BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကြားဖြတ်အစိုးရအသစ် NUG...
သတင်းအတု

ကြားဖြတ်အစိုးရအသစ် NUG ကြေညာတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြားဖြတ်အစိုးရအသစ်ဖွဲ့ပြီး သမ္မအသစ်နဲ့ စစ်ဦးစီးချုပ်အသစ်တွေ ကြေညာလိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  17 May 2025 9:04 AM IST
  • ကြားဖြတ်အစိုးရအသစ် NUG ကြေညာတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၁၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကြားဖြတ်အစိုးရအသစ် NUG ကြေညာ။ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ နေရာယူပြီ။ သမ္မတအသစ်နဲ့ စစ်ဦးချုပ်အသစ်တို့ ကြေညာလိုက်ပြီ' ဆိုတဲ့ ခေါင်းစဉ်အတိုအစတွေကို ပေါင်းစပ်ပြီး ရေးသားထား တာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    အခုဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မေလ ၁၅ ရက်နေ့က ဖော်ပြထားတဲ့ '၂၀၂၅ ခုနှစ်အတွင်း NUG ကို အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်အဖြစ် နိုင်ငံရေးနှင့် စစ်ရေး နောက်တစ်ဆင့် တက်ရန် ခေါင်းဆောင်များအားလုံး သဘောတူညီဟု NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး အသိပေး' ဆိုတဲ့နောက်ခံ စကားပြောနဲ့ သတင်းကို ခေါင်းစဉ်လွှဲပြီးဖြန့်ဝေထာတာဖြစ်ပါတယ်။

    သတင်းထဲမှာ ၂၀၂၅ ခုနှစ်အတွင်း အမျိုးသာညီညွတ်ရေးအစိုးရ- NUG ကို အသွင်ကူးပြောင်းရေး အစိုးရတစ်ရပ်အဖြစ် နိုင်ငံရေးနှင့် စစ်ရေး နောက်တစ်ဆင့် တက်ဖို့ တိုင်းရင်းသားနဲ့ တော်လှန်ရေး ခေါင်းဆောင်တွေ အားလုံးသဘောတူညီထားပြီဖြစ်တယ်လို့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောဆိုတဲ့အကြောင်း ရေးသားထားတဲ့ သတင်းတစ်ပုဒ်ကို ကူးယူအသံသွင်းပြီးဖြန့်ဝေထားတာဖြစ်ပါတယ်။

    ဒီသတင်းထဲမှာ ကြားဖြတ်အစိုးရအသစ် NUG ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ ဒီအကြောင်းအရာဟာ လက်ရှိ NUG အစိုးရက ကြေငြာထုတ်ပြန်ထားတဲ့ သတင်းတွေမှာလည်းပါဝင်ခြင်းမရှိပါဘူး။

    Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    အစိုးရ ဖွဲ့စည်းရေးinterim presidentFakenewsသတင်းမှား
    Read Full Article
    Claim :   ကြားဖြတ်အစိုးရအသစ် NUG ကြေညာတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!