BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအတု
      • စစ်ကိုင်းမှာ PDF ၄၀၀ ကျော်...
      သတင်းအတု

      စစ်ကိုင်းမှာ PDF ၄၀၀ ကျော် သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

      စစ်ကိုင်းမှာ အနော်ရထာ စစ်ဆင်ရေးကြောင့် PDF အဖွဲ့ဝင် ၄၀၀ ကျော် ကျဆုံးနေတယ်လို့ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

      By - Boom Live Myanmar |
      Published -  26 Oct 2021 7:54 AM IST
    • စစ်ကိုင်းမှာ PDF ၄၀၀ ကျော် သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

      ဒီဖြန့်ဝေမှုတွေကို အောက်တိုဘာလ ၂၁ ရက်မှာ စတင်ပြီး စစ်တပ်ထောက်ခံတဲ့ ဖေစ့်ဘွတ်ပေချ့်တွေ၊ ဂရုတွေနဲ့ Telegram ချန်နယ်တွေမှာ ဖြန့်ဝေနေတာပါ။ ဖြန့်ဝေရာမှာ "စစ်ကိုင်းမှာ အနော်ရထာစဆရကြောင့်အကြမ်းဖက် PDF တွေ ဖြတ်လေးဖြတ် အဖြတ်ခံထားရပြီး ၄၀၀ ကျော်ခန့် အကျအဆုံးရှိကြောင်း" ရေးသားဖြန့်ဝေနေတာပါ။

      ဖြန့်ဝေနေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။ အနော်ရထားစစ်ဆင်ရေးနဲ့ ပါတ်သတ်ပြီး ဘီဘီစီသတင်းဌာနကလည်း "ဒေသကာကွယ်ရေးတပ် PDF တွေ ကြုံလာရမယ့် အနော်ရထာ စစ်ဆင်ရေး" ဆိုပြီး အောက်တိုဘာလ ၁၉ ရက်က ဖော်ပြခဲ့ပါသေးတယ်။


      သတင်းထဲမှာ "ဒေသကာကွယ်ရေး အဖွဲ့တွေ ၊ PDF တွေ၊ ချင်းမြေ ကာကွယ်ရေး CDF အဖွဲ့တွေ လှုပ်ရှားမှု အားကောင်းနေတဲ့ မကွေး၊ စစ်ကိုင်းနဲ့ ချင်းတောင်တန်းဒေသကို ကိုင်တွယ်ဖို့ရာ စစ်ကောင်စီတပ်တွေ ဦးတည် ပစ်မှတ်ထား ပြင်ဆင်နေေကြောင်း" ရေးသားဖော်ပြထားပါတယ်။ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

      ဒီနောက်ပိုင်း ဒီသတင်းကို အကြောင်းပြုပြီး အနော်ရထားစစ်ဆင်ရေးနဲ့ ပါတ်သတ်တဲ့ သတင်းမှားတွေ လုပ်ကြံဖန်တီးကာ ဖြန့်ဝေမှုတွေရှိလာခဲ့ပါတယ်။

      သတင်းဆန်းစစ်ချက်

      စစ်ကိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၀၀ ကျော် ကျဆုံးတယ်ဆိုတဲ့ သတင်းကို Sagaing People Defense Force ရဲ့ ဖေစ့်ဘတ်ပေချ့်နဲ့ NUG အစိုးရရဲ့ ဖေစ့်ဘွတ်စာမျက်နှာပေါ်မှာ တိုက်ပွဲသတင်းတွေကို နေ့စဉ်ဖော်ပြပေးနေတဲ့ "ပြည်သူ့ခုခံစစ်သတင်းများ" ဆိုတဲ့ ကဏ္ဍတွေမှာ ဖော်ပြထားခြင်း မရှိသလို ယုံကြည်ရတဲ့ သတင်းဌာနေတွေမှာလည်း ဖော်ပြထားခြင်း မရှိတာကို တွေ့ရပါတယ်။

      ဖြန့်ဝေနေတဲ့ သတင်းဟာ သတင်းမှားသာဖြစ်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့မှာ အောက်တိုဘာလ ၂၂ ရက်က အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ရေး (၂၅၇ ) ရက်မြောက် အဖြစ် ချီတက် ဆန္ဒပြခဲ့သေးကြောင်း Mizzima သတင်းဌာနမှာ ဖော်ပြထားပါတယ်။


      သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

      Tags

      PDF ၄၀၀အနော်ရထာစစ်ဆင်ရေးစစ်ကိုင်း PDFဖြတ်လေးဖြတ်ဒသကာကွယ်ရေးအဖွဲ့ချင်းမြေ ကာကွယ်ရေး CDFချင်းတောင်တန်းဒေသစစ်ကောင်စီတပ်NUG အစိုးရကလေးမြို့Kalay cityMilitary Coupmilitary councilMyanmar military coup
      Read Full Article
      Claim :   စစ်ကိုင်းမှာ အနော်ရထာ စစ်ဆင်ရေးကြောင့် PDF အဖွဲ့ဝင် ၄၀၀ ကျော် ကျဆုံးနေတယ်လို့ လူမှုမီဒီယာတွေပေါ် ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
      Claimed By :  Facebook, Website
      Fact Check :  False
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!