BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဖားကန့် ဝှေခါမှော် ကျောက်တွင်း NLD...
သတင်းအတု

ဖားကန့် ဝှေခါမှော် ကျောက်တွင်း NLD နဲ့ တရုတ် ကုမ္ပဏီ အကျိုးတူ လုပ်ဆောင်ဆိုတဲ့ သတင်းအမှား

ဖားကန့်ဒေသက ဝှေခါမှော်မှာ မြေစာပုံ ပြိုကျခဲ့တဲ့ သတင်းအပေါ် နိုင်ငံရေးအမြတ်ထုတ်တဲ့ သတင်းအမှားတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  13 July 2020 12:15 PM IST
  • ဖားကန့် ဝှေခါမှော် ကျောက်တွင်း NLD နဲ့ တရုတ် ကုမ္ပဏီ အကျိုးတူ လုပ်ဆောင်ဆိုတဲ့ သတင်းအမှား

    ဒီလိုထွက်ပေါ်လာတဲ့ သတင်းအမှားတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေးပါတီတွေကို တိုက်ခိုက်ထားတာ တွေ့ရပြီး သတင်းအမှားတွေကို စနစ်တကျ ဖန်တီးထားတာကို တွေ့ရပါတယ်။

    Phoe Nge ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုဟာ ဇူလိုင်လ ၈ ရက်နေ့ ည ၆ နာရီ ၅၇ မိနစ်မှာ NLD မပါသောညွန့်ပေါင်း အစိုးရ လိုလားသူများ ဆိုတဲ့ ဖေ့စ်ဘွတ်ဂရုထဲမှာ သတင်းအမှား တစ်ပုဒ် တင်ထားပါတယ်။ အဲ့ဒီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဝှေခါကျောက်တွင်းပြိုကျမှု့ NLD ပါတီနှင့် တရုတ်ကုမ္ပဏီ (၄) ခု အကျိုးတူ နေရာမှာဖြစ်" ဆိုတဲ့ သတင်းခေါင်းစဉ်ကို တပ်ထားပြီး သတင်းရဲ့ အတွင်းပိုင်းမှာ "၂၀၂၀ ခု ဂျူလိုင်လ (၂) ရက်နေ့တွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါမှော်တွင် မြေစာပိ၍ သေဆုံးသူများသည် တဖက်မှ နိုင်ငံရေးအရ တိုက်ခိုက်လိုစိတ်ဖြင့် ရေးသားနေကြသော ဦးပိုင် ကုမ္ပဏီ ပိုင်နေရာမှ ပြိုကျခြင်း မဟုတ်ကြောင်း ဒေသခံများက တညီတည့တ်ထဲ RFM သို့ အတည်ပြု ပြောကြားသည်" လို့ ရေးသားထားပါတယ်။

    အဆိုပါ ရေးသားဖြန့်ဝေမှုကို သတင်းဌာန အယောင်ဆောင်ပြီး နိုင်ငံရေး သတင်းအမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ Radio Free Myanmar (လွတ်လပ်တဲ့ မြန်မာ့အသံ) တံဆိပ် ပါဝင်တဲ့ Screen Shot ပုံတွေကနေ စတင်ပျံနှံ့ခဲ့တာ ဖြစ်ပါတယ်။

    ဒီ အကြောင်းအရာကို ဖေ့စ်ဘွတ်အကောင့်တု ပေါင်းများစွာနဲ့ လူများတဲ့ Group တွေထဲ မှာ ပြန်တင်ပြီး ဖြန့်ဝေခဲ့ကြပါတယ်။

    သတင်းဆန်းစစ်ချက်

    Phoe Nge ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖြန့်ဝေခဲ့တဲ့ ဖားကန့်ဒေသ ဝှေခါမှော် မြေစာပုံ ပြိုကျခဲ့တဲ့ နေရာဟာ NLD ပါတီနဲ့ တရုတ် ကုမ္ပဏီ (၄) ခု အကျိုးတူ ပြုလုပ်တဲ့ နေရာမှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းကို ဆန်းစစ်ဖို့ Boom Myanmar က ကချင်ပြည်နယ် သံယဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

    မြေသား ပြိုကျခဲ့တဲ့ နေရာတွေဟာ NLD ပါတီရဲ့ ရှယ်ယာဝင်ထားတဲ့ လုပ်ကွက်တွေ မဟုတ်ဘူးလို့ ဆိုပါတယ်။

    ဒီလို ရေးသားဖြန့်ဝေထားတဲ့အပေါ် "အဲ့ဒီ လုပ်ကွက်က NLD နဲ့ ရှယ်ယာ မဟုတ်ပါဘူး။ ပြီးတော့ အဲ့ဒီ ကုမ္ပဏီတွေကလည်း ကျွန်တော်တို့ သိရသလောက်က နိုင်ငံသားတွေပါ။ သူတို့ နောက်ဆက်တွဲမှာတော့ ဘယ်လို ဘယ်ပုဂ္ဂိုလ်တွေပါတယ်ဆိုတာတော့ သိပ်ပြီးတိတိကျကျတော့ မသိဘူးပေါ့နော်။ တရုတ်တွေကတော့ အဲ့ဒီမှာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြင်တာကတော့ နိုင်ငံသား တရုတ်တွေပါပဲ များသားအားဖြင့် လာရှိုးတို့ တာချီလိပ်တို့ ဘက်ကတွေက များပါတယ်။ နောက်ပြီးတော့ အဲ့မှာ သူတို့ ဝ အဖွဲ့ထဲကပေါ့နော် သူတိုကလည်း ရင်းနှီးမြုပ်နှံ့မှုတွေမှာ ရှယ်ယာအနေနဲ့ ဝင်ထားတာတွေ ရှိတာပေါ့နော်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲ့ဒါတွေက ရှိတာပေါ့နော်။

    ဒီ ကုမ္ပဏီတွေနဲ့ ပက်သက်ပြီးတော့မှလေ ဒါတွေက စစ်အစိုးရရဲ့ လက်ထက်ကတည်းကနေ ပထမအကြိမ် ရွေးကောက်ပွဲ နဲ့ တက်လာတဲ့ အစိုးရ လက်ထက် အထိပေါ့နော် ဆောင်ရွက်ထားတဲ့ ဟာတွေပေါ့နော်။ အခုဒါ NLD နဲ့ကတော့ ပြောရမယ်ဆိုရင် ဒါအခု လက်ရှိမှာ အစိုးရ လုပ်လို့ ဒါပေါ့ ဒီကိစ္စတွေနဲ့ ပက်သက်ပြီးမှ သူတို့ ချထားပေးတဲ့ လုပ်ငန်းစဉ်တွေကို သွားလာတဲ့ လမ်းကြောင်းတွေကို ကျွန်တော်တို့က ထိန်းကြောင်းပေးတဲ့ ဟာပဲလုပ်တာ။ ဒါ NLD အစိုးရနဲ့ ဖက်စပ် လုပ်တာ မဟုတ်ပါဘူး။

    သူကတော့ ဒီလိုပေါ့ဗျာ။ ရင်းနှီးမြုပ်နှံ့မှု လုပ်ရင် ဆောင်ရွက်နေကြတာက များတာကတော့ မြန်မာနိုင်ငံသားပေါ့နော်။ တရုတ်တို့ ဘာတို့ကတော့ စီးပွားရေးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ တစ်နိုင်ငံတင် မကပါဘူး။ တစ်ခြားသော နိုင်ငံတွေမှာလည်း သိထားပြီးတဲ့အတိုင်းလေ သူတို့ တရုတ်တွေကတော့ အဲ့လိုပဲ သွားရောက်ပြီးမှ အမည်ခံလုပ်နေတဲ့ မူလ ကုမ္ပဏီတွေမှာ သူတို့ ရှယ်ယာဝင်တာတွေ ရှိတယ်။ ဒါက သူတို့ ဘယ်လို လုပ်ထားလဲဆိုတာတော့ မသိဘူးပေါ့နော်။ ဆိုတဲ့အခါကျတော့ ဒါက ပြည်တွင်းက ကုမ္ပဏီတွေပါပဲ။

    သတင်းအမှားကတော့ ဒီအချိန်မှာ ရွေးကောက်ပွဲကလည်း နီးသတဲ့ နီးလာပြီဆိုတဲ့ အချိန်ကျတော့ သူတို့အနေနဲ့ကတော့ သတင်းအမှားက ဖြန့်နေကြမှာပဲ" လို့ ဦးဒါရှီလဆိုင်း က ပြောပါတယ်။

    Tags

    False newsNLD and Chinese companiesworking together in Hpakantဖားကန့် ဝှေခါမှော်ကျောက်တွင်းNLD နဲ့ တရုတ်ကုမ္ပဏီအကျိုးတူ လုပ်ဆောင်သတင်းအမှား
    Read Full Article
    Claim :   Phoe Nge ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဖြန့်ဝေခဲ့တဲ့ ဖားကန့်ဒေသ ဝှေခါမှော် မြေစာပုံ ပြိုကျခဲ့တဲ့ နေရာဟာ NLD ပါတီနဲ့ တရုတ် ကုမ္ပဏီ (၄) ခု အကျိုးတူ ပြုလုပ်တဲ့ နေရာမှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းကို့ Boom Myanmar က ကချင်ပြည်နယ် သံယဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!