BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စစ်ကိုင်းတိုင်းကို NUG အစိုးရ...
သတင်းအတု

စစ်ကိုင်းတိုင်းကို NUG အစိုးရ ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းအမှား

အမေရိကန်မှ လက်နက်တွေ ပို့ပေးပြီ၊ စစ်ကိုင်းတိုင်းကို NUG အစိုးရ ထိန်းချုပ်လိုက်ပြီ ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  16 July 2022 7:35 PM IST
  • စစ်ကိုင်းတိုင်းကို NUG အစိုးရ ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းအမှား

    ဒီအကြောင်းအရာကို Top Fan News ဆိုတဲ့ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇူလိုင်လ ၁၁ ရက်နေ့က စတင်ဖြန့်ဝေနေတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေနေမှုတွေလည်း ရှိနေပါတယ်။

    ဒီသတင်းမှားကို "စစ်ကိုင်းတိုင်းကို NUG အစိုးရ ထိန်းချုပ်လိုက်ပြီ။ အမေရိကန်မှ လက်နက်တွေ ပို့ပေးပြီ။ မအလ ရှုံးပြီး စစ်ဘီလူးတွေ ပြေးကုန်ပြီဗျို့" လို့ ရေးသားထားတဲ့ ကာဗာပုံနဲ့အတူ ၅ မိနစ်ကျော် ကြာချိန်ရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ဖြန့်ဝေထားတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီအကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံ ရေးသားထားတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာကို စတင်ဖြန့်ဝေတဲ့ Top Fan News ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဟာ သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ ပေချ့်ဖြစ်ပြီး Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် လုပ်ကြံသတင်းများစွာ နေ့စဉ် ဖြန့်ဝေလေ့ရှိတာ တွေ့ရပါတယ်။

    ဖြန့်ဝေနေတဲ့ ကာဗာပုံမှာ "စစ်ကိုင်းတိုင်းကို NUG အစိုးရ ထိန်းချုပ်လိုက်ပြီ။ အမေရိကန်မှ လက်နက်တွေ ပို့ပေးပြီ။ မအလ ရှုံးပြီး စစ်ဘီလူးတွေ ပြေးကုန်ပြီဗျို့" လို့ လုပ်ကြံဖန်တီးရေးသားထားပေမယ့် ဗွီဒီယိုဖိုင်ထဲက သတင်းမှာတော့ သတင်းဌာနတွေမှာ ဖော်ပြထားပြီးဖြစ်တဲ့ စစ်ကိုင်းတိုင်းက အုပ်ချုပ်ရေးမှူးတွေကို ၁၀ ရက်အတွင်း တာဝန်ကရပ်နားဖို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးက သတိပေးဆိုတဲ့ သတင်းတွေကို စုပေါင်းပြီး နောက်ခံစကားပြောနဲ့ ပြန်လည်တင်ဆက်ထားတာ ဖြစ်ပါတယ်။


    ဒီသတင်းတွေထဲမှာ "စစ်ကိုင်းတိုင်းကို NUG အစိုးရ ထိန်းချုပ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အမေရိကန်မှ လက်နက်တွေ ပို့ပေးတယ်ဆိုတဲ့ အချက်နဲ့ မအလ ရှုံးပြီး စစ်ဘီလူးတွေ ပြေးကုန်တယ်ဆိုတဲ့ အချက်လည်း ပါဝင်ခြင်း မရှိပါဘူး။

    သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ အချို့သတင်းတွေမှာတော့ ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၆ မြို့နယ်ရဲ့ ရဲစခန်းတည်ရှိရာ မြို့ပေါ်ကလွဲရင် ကျန်နေရာအများစုကို ဒေသခံကာကွယ်ရေးတပ်တွေက စိုးမိုးထားနိုင်ပြီလို့ ရေးသားထားပါတယ်။သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ မူရင်းသတင်းတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    အုပ်ချုပ်ရေးမှူးတာဝန်ကရပ်နားရန်စစ်ကိုင်းတိုင်းကိုထိန်းချုပ်NUG အစိုးရ ထိန်းချုပ်NUG government has taken controlFakenewsMilitary CoupMilitary CouncilClickbait
    Read Full Article
    Claim :   အမေရိကန်မှ လက်နက်တွေ ပို့ပေးပြီ၊ စစ်ကိုင်းတိုင်းကို NUG အစိုးရ ထိန်းချုပ်လိုက်ပြီ။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!