BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ရခိုင်ပြည်သူ ၃၀၀၀ နီးပါး...
သတင်းအတု

ရခိုင်ပြည်သူ ၃၀၀၀ နီးပါး မီးလောင်သေဆုံးဆိုတဲ့ သတင်းအမှား

ဘူးသီးတောင် မောင်တောကို စစ်ကောင်စီက မီးလောင်တိုက်သွင်းခဲ့ပြီး ရခိုင်ပြည်သူ ၃၀၀၀ နီးပါး မီးလောင်သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေတောတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  29 Feb 2024 10:20 AM IST
  • ရခိုင်ပြည်သူ ၃၀၀၀ နီးပါး မီးလောင်သေဆုံးဆိုတဲ့  သတင်းအမှား

    ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Radio ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

    ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ် နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရခိုင်ပြာကျပြီ။ ရခိုင်တွေကို မင်းအောင်လှိုင် လက်စားချေပြီ။ ဘူးသီးတောင် မောင်တောကို မီးနဲ့ပြာချပြီ။ ပြည်သူ ၃၀၀၀ နီးပါး မီးလောင်သေဆုံး' လို့ ရေးသားထားတာပါ။

    ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ နှစ်သိန်းနီးပါး ရှိနေပါတယ်။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    ရခိုင်ပြည်သူ ၃၀၀၀ နီးပါး မီးလောင်သေဆုံးဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

    ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ စစ်ကောင်စီက ရန်ကုန်က ကျောက်ဖြူလေဆိပ်ကိုဆင်းလာတဲ့ လေယာဉ်ပေါ်ကခရီးသည် လူငယ် ၆၇ ယောက်ကို ဖမ်းဆီးခဲ့တဲ့ အကြောင်းအရာကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

    ဒီအကြောင်းအရာတွေထဲမှာ ဘူးသီးတောင် မောင်တောကို စစ်ကောင်စီက မီးလောင်တိုက်သွင်းခဲ့ပြီး ရခိုင်ပြည်သူ ၃၀၀၀ နီးပါး မီးလောင်သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။

    ဖေဖေါ်ဝါရီ ၁၉ နဲ့ ၂၀ ရက်နေ့ ဝန်းကျင်မှာ စစ်ကောင်စီက ရခိုင်က ပြန်လာတဲ့ ရခိုင်လူငယ် ရာနဲ့ချီဖမ်းဆီးခဲ့တဲ့အကြောင်း သတင်းဌာနအချို့မှာ ဖော်ပြထားပါတယ်။


    သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    ဒါကြောင့် အခုဖြန့်ဝေနေတဲ့ ရခိုင်ပြည်သူ ၃၀၀၀ နီးပါး မီးလောင်သေဆုံးဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသား ထားတဲ့ သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

    Tags

    ရခိုင်ပြည်သူ ၃၀၀၀ မီးလောင်မီးလောင်သေဆုံးရခိုင်ကိုလက်စားချေလက်စားချေFakenewsဘူးသီးတောင်မောင်တော
    Read Full Article
    Claim :   ရခိုင်ပြည်သူ ၃၀၀၀ နီးပါး မီးလောင်သေဆုံးတယ်လို့ဆို
    Claimed By :  Facebook, Website, Youtube
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!