BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NUG ကို အကြမ်းဖက်အဖြစ်မှ...
သတင်းအတု

NUG ကို အကြမ်းဖက်အဖြစ်မှ ပယ်ဖျက်တယ်ဆိုတဲ့ သတင်းအမှား

NUG ကို အကြမ်းဖက်အဖွဲ့အစည်း အဖြစ်မှ စစ်ကောင်စီက ပယ်ဖျက်ကာ မဟာမိတ်အဖြစ် သတ်မှတ်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  30 May 2025 8:41 PM IST
  • NUG ကို အကြမ်းဖက်အဖြစ်မှ ပယ်ဖျက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NUG ကို အကြမ်းဖက်အဖြစ်မှ ပယ်ဖျက်။ စစ်ရှုံးကောင်စီက NUG ကို မဟာမိတ်အဖြစ် သတ်မှတ်ပြီး ယှဉ်ပြိုင်အစိုးရအနေနဲ့ လက်ခံဖို့ သဘောတူ' လို့ ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    NUG ကို အကြမ်းဖက်အဖြစ်မှ ပယ်ဖျက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မေလ ၂၉ ရက်နေ့က ဖော်ပြထားတဲ့ 'ပြည်သူတွေ ခက်ခဲ ကျပ်တည်းနေလို့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးဖို့ တရုတ်ကို TNLA တောင်းဆို' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    သတင်းထဲမှာ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်တွေကို တရုတ်နိုင်ငံဘက်က ပိတ်ထားတဲ့အတွက် ပြည်သူလူထုရဲ့ အခြေခံ ဆေးဝါးတွေ၊ စက်သုံးဆီတွေနဲ့ လူသုံးကုန်ပစ္စည်း လိုအပ်ချက်တွေ ဖြစ်ပေါ်ပြီး ကျပ်တည်း ခက်ခဲနေတယ်လို့ TNLA က ပြောကြောင်း၊ ဒီ အခက်အခဲ အကျပ်တည်းတွေကို တရုတ်နိုင်ငံဘက်က စာနာနားလည်တဲ့အနေနဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေးဖို့ တအာင်းတပ် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တားပန်လက တောင်းဆိုခဲ့ကြောင်း ရေးသားထားတာပါ။

    ဒီသတင်းထဲမှာ NUG ကို အကြမ်းဖက်အဖြစ်မှ ပယ်ဖျက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    အကြမ်းဖက်အဖွဲ့ကြေညာချက်စစ်ကောင်စီannouncementterrorist groupFakenews
    Read Full Article
    Claim :   NUG ကို အကြမ်းဖက်အဖြစ်မှ ပယ်ဖျက်တယ်လို့ဆို
    Claimed By :  Unknown
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!