BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NUG က လက်နက်တွေ တရားဝင်...
      သတင်းအတု

      NUG က လက်နက်တွေ တရားဝင် ဝယ်ယူနိုင်တော့မယ်ဆိုတဲ့ သတင်းအမှား

      ကမ္ဘာကုန်သွယ်ရေးအသင်းချုပ်က NUG ကို တရားဝင်အစိုးရ အဖြစ် အသိအမှတ် ပြုလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်တဲ့အတွက် နိုင်ငံတကာက ထုတ်လုပ်တဲ့ လက်နက်တွေကို စျေးသက်သက်သာသာနဲ့ တရားဝင်ဝယ်ယူနိုင်တော့မယ်ဆိုတဲ့ ရေးသားဖြန့်ဝေနေမှုတွေ ရှိနေပါတယ်။

      By - Boom Live Myanmar |
      Published -  26 May 2022 6:22 PM IST
    • NUG က လက်နက်တွေ တရားဝင် ဝယ်ယူနိုင်တော့မယ်ဆိုတဲ့ သတင်းအမှား

      ဒီအကြောင်းအရာကို မေလ ၁၅ ရက်က စတင်ပြီး ဖေစ့်ဘွတ်အသုံးပြုသူတွေကြား အများအပြား ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ "ဆွေးနွေးတာနာရီပိုင်းပဲရှိပါသေးတယ် NUG အစိုးရအနေဖြင့် တရားဝင် လက်နက်စက်ရုံကုမ္ပဏီကြီး တွေ စီကနေ လက်နက်ဝယ်ယူတော့မည်။ အားငယ်စိတ်ဖြစ်နေကြရတဲ့ ပြည်သူတွေအတွက် အမှန်တစ်ကယ်အင်အား ဖြစ်သွားကြရပါတယ်။ ကျေးဇူးတင် စရာကောင်းလှတတဲ့ Dr SaSa ရဲ့စွမ်းဆောင်မှုတွေကြောင့်ပါ။ ကမ္ဘာ ကုန်သွယ်ရေး အသင်းချုပ်က NUG ကို တရားဝင်အစိုးရ အဖြစ် အသိအမှတ် ပြုလိုက် ကြောင်း ကြေညာချက်ထုတ်ပြန်လာပါပြီ။အဲ့ဒီအကျိုးအမြတ်က ကမ္ဘာကုန်သွယ်ရေး အဖွဲ့ဝင်ဖြစ်သွားပြီဆိုတဲ့အတွက် နိုင်ငံတကာကထုတ်လုပ်သော လက်နက်ခဲယမ်းများ ကို စက်ရုံထုတ် တန်ဖိုးအတိုင်း ဈေးပေါပေါ နဲ့ ဝယ်ယူဖို့ လွယ်ကူသွားပါပြီ။ လေယာဉ်ပစ်ဒုံးကျည်ယူမလား အဝေးပစ် အမြောက်ကြီးဝယ်မလား အကုန်လုံး အဆင်ပြေသွားပါပြီ ဖက်ဒရယ်တပ်မတော်အဖွဲ့ အနေဖြင့် မကြာမှီ စစ်ကြေညာလာပါလိမ့်မည်" လို့ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

      ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      သတင်းဆန်းစစ်ချက်

      ဖြန့်ဝေနေတဲ့ ပိုစ့်ကို BOOM က သတင်းဆန်းစစ်ကြည့်ရာမှာ ယမန်နှစ် ဧပြီလမှ စတင်ပြီး အခါခါ ဖြန့်ဝေနေတဲ့ ပိုစ့်အဟောင်း တစ်ခုသာ ဖြစ်တာ တွေ့ရပါတယ်။ အခုဖြန့်ဝေနေတဲ့ ပိုစ့်ကို ပြီးခဲ့တဲ့ နှစ် ဧပြီလမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး မေလမှာ တစ်ကြိမ်၊ နိုဝင်ဘာလအတွင်းမှာ တကြိမ် အခါခါ ဖြန့်ဝေနေတဲ့ ပိုစ့်ဖြစ်ပါတယ်။


      ပြီးခဲ့တဲ့ နှစ်အတွင်း ဖြန့်ဝေခဲ့မှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

      ဒါကြောင့် ယခုဖြန့်ဝေနေတဲ့ NUG အစိုးရက နိုင်ငံတကာက ထုတ်လုပ်တဲ့ လက်နက်တွေကို စျေးသက်သက်သာသာနဲ့ တရားဝင် ဝယ်ယူနိုင်တော့မယ်ဆိုတာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

      Tags

      fakenewsarmsNUG Governmentလက်နက်တရားဝင်ဝယ်ယူခွင့်ကမ္ဘာ ကုန်သွယ်ရေး အသင်းချုပ်Military Coup
      Read Full Article
      Claim :   ကမ္ဘာကုန်သွယ်ရေးအသင်းချုပ်က NUG ကို တရားဝင်အစိုးရ အဖြစ် အသိအမှတ် ပြုလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်တဲ့အတွက် နိုင်ငံတကာက ထုတ်လုပ်တဲ့ လက်နက်တွေကို စျေးသက်သက်သာသာနဲ့ တရားဝင်ဝယ်ယူနိုင်တော့မယ်
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!