BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • NLD ကိုယ်စားလှယ် ၂၀၀...
သတင်းအတု

NLD ကိုယ်စားလှယ် ၂၀၀ ကျော်နှုတ်ထွက်တယ်ဆိုတဲ့ သတင်းအမှား

ရွေးကောက်ပွဲအလွန်ကာလတလျှောက်လုံးမှာ မဲရလဒ်တွေနဲ့ပတ်သက်တဲ့ သတင်းအမှားဖြန့်ဝေမှုတွေကို ပုံစံမျိုးစုံနဲ့ မြင်တွေ့နေရပါတယ်။

By - Boom Live Myanmar |
Published -  19 Jan 2021 7:22 PM IST
  • NLD ကိုယ်စားလှယ် ၂၀၀ ကျော်နှုတ်ထွက်တယ်ဆိုတဲ့ သတင်းအမှား

    ဒီရက်ပိုင်းအတွင်းမှာလည်း NLD ပါတီက အနိုင်ရထားတဲ့ ကိုယ်စားလှယ် ၂၀၀ ကျော် နုတ်ထွက်စာတင်ထားတယ်ဆိုတဲ့ သတင်းအမှား ဖြန့်ဝေမှုတွေ ရှိနေပါတယ်။

    အဆိုပါ သတင်းအမှားကို "ရာဇသံ ရာဇသံ" ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဇန်နဝါရီလ ၁၇ ရက်နေ့ မနက် ၈ နာရီ ၄၁ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာဖြစ်ပြီး အခုလိုရေးသားထားတာဖြစ်ပါတယ်။

    "အစိုးရ ရအောင်ဖွဲ့မယ် ဟုတ်လား။ လူမှန်ရင် စဉ်းစားပါဦး။ NLD က အရွေးခံ အမတ်အသစ် ၂၀၀ က ထွက်စာတင်ထားတယ်။ ဘယ်လိုများ အတည်ပြုမလဲ။ ဟုတ်ပြီ လွှတ်တော်ခေါ်ပါပြီ ခေါ်ပေါ့ ၂၅% တပ်မတော်ကိုယ်စားလှယ်တွေ တိုင်းရင်းသားပါတီ မဟာမိတ်ပါတီ USDP ပါတီတွေ အားလုံးက လွှတ်တော်ကို မတက်ဘူး။ ကဲဘာလုပ်မလဲ။" လို့စသဖြင့်ထည့်သွင်း ရေးသားထားပါတယ်။

    အဆိုပါ အကြောင်းအရာကို ထပ်ဆင့်ဝေမျှထားသူ ၃၀၀ နီးပါးရှိနေပြီး Yoe Ma ဆိုတဲ့ နောက်ထပ်ဖေ့စ်ဘွတ်အကောင့်တစ်ခုကလည်းယင်းအကြောင်းအရာကို ပြန်တင်ထားပြီး ၎င်းဆီက ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော်ရှိနေပါတယ်။

    မူရင်းရေးသားမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    သတင်းဆန်းစစ်ချက်

    သတင်းအမှားဖြန့်ဝေသူတွေ ရေးသားထားတဲ့ NLD ပါတီက အနိုင်ရအမတ် ၂၀၀ ကျော် နုတ်ထွက်စာတင်ထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးကြည့်တဲ့အခါ နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

    ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က အနိုင်ရ NLD အမတ် ၂၀၀ ကျော် နုတ်ထွက်စာတင်ထားတယ်ဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ Boom Myanmar ကို ပြောပါတယ်။

    အခုလို ရေးသားဖြန့်ဝေမှုအပေါ်လည်း "ဒီလို သတင်းအမှားတွေဖြန့်ပြီး ကျွန်တော်တို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်၊ အာရုံနောက်အောင် လုပ်နေတာပါပဲ။ ကျွန်တော်တို့ သတင်းအမှားတွေ ရှင်းနေရပြီး မနားရအောင်လုပ်နေတာ လို့ပဲမြင်ပါတယ်" လို့ မုံရွာအောင်ရှင်က မှတ်ချက်ပေးပါတယ်။

    Tags

    Fake newsnew NLD MPsresignedElection Myanmar 2020အနိုင်ရကိုယ်စားလှယ်နုတ်ထွက်သတင်းအမှား
    Read Full Article
    Claim :   သတင်းအမှားဖြန့်သူတွေ ရေးသားထားတဲ့ NLD ပါတီက အနိုင်ရအမတ် ၂၀၀ ကျော် နုတ်ထွက်စာတင်ထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေးထားပါတယ်။
    Claimed By :  Facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!