BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • သမိုင်းလမ်းဆုံမှာ စစ်ကောင်စီတပ်သား...
သတင်းအတု

သမိုင်းလမ်းဆုံမှာ စစ်ကောင်စီတပ်သား ၆၀ ကျော် သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

မေလ ၁၇ ရက်နေ့က သမိုင်းလမ်းဆုံက စစ်ကောင်စီတပ်တွေရဲ့ လုံခြုံရေးကင်းတဲ ဘန်ကာတိုက်ခိုက်ခံရမှုကြောင့် တပ်သား ၆၀ ခန့် သေဆုံးသွားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ဒီရက်ပိုင်းထဲပျံ့နှံ့လာပါတယ်။

By - Boom Live Myanmar |
Published -  21 May 2022 5:13 PM IST
  • သမိုင်းလမ်းဆုံမှာ စစ်ကောင်စီတပ်သား ၆၀ ကျော် သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို မြန်မာ့သတင်းဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မေလ ၁၈ ရက်နေ့ မနက် ၅ နာရီ ၄၆ မိနစ်မှာ "သမိုင်းလမ်းဆုံပွဲကြမ်းပြီ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ website သတင်း Link တစ်ခုကို Share ထားပါတယ်။ အဆိုပါ link ရဲ့ Feature Photo ပေါ်မှာ "၁၇ ရက်နေ့ အထူးသတင်း၊ သမိုင်းလမ်းဆုံ ၆၀ ကျော် အသတ်ခံရ၊ ရဲနဲ့ စစ်ခွေးတွေ သေကုန်ပြီ။ လက်နက်ကိုင်အဖွဲ့ အရေးပေါ် ကြေငြာ" (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    အဆိုပါ link ကို နှိပ်ကြည့်ရင် Liteepost ဆိုတဲ့ website ထဲကို ရောက်သွားပြီး ၎င်း ဝက်ဘ်ဆိုက်အတွင်းမှာ YouTube Video တစ်ပုဒ်ကို တင်ထားပါတယ်။ ၎င်း YouTube Video ဟာ ၈ မိနစ်နဲ့ ၂၃ စက္ကန့်ကြာမြင့်ပြီး အတွင်းမှာ သတင်း ၇ ပုဒ်ကို နောက်ခံ အသံရွတ်ဆိုပြီး သတင်းတင်ဆက်တဲ့ပုံစံ ပြုလုပ်ထားပါတယ်။

    မူရင်း ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါသတင်းအမှားကို Like လုပ်ထားသူ ၃၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၁၀၀ နီးပါးရှိကာ YouTube ပေါ်မှာ ဝင်ရောက် ကြည့်ရှု့သူ ၆၀၀ နီးပါးရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    သမိုင်းလမ်းဆုံမှာ မေလ ၁၇ ရက်နေ့ စစ်ကောင်စီတပ်တွေ ကင်းချထားတဲ့ လုံခြုံရေးဘန်ကာထဲ ဗုံးပစ်သွင်းပြီး ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၆၀ ခန့် သေဆုံးသွားတယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၎င်းတို့ Website နဲ့ YouTube ကို ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာဖြန့်ဝေထားတဲ့အကြောင်းအရာဖြစ်တာတွေ့ရပါတယ်။

    သမိုင်းလမ်းဆုံ ပစ်ခတ်ခံရမှုဟာ စစ်သား ၃ ဦးခန့် အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ပြီး ၂ ဦး သေဆုံးနိုင်ခြေရှိတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ၎င်းဒဏ်ရာ အပြင်းအထန်ရရှိခဲ့တဲ့ စစ်သား ၂ ဦး သေဆုံးမှု ရှိ၊မရှိကိုတော့ မည်သည့်အဖွဲ့ကမှ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ သတင်းအမှားထဲမှာ ရေးသားထားသလို ၆၀ ခန့် သေဆုံးတယ်ဆိုတာလည်း မဟုတ်ပါဘူး။ သမိုင်းလမ်းဆုံက စစ်ကောင်စီတပ်တွေ ပစ်ခတ်ခံရတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

    သတင်းအမှားကို ဖန်တီးရာမှာ စစ်ကောင်စီတပ်သား ၆၀ ခန့် သေဆုံးနိုင်တယ်လို့ ဆိုထားပေမယ့် သတင်းအတွင်းမှာတော့ တခြားသတင်းတွေသာ ဖော်ပြထားပါတယ်။ အဆိုပါ YouTube Video ထဲမှာ "သမိုင်းလမ်းဆုံတွင် အသစ်ဆောက်လုပ်ထားသည့် လုံခြုံရေးဘန်ကာထဲသို့ ဗုံးပစ်သွင်းပြီး ပစ်ခတ်သွား ရဲ ၂ ဦးထက်မနည်း ဒဏ်ရာရပြီး သေဆုံးမှုများရှိ ဆိုတဲ့ သတင်း၊ ကြောက်စိတ်ကိုဖျောက်၊ ခြောက်စိတ်ကိုတပ်ကာ စကစကို တော်လှန်မည် စာသားကို ကိုင်ဆောင်၍ စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်ခရိုင် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြဆိုတဲ့သတင်း နဲ့ ကနီမြို့နယ်အလယ်ကျွန်းကျေးရွာသို့ ရိက္ခာလာပို့သော စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များ မိုင်းခွဲတိုက်ခိုက်၍ စစ်သား ၁၀ ဦးထက်မနည်း သေဆုံး၊ စစ်ကောင်စီ ၂ ထပ် သင်္ဘော ရှော့တိုက်ဒုန်းနဲ့အပစ်ခံရ၍ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများ စစ်တပ်က ဝင်ရောက် မီးရှို့ ဆိုတဲ့ သတင်း၊ မြစ်ကြီးနားမြို့ပေါ်တွင် လုယက်မှုနှင့် နေအိမ်ဖောက်ထွင်းမှု ပိုများလာဆိုတဲ့သတင်း၊ လောင်းလုံတွင် မြေခွေးစစ်တပ် အမြစ်ဖြတ်ဖို့ လူထုအသံနဲ့ တိုက်ထုတ် ဆိုတဲ့ ကြွေးကြော်သံနဲ့ ချီတက် သပိတ်မှောက် ဆိုတဲ့သတင်း၊ စစ်အာဏာရှင် ချေမှုန်းရေး လက်ပတောင်းတောင် ပင်မသပိတ်စစ်ကြောင်း မိုးရေထဲ ဆန္ဒပြဆိုတဲ့ သတင်း စတဲ့ သတင်းအကြောင်းအရာတွေကို ဖော်ပြထားပါတယ်။

    သတင်းအမှားတင်ထားတဲ့ website ဟာ ဝင်ရောက်ကြည့်ရှု့သူများအောင် ခေါင်းစဉ်တွေမှာ သတင်းအမှားတွေနဲ့ ရေးသားထားပြီး ကြည့်ရှု့သူဦးရေ များလာတဲ့အခါ ကြော်ငြာတွေက ဝင်ငွေပြန်ရှာတဲ့ Clickbait ဝက်ဘ်ဆိုက်တစ်ခုသာ ဖြစ်ပါတယ်။

    Tags

    False newsmilitaryCoupPDFThamaing JunctionShotသတင်းအမှားသမိုင်းလမ်းဆုံစစ်ကောင်စီ
    Read Full Article
    Claim :   သမိုင်းလမ်းဆုံက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ဘန်ကာတိုက်ခိုက်ခံရမှုကြောင့် ၆၀ ခန့် သေဆုံး
    Claimed By :  facebook, YouTube, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!