BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဗီယက်နမ်ကပုံတွေကို PDF က...
သတင်းအတု

ဗီယက်နမ်ကပုံတွေကို PDF က ဗိုလ်ဂဠုန်အမည်နဲ့ သတင်းအမှားဖန်တီး

ဗိုလ်ဂဠုန်ဆိုတဲ့ နာမည်နဲ့ တော်လှန်ရေးရဲဘော်တစ်ဦးဟာ စစ်ကောင်စီရဲ့ တင့်ကားတစ်စီးကို အသေခံဗုံးခွဲခဲ့တယ်ဆိုပြီးဖန်တီးထားတဲ့အကြောင်းအရာဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ်မှာ အလွန်အမင်းပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  25 Jan 2022 11:27 AM IST
  • ဗီယက်နမ်ကပုံတွေကို PDF က ဗိုလ်ဂဠုန်အမည်နဲ့ သတင်းအမှားဖန်တီး

    တကယ်တော့ ဒီအကြောင်းအရာမှာပါဝင်တဲ့လူပဂ္ဂိုလ်တွေ၊ ဖြစ်ရပ်တွေနဲ့ ဖြစ်စဉ်တွေဟာအမှန်တကယ်ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။ အဆိုပါ သတင်းအမှားဟာ ဇန်နဝါရီလ ၂၂ ရက်နေ့က လူမှုကွန်ယက်ပေါ် အလွန်အမင်းပြန့်နှံ့ခဲ့တာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ တင့်ကားတစ်စီး မီးလောင်နေတဲ့ ဓါတ်ပုံတစ်ပုံနဲ့ အမျိုးသားတစ်ဦးရဲ့ ဓါတ်ပုံတစ်ပုံကို သုံးထားပါတယ်။

    ၎င်းဓါတ်ပုံနဲ့အတူ "ပြည်သူတွေ အကြမ်းဖက်သောင်းကျန်းသူ သူပုန်မအလကိုဘယ်လောက်ရွံ့မုန်းနေပြီလဲ အသေခံဗုံးခွဲတာတွေ စပါပြီ။ ဒီပဲယင်းနဲ့ ဘုတလင်ကြားက မောင်းထောင် ဘက်မှာ PDF တွေကို လာတိုက်တဲ့ အကြမ်းဖက်သောင်းကျန်းသူ သူပုန်မအလ တင့်ကားတွေဆီ မကြောက်မရွံ့နဲ့ အသေခံဗုံးခွဲပေးခဲ့တဲ့ မောင်းထောင်သား ဗိုလ်ဂဠုန်။ လေးစားဖွယ် သူရဲကောင်းအဖြစ် မှတ်တမ်းတင်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်က ဖြစ်သွားတာပါ အင်တာနက်တွေ ဖြတ်ထားလို့ လူတွေ မသိလိုက်ကြပါဘူး။လေးစားဂုဏ်ယူလျှက် RIP ပါ ဗိုလ်ဂဠုန်။" လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    အဆိုပါ ဗိုလ်ဂဠုန်နာမည်နဲ့ တင့်ကားကို အသေခံဗုံးခွဲတယ်ဆိုတဲ့ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်ရာပေါင်းများစွာက ဖြန့်ဝေထားကြပြီး လူမှုကွန်ယက်ပေါ် အလွန်အမင်း ပျံ့နှံ့နေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီပဲယင်းနဲ့ ဘုတလင်ကြားက မောင်းထောင်ဘက်မှာ ဗိုလ်ဂဠုန်နာမည်နဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက တင့်ကားကို အသေခံဗုံးခွဲခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

    ၎င်းတို့ အသုံးပြုထားတဲ့ ဓါတ်ပုံ ၂ ပုံဟာ မြန်မာနိုင်ငံက ဓါတ်ပုံတွေ မဟုတ်ပါဘူး။ ဗီယက်နမ် နိုင်ငံက ဓါတ်ပုံတွေ ဖြစ်ပြီး ဒီရက်ပိုင်းအတွင်း ဒီပဲယင်းနဲ့ ဘုတလင် ဘက်မှာ စစ်ကောင်စီရဲ့ တင့်ကားကို အသေခံ ဗုံးခွဲတိုက်ခိုက်ခံရခြင်းလည်း မရှိပါဘူး။ သတင်းအမှားထဲမှာ ဖော်ပြထားတဲ့ ပထမ ဓါတ်ပုံဟာ ဗီယက်နမ် နိုင်ငံက ၂၀၂၁ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့က သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ဓါတ်ပုံဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံထဲက သူဟာ အသက် ၂၈ နှစ်အရွယ် Nguyen Hoai Nam ဆိုသူဖြစ်ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ရိုက်နှက်၊ ပါးရိုက်၊ ကန်ကြောက်ပြီး အော်ဟစ်နေတဲ့ video ကို လူမှုကွန်ယက်ပေါ်တင်ပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသူ ဖြစ်ပါတယ်။ အဆိုပါ ဓါတ်ပုံထဲက သူအကြောင်း ရေးထားတဲ့ သတင်းကို ဒီမှာဖတ်ပါ။


    နောက်ထပ် တင့်ကားတွေ မီးလောင်နေတဲ့ ဓါတ်ပုံတစ်ပုံဟာလည်း ဗီယက်နမ်နိုင်ငံက ပုံဖြစ်ပြီး ၁၉၆၅ ခုနှစ် ဗီနက်နမ်-အမေရိကန် စစ်ပွဲထဲက ဓါတ်ပုံတစ်ပုံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဖြစ်စဉ်မဟုတ်သလို ဗိုလ်ဂဠုန်ဆိုသူ အသေခံဗုံးခွဲခဲ့တယ် ဆိုတာလည်း မဟုတ်ပါဘူး။

    ၎င်းတင့်ကားတွေ မီးလောင်နေတဲ့ ဓါတ်ပုံသုံးပြီးရေးထားတဲ့ အမေရိကန်-ဗီယက်နမ် Van Tuong အကြောင်း ဗီယက်နမ် ဘာသာစကားနဲ့ ရေးထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။





    Tags

    Fake newsOld photospeople defense forcecomradebombedmilitary tankVietnam Warသတင်းအတုစစ်ကောင်စီတင့်ကားအသေခံဗုံးခွဲ
    Read Full Article
    Claim :   ဗိုလ်ဂဠုန် နာမည်နဲ့ PDF တစ်ဦးက စစ်ကောင်စီ တင့်ကားကို အသေခံဗုံးခွဲ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!