BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဘားလမ်းမွတ်စလင်ဆေးရုံမှာ...
သတင်းအတု

ဘားလမ်းမွတ်စလင်ဆေးရုံမှာ ဘာသာဝင်ကြဖို့ စည်းရုံးတယ်ဆိုတဲ့သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ ဘားလမ်း မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံမှာ လာရောက်ပြသသူတွေကို အစ္စလာမ်ဘာသာထဲ ဝင်ဖို့ စည်းရုံးနေပြီလို့ ဝါဒဖြန့်ချိထားတဲ့ ထားတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  10 Oct 2020 12:53 PM IST
  • ဘားလမ်းမွတ်စလင်ဆေးရုံမှာ ဘာသာဝင်ကြဖို့ စည်းရုံးတယ်ဆိုတဲ့သတင်းအမှား

    အဆိုပါ သတင်းအမှားဟာ လူမှုကွန်ယက်ပေါ်မှာ မကြာခဏ ထွက်ပေါ်လာလေ့ရှိပြီး ဒီရက်ပိုင်းအတွင်းမှာ Shwe Lay ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ ကိုတမာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တွေက ပြန်လည်ဖြန့်ဝေခဲ့ကြပါတယ်။ အဲ့ဒီ နောက်မှာ ၎င်းတို့ရဲ့ ပိုစ့်တွေကို ပြန်ဖျက်သွားကြပြီး တခြား ဖေ့စ်ဘွတ်အကောင့်တွေက အဲ့ဒီ သတင်းအမှားတွေကို ကူးယူ ဖော်ပြခဲ့ကြပါတယ်။

    အဲ့ဒီ သတင်းအမှားထဲမှာ "ဘားလမ်း မွတ်စလင် အခမဲ့ဆေးခန်းတွင် သွားရောက် ကုသသူ ရဟန်း ရှင် လူ သက်ကြီး ရွယ်အိုများဟာ အစ္စလာန် ဘာသာထဲ ဝင်ရန် စည်းရုံးခံရ" ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားပြီး အဲ့ဒီ သတင်းရဲ့ အတွင်းပိုင်းမှာ "အမောဖောက် ရောဂါဖြင့် သွားရောက်ကုသသူ ပဲခူးတိုင်းမှ ဆရာတော်တပါး ပြောကြားသည်မှာ သူ့ကို တပက်တိတိ လာရောက်ပြသရန် ချိန်းဆိုပြီး ဆေးကုသမှု ခံယူတဲ့ ၅ ရက် မြောက်နေ့မှာ အရှင်ဘုရား အသက် ကြီးနေပါပြီ။ မပူမပင် မနေချင်ဘူးလား လစဉ် ထောက်ပံ့ကြေး မရချင်ဘူးလား မေးကာ အစ္စလာန် ဘာသာသို့ ကူးပြောင်းရန် ကူးပြောင်း ပါက အခုလက်ငင်း သိန်း ၅၀ ပေးကာ လစဉ် ထောက်ပံ့ကြေး တလ တစ်သိန်း ပေးမယ် ပြောရာ ဘုန်းကြီးမှ ငြင်းဆန်ရာ မွတ်စလင် ဆရာဝန်မ များမှ ရပါတယ်ဘုရား မဝင်လည်း ကိစ္စမရှိပါဘူး" (မူရင်းရေးသားထားသည့် အတိုင်း) လို့ ရေးသားထားပြီး အဲ့ဒီ သတင်းရဲ့ အတွင်းထဲမှာ ဒီလို စည်းရုံးမှုကို ဆေးကုသပေးတဲ့ မျက်နှာ ထောက်ပြီး ပြန်မပြော ဖို့ နုတ်ပိတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် အဲ့ဒီ ဆေးရုံမှာ သွားရောက်ကုသသူတွေထဲမှာ အစ္စလာမ်ဘာသာထဲ ကူးပြောင်းသွားသူ များစွာရှိနိုင်တဲ့အတွက် စိုးရိမ်စရာအခြေအနေ ရောက်နေတယ်လို့ သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်ထားပါတယ်။

    အဆိုပါ သတင်းအမှားကို ဒီရက်ပိုင်းအတွင်းမှာ မြနန်းသော်တာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် ၊ Min Thway Chon ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်၊ Thu Nan ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့် နဲ့ စိုင်းဉာဏာ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တွေက အဆိုပါ သတင်းကို ပြန်တင်ထားကြပြီး ထပ်ဆင့်ဝေမျှသူ များစွာ ရှိနေပါတယ်။


    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေကြတဲ့ ဘာလမ်းမွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံမှာ လာရောက်ကုသသူတွေကို အစ္စလာမ်ဘာသာထဲ ကူပြောင်းဖို့ စည်းရုံးလှုံ့ဆော်နေတယ်ဆိုတဲ့ အကြောင်းအရာကို ဆန်းစစ်ဖို့ ဘားလမ်းဆေးရုံမှာ Medical Officer အဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာသက်စုထွေး နဲ့ အစ္စလာမ့် ဓမ္မသတ်မှူး ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) တို့ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    သတင်းအမှား ဖြန့်ဝေသူတွေ ပြောဆိုထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒေါက်တာသက်စုထွေးက "သူတို့ ရေးထားသလိုမျိုး လုံးဝ မရှိပါဘူးရှင့်။ ဘာကြောင့်လဲဆိုတော့ ကျွန်မ ဘားလမ်းဆေးရုံမှာလည်း ကျွန်မ Medical Officer အဖြစ်နဲ့ ၄ နှစ်လောက် လုပ်ခဲ့ပါတယ်။ အရင်ထဲကလည်း ဆေးကျောင်းသား ဘဝထဲကလည်း သွားပြီးတော့ ဘားလမ်းဆေးရုံက လူနာတွေကို ဆရာဝန်တွေနဲ့ ဝိုင်းပြီးတော့ ကြည့်ပေးခဲ့တယ်။ ကျောင်းသူ ဘဝကတည်းက ကျွန်မတို့ သိထားတာ ခဲ့တာဆိုလို့ရှိရင် ဘားလမ်းက လူမျိုးပေါင်းစုံကို ကုသပေးတယ်။ ငွေကြေးထောက်ပံ့တယ်ဆိုတာလည်း လုံးဝ မရှိပါဘူး။ ဆေးကုသမှုပဲ လုပ်ပေးတယ်။ ဆေးကုသမှုမှာလည်း ကျွန်မသိရသလောက် ဆိုလို့ရှိရင် တချို့တချို့သူတွေ စရိတ်မျှပေးနဲ့ လာပြီး ကုသကြတာ ရှိတယ်။ များသောအားဖြင့်ကတော့ လုံးဝမတက်နိုင်တဲ့ သူတွေ များတယ်ရှင့်။ ငွေကြေးကို ထောက်ပံ့ပြီးတော့ ဒီလို ဘာသာ ဆွယ်တာတော့ လုံးဝ မရှိဘူး။ အဲ့ဒါက လုံးဝ မှားယွင်းတဲ့ သတင်းပေါ့။ ဒါကြီးက သက်သက်မဲ့ Propaganda လုပ်နေတယ်ဆိုတာ အရမ်းသိသာတယ်" လို့ Boom Myanmar ရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။

    ဒီသတင်းအမှားဖြန့်ဝေသူတွေ အသုံးပြုထားတဲ့ ဓါတ်ပုံတွေဟာ ဒလ ဘက်မှာ ဘာသာပေါင်းစုံအဖွဲ့နဲ့ သွားရောက် ဆေးကုသပေးစဉ်က ဓါတ်ပုံတွေ ဖြစ်တယ်လို့ ဒေါက်တာသက်စုထွေးက ဆိုပါတယ်။

    အဆိုပါ ဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး "အဲ့ဒီဓါတ်ပုံတွေကို သုံးပြီး တက်တက်လာတာ ကျွန်မထင်တယ် ဒီတစ်ခေါက်နဲ့ဆို ၃ ခါလောက်ရှိပြီ။ ကျွန်မတို့ အဲ့တုန်းက ဘာသာပေါင်းစုံ စုပေါင်းပြီးတော့ လုပ်ကြတာပေါ့။ မွတ်စလင်ဆရာဝန်တွေ တော်တော်များများ ပါတယ်။ ဆေး Volunteer တွေ သူနာပြုတွေ ပါတယ်။ ဆေးမှူးတွေပါတယ်။ ကျွန်မတို့ ပေါင်းပြီးတော့ ဒလဘက်ပေါ့နော် သွားပြီးကုသပေးတဲ့အခါမှာ ဘုန်းကြီးကျောင်းမှာ အခြေခံတယ်ပေါ့နော်။ ဘုန်းကြီးကျောင်းမှာ ကျွန်မတို့ ကုသရေး နေရာအဖြစ်နဲ့သုံးတယ်။ ဒီရပ်ကွက်ထဲက ဘာသာပေါင်းစုံမှာရှိတဲ့ ဆေးခန်းပြချင်တဲ့ သူတွေကို ခေါ်ပြီးတော့ ကုသပေးတယ်။ အဲ့အချိန်လာပြတဲ့ သူတွေထဲမှာ အများစုက ဗုဒ္ဓဘာသာ ပါတယ်။ မွတ်စလင်တွေလည်း ပါတယ်။ ဟိန္ဒူတစ်ချို့ပါတယ်။ ပြီးတော့ ခရစ်ယာန်တွေလည်း ပါတယ်။ အဲ့ဒါက ဒလဘက်က ဘုန်းကြီးကျောင်းမှာ ဆေးကုတုန်းက ဓါတ်ပုံတွေပါ" လို့ ပြောပါတယ်။

    ဒီလိုရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး အစ္စလာမ့်ဓမ္မသတ်မှူး ဒေါက်တာမြင့်သိန်းက "ဘားလမ်းဆေးရုံနဲ့ ပတ်သက်လို့က သူက စကတည်းက ဖွဲ့စည်းကတည်းက အလှူရှင်ကြီးရှိတယ်။ ဘာလမ်းဆေးရုံ ထူထောင်တဲ့ အလှူရှင်ကြီးဆိုရင် ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေ ကတည်းက တကယ်လှူခဲ့တဲ့ အလှူရှင်ကြီးပါ။ အစကတည်းက သူက တိုင်းပြည်အတွက် စပြီးလုပ်ခဲ့တဲ့ အလှူရှင်ကြီးပါ။ တောက်လျှောက်လည်း ဒီမှာ ကော်မတီနဲ့ အုပ်ချုပ်လာတယ်။ လူမျိုးမရွေး ဘာသာမရွေး ဘာမှ ခွဲခြားမှု မရှိဘဲနဲ့ ဒါက မြန်မာနိုင်ငံသားတွေဆိုတဲ့ အသိစိတ်နဲ့ အမြဲတမ်း ကူညီလာခဲ့တာ ဒီနေ့ထိပဲ။ လာတဲ့သူတွေဆိုရင် အဲ့ဒီမှာ ဘုန်းတော်ကြီးတွေ ကအစ အကုန်လုံးသိပါတယ်။ လာလို့ရှိရင် သူတို့ မေတ္တာပို့သွားတယ်။ သွားကြည့်လိုက်လို့ ရှိရင် အဲ့ဒီမှာ ဘာသာရေးကိစ္စ ဘာတစ်ခုမှ မပြောဘူး။ ဘာတစ်ခွန်းမှကို မပြောဘူး။ လာတဲ့သူကို သူတို့ ဘာလိုအပ်တာလဲ အဲ့ဒါကို ကုပေးလိုက်တာပဲ။ ဒါက သက်သေထွက်မယ့် သူတွေအများကြီးရှိတယ်။ ဒါပေမယ့် ထုံးစံအတိုင်းပေါ့ ရွေးကောက်ပွဲက နီးလာပြီဆိုတော့ ထုံးစံအတိုင်း မြန်မာနိုင်ငံမှာ လူထုကို လမ်းကြောင်းလွဲအောင် လုပ်လို့ရတာ ဒီဘာသာရေးလှုံ့ဆော်မှုပဲ။ လွဲမှားတဲ့ ဘာသာရေး Anti-muslim ပေါ့လေ။ ဒါကတော့ မြန်မာ့သမိုင်းမှာ ရိုးနေပြီ။ ဒီနည်းပဲ ပြန်သုံးနေတယ်။" လို့ Boom Myanmar ကို ပြောပါတယ်။


    Tags

    false newsconvert to IslamBar Lann charity Hospitalဘားလမ်းမွတ်စလင်ဆေးရုံဘာသာပြောင်းဖို့စည်းရုံးသတင်းအမှား
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေကြတဲ့ ဘာလမ်းမွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံမှာ လာရောက်ကုသသူတွေကို အစ္စလာမ်ဘာသာထဲ ကူပြောင်းဖို့ စည်းရုံးလှုံ့ဆော်နေတယ်ဆိုတဲ့ အကြောင်းအရာကို ဘားလမ်းဆေးရုံမှာ Medical Officer အဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာသက်စုထွေး နဲ့ အစ္စလာမ့် ဓမ္မသတ်မှူး ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) တို့ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် ဆန်းစစ်ထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!