BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ပါတီကို မတရားအသင်းအဖြစ်...
သတင်းအတု

NLD ပါတီကို မတရားအသင်းအဖြစ် ကြေငြာတယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ NLD ပါတီကို မတရားအသင်းအဖြစ် ကြေငြာလိုက်ပြီ ဆိုတဲ့ သတင်းအမှားတွေ ရေးသားဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar |
Published -  17 Feb 2021 10:31 AM IST
  • NLD ပါတီကို မတရားအသင်းအဖြစ် ကြေငြာတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ကျော်စွာထက်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၁၀ နာရီ ၁၄ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ "အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ၁၁.၂.၂၀၂၁ နေ့တွင် မတရား အသင်းအဖွဲ့အဖြစ် ကြေငြာလိုက်သည်" လို့ ရေးသားထားပါတယ်။

    အဲ့ဒီ သတင်းအမှားကို like လုပ်ထားသူ ၁၄၀၀ ကျော်ရှိနေပြီး မှတ်ချက်ရေးသားထားသူ ၄၀ ကျော်နဲ့ ထပ်ဆင့် ဝေမျှထားသူ ၁၉၀ ကျော် ရှိနေပါတယ်။

    မူရင်း ရေးသားမှုကို ဒီမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    ကျော်စွာထက် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ NLD ပါတီကို မတရားအသင်းအဖြစ် ကြေငြာလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ချိထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ နဲ့ သမ္မတအပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး NLD ရုံးချုပ်တွေကို စစ်တပ်က ဝင်ရောက်ရှာဖွေတာတွေ စာရွက်စာတမ်း၊ ဘဏ်စာရင်းစာအုပ်တွေ သိမ်းယူတာတွေ ရှိခဲ့ပေမယ့် ပါတီရုံးချုပ်တွေဟာ အခုထိ ဖွင့်ထားဆဲဖြစ်ပါတယ်။ အဲ့ဒီအပြင် စစ်တပ်က အာဏာသိမ်းယူပြီး ယနေ့ ၁၇ ရက်မြောက်တဲ့အထိ NLD ပါတီကို မတရားအသင်း အဖြစ်ကြေငြာတာဓ တရားမဝင်အသင်းအဖြစ်ကြေငြာတာမျိုးမရှိသေးသလို ဒီအကြောင်းအရာကို တရားဝင်သတင်းဌာနတွေမှာ ရေးသားထားတာမျိုးလည်းမရှိပါဘူး။

    ဒီသတင်းအမှားတင်ခဲ့တဲ့သူရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ တပ်မတော်ထောက်ခံသူ တစ်ဦးဖြစ်တာကို တွေ့ရပြီး NLD ပါတီကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ဆက်တိုက် တင်နေတာကို တွေ့ရပါတယ်။

    Tags

    False newsNLDillegal organizationMilitary CoupElection Myanmarသတင်းအမှား
    Read Full Article
    Claim :   ကျော်စွာထက် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတင်ထားတဲ့ NLD ပါတီကို မတရားအသင်းအဖြစ် ကြေငြာလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!