‌NUG နဲ့ KNU ကြား သွေးခွဲဖို့ဖန်တီးတဲ့သတင်းအမှား

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က KNU ခေါင်းဆောင်ပိုင်းတွေကို ရှင်းလင်း သုတ်သင်ဖို့ အစီအမံတွေလုပ်နေကြောင်း လုပ်ကြံရေးသားထားတဲ့အကြောင်းအရာကို ယခုရက်ပိုင်းအတွင်းဖြန့်ဝေမှုတွေရှိခဲ့ပါတယ်။

ဒီသတင်းကို Ko.THet-Reborn ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ ဧပြီလ ၂၆ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဒီလိုဖြန့်ဝေရာမှာ "NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က KNU ခေါင်းဆောင်ပိုင်းများကို ရှင်းလင်း သုတ်သင်ဖို့ အစီအမံတွေလုပ်နေကြောင်း သတင်းများထွက်ပေါ်နေကြောင်း၊ အင်တာဗျူးတစ်ခုမှာ ဦးရည်မွန်က KNU ဟာ သူ့ရဲ့အမိန့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်နေကြောင်း၊ KNU ခေါင်းဆောင်ပိုင်းတွေဟာ ငွေမက်ကြောင်း၊ KNU ဟာ NUG ရဲ့ လက်အောက်ကို ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ NUG ရဲ့ ညွှန်ကြားချက် မလိုက်နာသော KNU ခေါင်းဆောင်ပိုင်းအချို့ကို ရှင်းလင်းသွားမှာ ဖြစ်ုတယ်လို့ ပြောကြားခဲ့ကြောင်း" ရေးသားထားတာပါ။

မူရင်းဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က KNU ခေါင်းဆောင်ပိုင်းများကို ရှင်းလင်း သုတ်သင်ဖို့ အစီအမံတွေ လုပ်နေတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားတယ်ဆိုတဲ့အကြောင်းအရာဟာ အချက်အလက်၊ အထောက်အထားတစုံတရာနဲ့ရေးသားထားခြင်းမဟုတ်တဲ့အကြောင်းအရာသာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး တစ်ဦးအနေနဲ့ အင်တာဗျူးမှာ ဒီလိုပြောဆိုတယ်ဆိုတဲ့ အချက်ကို မည်သည့် သတင်းမီဒီယာမှာမှလည်း ဖော်ပြထားတာ မရှိပါဘူး။ NUG နဲ့ မဟာမိတ် EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အများကြီး အားကောင်းလာပြီ ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က rfa သတင်းဌာနနဲ့ အင်တာဗျူးမှာ ဧပြီလ ၁၈ ရက်နေ့က ပြောကြားထားပါသေးတယ်။


rfa သတင်းဌာနနဲ့ အင်တာဗျူးမှာ ကာကွယ်ရေးဝန်ကြီးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သတ်ပြီး ပူးပေါင်း ဆောင်ရွက်နေမှုတွေကို ပြောကြားထားတာမှာ EAO ငါးဖွဲ့နဲ့ NUG ကြားမှာ နိုင်ငံရေးနဲ့ စစ်ရေးအပြည့်အဝ ပူးပေါင်း ဆောင်ရွက်နေပြီး၊ PDF တွေကို လေ့ကျင့်သင်ကြားရေးနဲ့ လက်နက်တပ်ဆင်ရေးအတွက် အကူအညီပေးနေတဲ့ EAO က အနည်းဆုံး နောက်ထပ် လေးဖွဲ့ရှိတယ်လို့ ပြောထားပါတယ်။

ဒီအင်တာဗျူးကို သေချာကြည့်ရင် NUG အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဆက်ဆံရေးနဲ့ သဘောထားတွေကို သိနိုင်မှာ ဖြစ်ပါတယ်။

rfa သတင်းဌာနနဲ့ အင်တာဗျူးကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Updated On: 2022-04-28T02:07:22+05:30
Claim :   NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က KNU ခေါင်းဆောင်ပိုင်းများကို ရှင်းလင်း သုတ်သင်ဖို့ အစီအမံတွေလုပ်နေကြောင်း သတင်းများထွက်ပေါ်နေ
Claimed By :  Facebook, Website
Fact Check :  False
Show Full Article
Next Story
Our website is made possible by displaying online advertisements to our visitors.
Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.