BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ...
သတင်းအတု

နေပြည်တော်ဝင်ပေါက်တွေပိတ်ဆို့တယ်ဆိုတဲ့ သတင်းအမှား

နေပြည်တော်သို့ ယာဉ်များဝင်ရောက်နိုင်တဲ့ ဝင်ပေါက်အားလုံးကို ပိတ်ဆို့ထားတယ်ဆိုတဲ့ သတင်းရေးသားမှုများနဲ့ လူမှုမီဒီယာပေါ် ဖြန့်ဝေမှေုတွေဟာ သတင်းမှားများသာ ဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  31 Jan 2021 10:41 AM IST
  • နေပြည်တော်ဝင်ပေါက်တွေပိတ်ဆို့တယ်ဆိုတဲ့ သတင်းအမှား

    ဒီသတင်းကို မြန်မာတိုင်းမ် သတင်းဌာနမှာ "နေပြည်တော်သို့ အဝင်လမ်းများ ပိတ်ထားကြောင်း သိရ" ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ရေးသားဖော်ပြထားပါတယ်။ သတင်းထဲမှာတော့ "ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော အခြေအနေအရ နေပြည်တော်သို့ ယာဉ်များဝင်ရောက်နိုင်သည့် ဝင်ပေါက်အားလုံးကို ပိတ်ထားကြောင်း ဒေသခံများနှင့် တာဝန်ရှိသူများက ဆိုကြောင်း၊ အမြန်လမ်းမကြီးကို အဓိကပိတ်ထားခြင်းဖြစ်ပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းဝင်ပေါက်တွေမှာလည်း စစ်ဆေးမှုများရှိကြောင်း၊ အဓိကအားဖြင့် ဆန္ဒပြမည့်သူများ နေပြည်တော်သို့ ဝင်ရောက်မလာစေရန်အတွက် ဝင်ပေါက်များပိတ်ခြင်း၊ စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုကြောင်း" ရေးသားထားတာပါ။ သတင်းကို ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။

    မြန်မာတိုင်းမ် သတင်းဌာနနည်းတူ အခြားလူမှုကွန်ရက် အသုံးပြုသူအချို့ကလည်း အမြန်လမ်း ၁၁၅ မိုင်ဂိတ်ကနေ နေပြည်တော်ဘက်လာတဲ့ ကားအားလုံးကို ပိတ်ထားပြီး ပြန်လှည့်ခိုင်းနေတယ်လို့ ရေးသားဖြန့်ဝေမှုတွေ ရှိခဲ့ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


    သတင်းဆန်းစစ်ချက်

    မြန်မာတိုင်းမ် သတင်းဌာနအနေနဲ့ ဒီသတင်းရဲ့ အဓိကအကြောင်းအရာတွေကို မေးမြန်းရေးသားထားတာမှာ Credible source တစ်စုံတစ်ယောက်မှ မပါပဲ တာဝန်ရှိသူတစ်ဦးလို့သာ ရည်ညွှန်း ရေးသားထားတာဖြစ်ပါတယ်။ ဒေသခံ ကိုဇင်မောင်မောင် ဆိုသည်မှာလည်း ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြဆိုဖို့ခက်ခဲပါတယ်။

    ဒီသတင်းနဲ့ ပါတ်သတ်ပြီး "အမြန်လမ်းမကြီးမှာ သွားရေးလာရေး ပိတ်ပင်ထားတာမရှိ" ဆိုတဲ့ ခေါင်းစဉ်နဲ့ 7 Day သတင်းဌာနရဲ့ 7 Day TV ဖေစ့်ဘွတ်စာမျက်နှာမှာ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းက ဖော်ပြခဲ့ပါတယ်။


    သတင်းပါအချက်များအရ "နေပြည်တော်မှာ တည်ထားကိုးကွယ် မယ့် ဗုဒ္ဓဆင်းတုတော်အတွက် စကျင်ကျောက် အစိတ်အပိုင်း တွေကို သယ်ဆောင်နေတာကြောင့် အမြန်လမ်းမကြီးမှာ ယာဉ်လမ်းကြောင်း လမ်းလွှဲပေးနေရတာသာ ဖြစ်ကြောင်း၊ ယာဉ်တွေကို ပြန်လှည်ခိုင်းတာမျိုးမရှိဘဲ လမ်းလွှဲပေးနေသာတာဖြစ်ကြာင်း အမြန်လမ်း ရဲတပ်ဖွဲ့က ဒုရဲအုပ် တင်မောင်က ပြောဆိုကြောင်း" ရေးသားထားပါတယ်။

    သတင်းပါ ရုပ်သံဖိုင်တွင်လည်း ဒုရဲအုပ် တင်မောင်ရဲ့ အသံဖိုင်ပါရှိပြီး ဒီလိုလမ်းပိတ်တယ်ဆိုတာ တောင်ပြော၊ မြောက်ပြော ပြောထားတာသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    အလားတူ Myanmar Now သတင်းဌာနကလည်း အမြန်လမ်းနဲ့ နေပြည်တော်ကို သွားလာခွင့် ပိတ်ထားတယ်ဆိုတဲ့ သတင်းဟာ ကောလဟလသာဖြစ်တယ်လို့ ဇန်နဝါရီလ ၂၉ ရက်နေ့က သတင်းဖော်ပြထားပါတယ်။


    Myanmar Now သတင်းဌာနရဲ့ သတင်းဖော်ပြမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    ယခုရက်ပိုင်းအတွင်း အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်နဲ့ တပ်မတော်အကြား ဆက်ဆံရေးတင်းမာမှုများ ရှိနေစဉ်အတွင်း မြန်မာတိုင်းမ် သတင်းဌာနက ရေးသားထားတဲ့ "ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော အခြေအနေအရ နေပြည်တော်သို့ ယာဉ်များဝင်ရောက်နိုင်သည့် ဝင်ပေါက်အားလုံးကို ပိတ်ထား" ဆိုတဲ့ အသုံးအနှုန်းအပြင် "အဓိကအားဖြင့် ဆန္ဒပြမည့်သူများ နေပြည်တော်သို့ ဝင်ရောက်မလာစေရန်အတွက် ဝင်ပေါက်များပိတ်ခြင်း၊ စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်တယ်" ဆိုတဲ့ ရေးသားချက်တွေဟာ အချက်အလက်အမှားတွေဖြစ်နေတဲ့အပြင် အများပြည်သူအကြား အထိတ်တလန့် ဖြစ်စေနိုင်တဲ့ အတွက် BOOM က သတင်းဆန်းစစ်ခဲ့ခြင်း ဖြစ်ပါတယ်။

    Tags

    Naypyidaw entrancesBlockedFake Newsဗုဒ္ဓဆင်းတုတော်Highway
    Read Full Article
    Claim :   နေပြည်တော်သို့ ယာဉ်များဝင်ရောက်နိုင်တဲ့ ဝင်ပေါက်အားလုံးကို ပိတ်ဆို့ထားတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေမှုအပေါ် BOOM က သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!