BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မော်ခီးစခန်းမှာ KNU တပ်ဖွဲ့ဝင် ၄၀...
သတင်းအတု

မော်ခီးစခန်းမှာ KNU တပ်ဖွဲ့ဝင် ၄၀ နီးပါးကျဆုံးဆိုတဲ့ သတင်းအမှား

မော်ခီးစခန်း ကျရှုံးပြီး KNU တပ်ဖွဲ့ဝင် ၄၀ နီးပါးကျဆုံးတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  11 April 2022 9:38 AM IST
  • မော်ခီးစခန်းမှာ KNU တပ်ဖွဲ့ဝင် ၄၀ နီးပါးကျဆုံးဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်အကောင့်တွေနဲ့ ပေချ့်တွေမှာ ဧပြီလ ၇ ရက်နေ့က စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့် ဖြန့်ဝေနေမှုတွေလည်း ရှိနေပါတယ်။ ဖြန့်ဝေရာမှာ "မော်ခီးစခန်း ကျရှုံးပြီး KNU တပ်ဖွဲ့ဝင် ၄၀ နီးပါးကျဆုံးကြောင်းနဲ့ အထောက်အထားပုံတွေ ကြည့်နိုင်ကြောင်း" ရေးသားကာ ဒဏ်ရာရရှိသူ တွေကို ရိုက်ယူထားတဲ့ ဓါတ်ပုံသုံးပုံခန့်နဲ့ တွဲပြီး ဖြန့်ဝေနေတာဖြစ်ပါတယ်။

    အချို့ဖြန့်ဝေမှုတွေမှာတော့ "DKBA.ခွဲထွက် pdf အင်အား ၃၀၀ ကျော်ခုခံခဲ့ကြပေမယ့် တပ်မတော်ကို လက်နက်ချခဲ့ရကြောင်း၊ DKBA နဲ့ KNU တပ်ရင်းတွေလည်း အကျအဆုံးများနဲ့ ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း" တွေ ရေးသားထားပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲ၊ မောခီးကျေးရွာမှာရှိတဲ့ မောခီးစခန်းကို စစ်ကောင်စီတပ်တွေက ဧပြီလ ၆ ရက်နေ့က ပြန်လည်နေရာယူလိုက်ခြင်းသာ ဖြစ်ပါတယ်။ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း KNLA ဘက်က ပြောထားတဲ့ သတင်းတွေအရ သိရပါတယ်။

    မော်ခီးစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်တွေဆီက လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာအများအပြားသိမ်းဆည်းရမိခဲ့ကြောင်းနဲ့ ဗုံးခိုကျင်းတွေအပါအဝင် တပ်စခန်းအတွင်း နေစရာနေရာတွေကိုတော့ မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်ခွာသွားတယ်လို့ KNLA ဘက်က ပြောထားပါတယ်။

    ဒီအကြောင်းကို DVB သတင်းဌာနမှာ ဧပြီလ ၇ ရက်နေ့က ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့ပါ။

    မော်ခီးစခန်းကို စစ်ကောင်စီတပ်တွေ ပြန်လည်နေရာယူတဲ့ အကြောင်းအရာနဲ့ ပါတ်သတ်ပြီး Delta News Agency သတင်းဌာနရဲ့ သတင်းမှာလည်း စခန်း ရှင်းလင်းပြီးကတည်းက မည်သူမှ မထိုင်ကြောင်း ကော့ကရိတ်မြို့နယ် အတွင်းရေးမှူး ပဒို စောအယ်ကော်သောက ပြောကြားတယ်လို့ ဖော်ပြထားပါတယ်။


    သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အထက်ပါ အချက်အလက်တွေအရ မော်ခီးစခန်းကို စစ်ကောင်စီတပ်တွေ ပြန်လည်နေရာယူဖို့ ကြိုးပမ်းခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရှေ့ထွက်မိုင်းတွေ၊ စနိုက်ပါတွေနဲ့ ကြားဖြတ် ချုံခိုတိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ အများအပြား ရှိခဲ့ပေမယ့် ပူးပေါင်းအဖွဲ့တွေဘက်မှာတော့ ထိခိုက်ကျဆုံးမှု အနည်းငယ်သာ ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

    Myanmar Now သတင်းဌာနမှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ဖော်ပြခဲ့တဲ့ သတင်းအရ မော်ခီးစခန်းကို ပြန်လည် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဘက်က ၄၀ ကျော် သေဆုံးတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြောထားပါတယ်။


    သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Mawkhee CampKNUMawkhi camp40 KNU troops Killedမော်ခီးစခန်းKNLAFakenewsMilitary Coup
    Read Full Article
    Claim :   မော်ခီးစခန်း ကျရှုံးပြီး KNU တပ်ဖွဲ့ဝင် ၄၀ နီးပါးကျဆုံးတယ်လို့ဆို
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!