BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • NLD အစိုးရ ဖွဲ့ပြီးရင်...
      သတင်းအတု

      NLD အစိုးရ ဖွဲ့ပြီးရင် ဘင်္ဂလီတစ်သန်းကျော် အမြန်ပြန်ခေါ်မယ်ဆိုတဲ့ သတင်းအတု

      လူမှုကွန်ယက်ပေါ်မှာ NLD ပါတီက အစိုးရ ဖွဲ့ပြီးရင် ဘင်္ဂလီ တစ်သန်းကျော်ကို အမြန်ပြန်ခေါ်ဖို့ နိုင်ငံတကာ ကို ကတိပေးလိုက်တယ်ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

      By - Boom Live Myanmar |
      Published -  21 Nov 2020 9:20 PM IST
    • NLD အစိုးရ ဖွဲ့ပြီးရင် ဘင်္ဂလီတစ်သန်းကျော် အမြန်ပြန်ခေါ်မယ်ဆိုတဲ့ သတင်းအတု

      အဆိုပါ သတင်းအမှားကို Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၁၀ နာရီ ၃၈ မိနစ်မှာ စတင်ရေးသားခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားရဲ့ ခေါင်းစဉ်မှာ "ဘင်္ဂလီများအား အမြန်ပြန်ခေါ်ရန်ပြင်ဆင်" လို့ ရေးသားထားပါတယ်။ သတင်းရဲ့ အတွင်းပိုင်းမှာတော့ "NLD အနေဖြင့် အစိုးရသစ်ဖွဲ့ပြီးပါက ဘင်္ဂလီတစ်သန်းကျော်အား အလျှင်အမြန် ပြန်ခေါ်သွားမည်ဟု မကြာမီရက်ပိုင်းက ရွေးကောက်ပွဲအောင်နိုင်ခြင်း အထိမ်းအမှတ်အနေဖြင့် နိုင်ငံတကာအား အသိပေး ကတိပြုပြီးနောက်ပိုင်းတွင် ဘင်္ဂလီများအား အမြန်ခေါ်ယူနိုင်ရေး အစွမ်းကုန်ကူညီသွားမည်ဟု အင်္ဂလန် ဂျပန် စသည့်နိုင်များက သတိပေး ကမ်းလှမ်းလာတာကို တွေ့ရပါတယ်။ ထို့အတူ ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂလီများအား အလျှင်အမြန် ပြန်ခေါ်ရန်အတွက် တရုတ်-ဘင်္ဂလား-မြန်မာ သုံးပွင့်ဆိုင်ဆွေးနွေးရန် NLDအစိုးရအား ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းနေပါတယ်" (အသုံးအနှုန်း မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

      မူရင်းရေးသားရေးသား ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

      အဆိုပါ သတင်းအမှားကို Like လုပ်ထားသူ ၂၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ ကျော်ရှိနေပြီး ကူးယူဖော်ပြသူများလည်း ရှိနေပါတယ်။

      သတင်းဆန်းစစ်ချက်

      Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတဲ့ NLD ပါတီက အစိုးရ ဖွဲ့ပြီးရင် ဘင်္ဂလီ တစ်သန်းကျော် အလျှင်အမြန်ပြန်ခေါ်မယ်လို့ နိုင်ငံတကာ ကို ကတိပေးထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ် မေးမြန်းတဲ့အခါ အဆိုပါ သတင်းဟာ သတင်းအမှား ဖြစ်တယ်လို့ အတည်ပြုပါတယ်။

      သတင်းအမှား ဖြန့်ချီသူတွေ ပြောဆိုထားတဲ့ အကြောင်းအရာဟာ ဒီရက်ပိုင်းအတွင်း NLD ပါတီက တစ်ဦးတစ်ယောက်မှ ပြောဆိုထားခြင်း မရှိသလို နိုင်ငံတကာ မီဒီယာတွေရော၊ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။

      ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က "ကျွန်တော်ပြောချင်တာကတော့လေ ခုနက ပြောတဲ့ ဘင်္ဂလီ တစ်သန်းကို ပြန်ခေါ်မယ်တို့ ဘာတို့ဆိုတာ ဘာမှ အခြေအမြစ် မရှိတဲ့ စကားတွေပါ။ အခြေအမြစ် မရှိတဲ့ သတင်းတွေပါလို့ အရင်ဆုံးပြောချင်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့ ခေါင်းဆောင်က လူသိရှင်ကြားပေါ့လေ စကားပြောတာ တွေ့တာဆိုလို့ ဂျပန် စီးပွားရေးကိစ္စ၊ တောင်ကိုရီးယား စီးပွားရေး ကိစ္စ ဒါပဲ ပြောတာပါပဲ။ ကျန်တာ ဘာမှ မရှိပါဘူး။ အဲ့ဒီဟာ က သတင်းအမှားဆိုတာ အတိအလင်း ပြောချင်ပါတယ်။ နောက်တစ်ခုကတော့ ဒီဘက်နောက်ပိုင်းပေါ့လေ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကလည်း လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်ပြီး သတင်းအမှားတွေ ပြောတယ်။ တိုက်ခိုက်တယ်။ အခုရွေးကောက်ပွဲ ပြီးပြန်တော့လဲ အရှိန်က မသေသေးဘူး။ ထပ်ပြီးတော့ ဘာသာရေး တိုက်ခိုက်လာတယ်ပေါ့လေ။ ဒါပေမယ့် ဖြစ်ပေါ်နေတဲ့ ဘာသာရေးသတင်းအမှားတွေကို ဘယ်သူမှ မယုံတော့ပါဘူးလို့ပဲ ပြောချင်ပါတယ်" လို့ Boom Myanmar ကို ပြောပါတယ်။

      Tags

      False newsBengalisNLD governmentElection MyanmarNLD အစိုးရဘင်္ဂလီတစ်သန်းကျော်သတင်းအတု
      Read Full Article
      Claim :   Nay Thurain ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားတဲ့ NLD ပါတီက အစိုးရ ဖွဲ့ပြီးရင် ဘင်္ဂလီ တစ်သန်းကျော် အလျှင်အမြန်ပြန်ခေါ်မယ်လို့ နိုင်ငံတကာ ကို ကတိပေးထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဆက်သွယ် မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
      Claimed By :  facebook
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!