BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ကိုယ်စားလှယ်လောင်းက...
သတင်းအတု

NLD ကိုယ်စားလှယ်လောင်းက အမုန်းစကားပြောတယ်ဆိုတဲ့ သတင်းအမှား

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် က သံဃာတော်တွေ ဆီမှာ ကိုရိုနာရောဂါပိုး စစ်ဆေးတွေ့ရှိပြီး နောက်ပိုင်းမှာ NLD ပါတီက ကိုယ်စားလှယ်လောင်းတစ်ဦးက အမုန်းစကားပြောကြားထားတယ်ဆိုတဲ့ ဖြန့်ဝေမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  28 Sept 2020 6:54 PM IST
  • NLD ကိုယ်စားလှယ်လောင်းက အမုန်းစကားပြောတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ ရေးသားဖြန့်ဝေမှုကို စက်တင်ဘာလ ၂၅ ရက်နေ့မှာ ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာနဲ့ ရေးသားဖြန့်ဝေခဲ့ကြတာဖြစ်ပြီး ရေနံချောင်းမြို့နယ်က NLD ပါတီရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် က သံဃာတော်တွေအပေါ် အမုန်းစကားပြောကြားထားတယ်ဆိုပြီး Screen Shot ထားတဲ့ ဓါတ်ပုံတွေ တင်ထားပါတယ်။

    အဲ့ဒီ Screen Shot ဓါတ်ပုံတွေထဲမှာ Khin Maung Win ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် တစ်ဦးက သံဃာတော်တွေအပေါ် အမုန်းစကား ပြောကြားထားတဲ့ အကြောင်းအရာ တစ်ခုနဲ့ ရေနံချောင်းမြို့နယ်က NLD ကိုယ်စားလှယ်ရဲ့ ဖေ့စ်ဘွတ်အကောင့် Profile ဓါတ်ပုံနဲ့ မဲဆန္ဒနယ် ကိုဖော်ပြထားတဲ့ ဓါတ်ပုံတစ်ပုံ ပါဝင်ပါတယ်။

    ဒီလို ရေးသားဖြန့်ဝေကြတဲ့အထဲက နမူနာ တစ်ခုကို ဖော်ပြရမယ်ဆိုရင် စက်တင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီ ၆ မိနစ်ခန့်မှာ San ThawTar ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က "အမတ်လောင်းရဲ့ တောက်ခေါက်သံ" လို့ ရေးထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်တစ်ခုကို တင်ထားပါတယ်။

    အဲ့ဒီပိုစ့်ထဲမှာ "ဝန်ကြီးလုပ်မဲ့ လွှတ်တော်အမတ်လောင်းကတောင် ဇာတိပုတိတွေ ပြနေပြီ။ nld ကို မဲမပေးသင့်ဘူးလို့ ကျ နော်တွေးမိတာက အာ့မျိုးတွေကြောင့်ပါ။ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးအမှူးထားပြီးရဟန်းရှင် သာမဏေများ ကျ န်းမာခြင်းများ ပြည့်စုံတော်မူကြပါစေဘုရား" လို့ ရေးသားထားပြီး Screen Shot ထားတဲ့ ရုပ်ပုံတွေကို တင်ထားပါတယ်။

    အဆိုပါ သတင်းကို San Thaw Tar ဖေ့စ်ဘွတ်အကောင့်ကနေ ထပ်ဆင့်ဝေမျှသူ ၂၂၀၀ ကျော်ရှိနေပြီး တခြားဖေ့စ်ဘွတ် အကောင့်ပေါင်းများစွာဖြင့်လည်း ဖြန့်ဝေနေကြဆဲ ဖြစ်ပါတယ်။

    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ပျံနှံ့နေတဲ့ အကြောင်းအရာဖြစ်တဲ့ ရေနံချောင်းမြို့နယ်က NLD ကိုယ်စားလှယ်လောင်းက အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် က သံဃာတော်တွေ ကိုရိုနာရောဂါပိုး ကူးစက်ခံထားရမှု အပေါ် အမုန်းစကား ဖြန့်ဝေထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ကြည့်တဲ့အခါ ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ပြီး သတင်းအမှားဖြန့်ကာ ဝါဒဖြန့်ချီနေတာကို တွေ့ရပါတယ်။

    အဆိုပါ Screen Shot ဓါတ်ပုံမှာ ပါဝင်တဲ့သူဟာ Khin Maung Win အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခု ဖြစ်ပြီး ရေနံချောင်းမြို့နယ်က NLD ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းရဲ့ ဖေ့စ်ဘွတ်အကောင့်မဟုတ်ပါဘူး။

    အဲ့ဒီလို လူမှားဖြန့်ဝေပြီး တိုက်ခိုက်နေမှုအပေါ် NLD ပါတီရဲ့ ရေနံချောင်မြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်က ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ "ဒီကနေ့ ကျွန်တော် Khin Maung Win နှင့် နာမည်တူ အကောင့်၏ facebook comments ကို ss ရိုက်ပြီး ကျွန်ေတာ် ေရးသားခဲ့သရောင် တမင် ရည်ရွယ်ချက် ရှိရှိ ဝါဒဖြန့်နေတာ တွေ့ရပါတယ်။ ကျွန်တော်သည် အခြားမည်သည့် pages and accounts တွင်မှ ဝင်‌ေရာက် comments (ကွန်းမန့်)ရေသားခြင်းမပြုခဲ့ပါ။ဝါဒဖြန့်တိုက်ခိုက်နေသည့် Khin Maung Win အမည်ပါ SS comments များသည် ကျွန်တော် ရေးသားထားခြင်းမဟုတ်ပါကြောင်း မိဘပြည်သူများ သိစေလိုပါတယ်။ ကျွန်တော်သည် မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်‌ေလာင်းဖြစ်သည့်အလျောက် ကိုယ် စောင့်ထိမ်းလိုက်နာရမည့် ပါတီစည်းကမ်းများအပြင်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပေဒများ၊ ကျင့်ဝတ်များ နှင့် လူမှုမီဒီယာဆိုင်ရာ ဥပဒေများပါ လိုက်နာရသူ ဖြစ်ပါတယ်။ ဒီနိုင်ငံ ဥပဒေ၏ ကာကွယ်ေစာင့်ရှောက်မှုခံစားခွင့်ရှိသည့် နိုင်ငံသားတစ်ဦးလည်း ဖြစ်ပါတယ်။" လို့ ရေးသားခဲ့ပါတယ်။

    မူရင်းရေးသားထားတဲ့ ပိုစ့်ကို ဒီမှာ ဖတ်နိုင်ပါတယ်။

    ဒါကြောင့် လူမှုကွန်ယက်ပေါ်မှာ မှားယွင်းစွာ ဖြန့်ဝေနေတဲ့ Screen Shot ပုံတွေဟာ NLD ကိုယ်စားလှယ်လောင်းရဲ့ ပုံတွေ မဟုတ်ဘဲ လူမှားပြီး မှားယွင်းစွာ ဖြန့်ဝေနေတဲ့ အကြောင်းအရာတွေသာ ဖြစ်ပါတယ်။

    Tags

    False newsNLD candidatehate speechsocial mediaNLD ကိုယ်စားလှယ်လောင်းအမုန်းစကားသတင်းအမှား
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ပျံနှံ့နေတဲ့ အကြောင်းအရာဖြစ်တဲ့ ရေနံချောင်းမြို့နယ်က NLD ကိုယ်စားလှယ်လောင်းက အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် က သံဃာတော်တွေ ကိုရိုနာရောဂါပိုး ကူးစက်ခံထားရမှု အပေါ် အမုန်းစကား ဖြန့်ဝေထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!