PDF 45 ဦး သေဆုံးFalsenewsMilitary Coupmilitary councilsမန္တလေးကျောက်ဝိုင်း
    Read Full Article
    Claim :   သတင်းအမှန်တွေနဲ့ ရောနှောကာ သရက်မြို့တိုက်ပွဲအတွင်း PDF ၄၅ ဦး သေဆုံးတယ်ဆိုပြီး ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!