BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မင်းမော်ကွန်း ဖမ်းဆီးခံရပြီး...
သတင်းအတု

မင်းမော်ကွန်း ဖမ်းဆီးခံရပြီး ကျဆုံးတယ်ဆိုတဲ့ သတင်းအမှား

သရုပ်ဆောင် မင်းမော်ကွန်း KNU တပ်မဟာ ၆ နယ်မြေအတွင်း အဖမ်းခံခဲ့ရကြောင်းနဲ့ ကျဆုံးသွားပြီဆိုပြီး‌ ရေးသားဖြန့်ဝေတဲ့အကြောင်းအရာတွေလူမှုကွန်ရက်မှာပျံ့နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar |
Published -  23 Dec 2021 8:14 AM IST
  • မင်းမော်ကွန်း ဖမ်းဆီးခံရပြီး ကျဆုံးတယ်ဆိုတဲ့ သတင်းအမှား

    ဒီဖြန့်ဝေမှုတွေကို ဒီဇင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး စစ်တပ်ထောက်ခံသူတွေရဲ့ ဖေစ့်ဘွတ်ဂရုတွေနဲ့ ပေချ့်တွေမှာ ရေးသားဖြန့်ဝေ နေတာဖြစ်ပြီး ဒီရက်ပိုင်းမှာတော့ မင်းမော်ကွန်း ကျဆုံးပြီဆိုတဲ့ ပိုစ့်တွေပါ လူမှုမီဒီယာတွေပေါ် ပြန့်နှံ့လာတာ တွေ့ရပါတယ်။

    လုပ်ကြံရေးသားထားတဲ့ ပိုစ့်တွေမှာ "မိမော်ကွန်း ဖမ်းခံရတာ အမှန်ပါ ဗျာ့။ MWD MRTV မှာ ဒလန်လုပ်တော့မည်။ KNU တပ်မဟာ ၆ နယ်မြေအတွင်း ဖမ်းခံရတာပါ။" လို့ ရေးသားဖြန့်ဝေနေတာတွေ ရှိသလို အခုရက်ပိုင်းအတွင်း ထပ်မံတက်လာတဲ့ ပိုစ့်တွေမှာတော့ "ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်း ကျဆုံးပြီ" ဆိုတဲ့ လုပ်ကြံရေးသားမှုတွေလည်းရှိခဲ့ပါတယ်။


    ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    သရုပ်ဆောင် မင်းမော်ကွန်း ဖမ်းဆီးခံရတယ်ဆိုတဲ့အကြောင်းအရာတွေပျံ့နှံ့နေဆဲမှာပဲ D-Day Channel က စီစဉ်တဲ့ "လေးကေကော်ရဲ့ တွန်းလှန်စစ်" ဆိုတဲ့ စကားဝိုင်းအစီအစဉ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့ညပိုင်းမှာ D day Channel၊ People'Embrace၊ Mizzima၊ Khit Thit Media၊ ThanLwinTimes နဲ့ Tachileik News Agency သတင်းဌာနတွေမှာ တိုက်ရိုက်ထုတ်လွှင်ခဲ့ပါတယ်။

    ဒီတိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်မှာ သရုပ်ဆောင် မင်းမော်ကွန်းအပါအဝင် AAC မဟာမိတ်အဖွဲ့မှ တာဝန်ခံ ကိုရဲမင်း၊ CDM ဗိုလ်ကြီး တစ်ဦးဖြစ်တဲ့ ကိုလင်းထက်အောင် တို့နဲ့အတူ D-Day Channel က အစီအစဥိတင်ဆက်သူ ကိုရဲဟိန်းတို့ ပါဝင်ဆွေးနွေးထားပါတယ်။

    ဒါ့အပြင် ယနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းမှာလည်း D-Day Channel မှာ "ကိုမင်းမော်ကွန်း နဲ့ ပြည်သူတွေရဲ့ တော်လှန်ရေးမေးခွန်း အမေးအဖြေ" ဆိုတဲ့ အစီအစဉ်ကို ဖော်ပြထားပါတယ်။


    ဒါကြောင့် ခုရေးသားဖြန့်ဝေနေတဲ့ သရုပ်ဆောင်မင်းမော်ကွန်း ဖမ်းဆီးခံရတယ်ဆိုတာ မှန်ကန်ခြင်းမရှိသလို သေဆုံးသွားပြီလို့ ရေးသားနေတာတွေဟာ သတင်းအမှားတွေသာ ဖြစ်ပါတယ်။D-Day Channel မှာ ဖော်ပြခဲ့တဲ့ သရုပ်ဆောင်မင်းမော်ကွန်း ပါဝင်ခဲ့တဲ့ အစီအစဉ်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    Military CoupActor Arrestedmilitary councilsFakenewsသရုပ်ဆောင် မင်းမော်ကွန်းKNU တပ်မဟာ ၆movie actor Min Maw Kunလေးကေကော်
    Read Full Article
    Claim :   သရုပ်ဆောင် မင်းမော်ကွန်း KNU တပ်မဟာ ၆ နယ်မြေအတွင်း အဖမ်းခံခဲ့ရကြောင်းနဲ့ ကျဆုံးသွားပြီဆိုပြီး‌ ရေးသား ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!