BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • တပ်မတော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ...
သတင်းအတု

တပ်မတော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပိတ်သိမ်းဖို့ မုံရွာအောင်ရှင်ပြောထားခြင်းမရှိ

ဒီရက်ပိုင်းအတွင်း သတင်းစာမှာပါရှိတဲ့ သတင်းပုံစံဖန်တီးပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  27 Jan 2021 1:19 PM IST
  • တပ်မတော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ပိတ်သိမ်းဖို့ မုံရွာအောင်ရှင်ပြောထားခြင်းမရှိ

    ဒီလိုထွက်ပေါ်လာတဲ့ သတင်းအမှားထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မုံရွာအောင်ရှင်ရဲ့ နာမည်ကို အသုံးပြုထားတာကို တွေ့ရပြီး အဲ့ဒီသတင်းအမှားရဲ့ ခေါင်းစဉ်မှာ "တပ်မတော် သတင်းမှန်ပြန်ကြားရေး လူမှုကွန်ယက် စာမျက်နှာအား ပိတ်သိမ်းမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်ဆို" လို့ ရေးထားပါတယ်။

    အဲ့ဒီသတင်းအမှားရဲ့ အတွင်းမှာတော့ "မဲစာရင်းအမှားတွေကို တပ်ကဆက်တိုက်ထုတ်ပြန်နေတာပေါ့။ အဲ့ဒါကို အစိုးရကိုရော ယူအီးစီကိုပါ လူထုက အကြည်အညိုပျက်လာကြပြီ။ ရှေ့လျှောက် အခုလိုထပ်ပြီးလုပ်နေရင် နိုင်ငံအတွက် အလားအလာမကောင်းဘူး။ ကျွန်တော်တို့ဘက်က အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သမ္မတကိုပါ တင်ပြထားပြီးပြီ။ သူတို့သုံးနေတဲ့ Facebook Page ကို အပြီးပိတ်သိမ်းပေါ့။ ဒါက လုပ်ကိုလုပ်ရမှာ။ ဒီအတိုင်းဆက်ပြီးလွှတ်ထားလိုက်ရင် ထပ်ပြီးလုပ်နေအုံးမှာလေ။ နောက်ပြီး Facebook နဲ့ စာချုပ်သက်တမ်းလည်း မပြည့်သေးတော့ လုပ်ခိုင်းလို့ ရသေးတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ သန်းခြောက်ထောင်ကျော်သုံးထားတာပဲဟာ။ ကျွန်တော်တို့ခိုင်းလို့ …" (သတ်ပုံ မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းစာစက္ကူပုံစံ ဖန်တီးထားတဲ့ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာနဲ့ ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

    သတင်းဆန်းစစ်ချက်

    သတင်းစာစက္ကူပုံစံ ဖန်တီးထားတဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ဖျက်သိမ်းမယ်လို့ မုံရွာအောင်ရှင်က ပြောခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

    NLD ပါတီဗဟိုပြန်ကြားရေးက မုံရွာအောင်ရှင်က ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ဖူးခြင်း လုံးဝမရှိဘူးလို့ ပြောပါတယ်။ ဒီလို သတင်းအမှား ဖြန့်တဲ့အပေါ် "သတင်းအမှား၊ သတင်းအတုကို ပုံစံတစ်မျိုးနဲ့ လုပ်လာကြတယ်ပေါ့။ စောစောပိုင်းကတော့ ဒီလိုပြောပါတယ်၊ ဟိုလိုပြောပါတယ်ဆိုပြီး ရိုးရိုးပဲ ဖြန့်တာလေ။ အခုကျတော့ အဲ့လိုမဟုတ်တော့ဘူး။ သတင်းစာထဲမှာပဲပြောလို့ သတင်းစာထဲကနေ ယူပြီးတင်တဲ့ပုံစံမျိုး ပြန်လုပ်ကြတယ်လေ။ ဒါတွေက တကယ်တမ်းကတော့ ဘယ်လိုပုံစံနဲ့ပဲ ဖြန့်ဖြန့် ဒီဟာ သတင်းအမှားလား သတင်းအတုလားဆိုတာ ပြည်သူတွေကတော့ သိကြပါတယ်။ ဒါတွေဟာ သတင်းအမှားလား သတင်းအတုလား ဆိုတာ သိကြပါတယ်။ အခုလည်း ဒီလိုပါပဲ ကျွန်တော့်ကို ဖြန့်တဲ့သတင်းဆိုရင် တပ်မတော်နဲ့ ကျွန်တော်တို့ပါတီကို ရန်တိုက်ပေးတာပေါ့ဗျာ" လို့ Boom Myanmar ကို ပြောပါတယ်။

    Tags

    False newsNLD spokesmanshut downTatmadaw's Facebook pageသတင်းအတုElection Myanmar
    Read Full Article
    Claim :   သတင်းစာစက္ကူပုံစံ ဖန်တီးထားတဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ဖျက်သိမ်းမယ်လို့ မုံရွာအောင်ရှင်က ပြောခဲ့တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!