BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ယာယီသမ္မတအမိန့်နဲ့ NUG အစိုးရ...
သတင်းအတု

ယာယီသမ္မတအမိန့်နဲ့ NUG အစိုးရ အဖွဲ့ဝင်တွေ ပြည်တွင်းပြန်လာတယ်ဆိုတဲ့ သတင်းအမှား

ယာယီသမ္မတအမိန့်နဲ့ NUG အစိုးရ အဖွဲ့ဝင်တွေ မြန်မာနိုင်ငံ ပြန်လာပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 Nov 2024 6:15 PM IST
  • ယာယီသမ္မတအမိန့်နဲ့ NUG အစိုးရ အဖွဲ့ဝင်တွေ ပြည်တွင်းပြန်လာတယ်ဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ယာယီသမ္မတရဲ့ အမိန့်နဲ့ ဒေါ်ဇင်မာအောင်၊ ဇော်ဝေစိုး၊ အောင်မျိုးမင်း၊ Dr. SaSa အပါအဝင် NUG အရာရှိများ ဗမာပြည်ပြန်လာပြီ' လို့ ရေးသား ထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

    ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ယာယီသမ္မတအမိန့်နဲ့ NUG အစိုးရ အဖွဲ့ဝင်တေွ ပြည်တွင်းပြန်လာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Myanmar Pressphoto Agency (MPA) သတင်းဌာနမှာ နိုဝင်ဘာ ၂၆ ရက်နေ့က ဖော်ပြထားတဲ့ 'နိုင်ငံပြင်ပရောက် NUG အစိုးရအဖွဲ့ဝင်များ ပြည်တွင်းသို့ ပြန်လာကြရန် ယာယီသမ္မတတိုက်တွန်း' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာထဲမှာ NUG အစိုးရ အဖွဲ့ဝင်တေွ မြန်မာနိုင်ငံ ပြန်လာပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

    သတင်းထဲမှာ နိုင်ငံပြင်ပကို ရောက်နေတဲ့ NUGအစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းကို ပြန်လာကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားတာပါ။

    နိုဝင်ဘာ၂၆ရက်နေ့မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ NUG ယာယီသမ္မတက တိုက်တွန်းလိုက်တာဖြစ်ပြီး NUG အစိုးရအနေနဲ့ အဝေးရောက် အစိုးရဖြစ်လို့ မရဘူးလို့လည်း ဆိုထားပါတယ်။

    MPA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ယာယီသမ္မတသမ္မတအမိန့်သတင်းတုအစိုးရအဖွဲ့NUG အစိုးရFakenews
    Read Full Article
    Claim :   ယာယီသမ္မတအမိန့်နဲ့ NUG အစိုးရ အဖွဲ့ဝင်တွေ ပြည်တွင်းပြန်လာတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!