BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ...
သတင်းအတု

လူနှစ်သိန်းကျော်ကူးစက်ခံထားရတယ်ဆိုတဲ့ သတင်းအမှား

ကိုရိုနာကပ်ဘေး ဖြစ်ပွားနေချိန်မှာ Facebook အကောင့်တုတွေနဲ့ သတင်းအမှား ဖြန့်ဝေနေကြသူတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  24 April 2020 3:29 PM IST
  • လူနှစ်သိန်းကျော်ကူးစက်ခံထားရတယ်ဆိုတဲ့ သတင်းအမှား

    ဒီလို သတင်းအမှား ဖြန့်ဝေနေသူတွေထဲကမှ ဒေထ ဆိုတဲ့ Facebook အကောင့်အတုဟာ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ အများပြည်သူ အထိတ်တလန့် ဖြစ်အောင် ဖြန့်နေတာကို တွေ့ရပါတယ်။

    အဆိုပါ ဖေ့စ်ဘွတ်အကောင့်ဟာ ဧပြီလ ၂၂ ရက်နေ့ နေ့ခင်း ၃ နာရီ ၃၁ မိနစ်အချိန်မှာ သတင်းအမှား တစ်ပုဒ်ကို တင်ခဲ့ပါတယ်။ ဒေထ ဖေ့စ်ဘွတ်အကောင့်တု ဟာ အဆိုပါ သတင်းအမှားထဲမှာ ရန်ကုန်တိုင်း ရွှေပြည်သာ မြို့နယ်က ညီညွှတ်သော တွဲလက်များ ပရဟိတအသင်း က ဓါတ်ပုံကို ခိုးယူသုံးစွဲထားပါတယ်။ ပရိဟိတ အဖွဲ့ရဲ့ ဓါတ်ပုံပေါ်မှာ "သတိ ရောဂါကူးစက်နေသူ ၂ သိန်းကျော်သွားပြီ။ သေဆုံးသူတွေကို ဖြောက်ဖျက်ပစ်နေပါပြီ။ နေပြည်တော်ကို မည်သူမျှ ဝင်ခွင့် မရှိတော့ပါ" လို့ ရေးသားထားပါတယ်။ (စာလုံးပေါင်း သတ်ပုံကို မူရင်းအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။)

    အဆိုပါ ဓါတ်ပုံနဲ့အတူ "နေပြည်တော်မှာ အဝင်မခံဘူးဆိုပါလား" လို့ ရေးသားထားပါတယ်။ ဒီသတင်းအမှားကို လက်ရှိမှာ တဆင့်ဖြန်ဝေသူ ၃၂ဝဝ ကျော် ရှိနေပြီး ဆက်လက်ဖြန့်ဝေသူများရှိနေပါတယ်။

    သတင်းဆန်းစစ်ချက်

    ဒီသတင်း ကို Boom Myanmar က ဆန်းစစ်ကြည့်တဲ့အခါ ဒေထ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင် အဖွဲ့အစည်းတစ်ခုက ဓါတ်ပုံကိုယူသုံးပြီး သတင်းအမှားလုပ်ကြံရေးသားထားကြောင်းတွေ့ရှိရပါတယ်။ ဒီသတင်းထဲမှာ ရေးထားတဲ့ ရောဂါကူးစက်ခံထားရသူ ၂ သိန်းကျော်သွားပြီဆိုတဲ့ အချက်ဟာ လည်းမှားယွင်းနေပါတယ်။ ဒီသတင်းကို ရေးသားနေချိန် ဧပြီလ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံမှာ ကိုရိုနာရောဂါ ကူးစက်ခံထားရသူ ၁၃၉ ဦးအထိ ရှိနေပြီလို့ ကျန်မာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ မနက် ၁ဝ နာရီ အချိန် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


    ဒါ့အပြင် ဒီသတင်းအမှားထဲမှာပါတဲ့ သေဆုံးသူတွေကို ဖျောက်ဖျက် ပစ်နေတယ်ဆိုတာ ဆိုတာသတင်းအမှားသာ ဖြစ်ပါတယ်။

    ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၂ နာရီအထိ မြန်မာနိုင်ငံမှာ ကိုရိုနာရောဂါ ကူးစက်ခံထားရသူ ၁၃၉ ဦး ရှိနေပြီး သေဆုံးလူနာ (၅) ဦးနဲ့ ရောဂါသက်သာသွားတဲ့အတွက် ဆေးရုံမှာ ဆင်းခွင့်ရသူ (၉) ဦးအထိ ရှိနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ဒါ့အပြင် ဒေထ ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ နိုင်ငံရေး အမြတ်ထုတ်တဲ့ သတင်းအမှားတွေ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ အကောင့်အတု တစ်ခုဖြစ်တယ်ဆိုတာလည်း တွေ့ရပါတယ်။


    Tags

    Corona MyanmarFake NewsNaypyitawFake facebook account
    Read Full Article
    Claim :   Facebook အကောင့်အတု တစ်ခုနဲ့ ကိုရိုနာကူးစက်ခံထားရသူ ၂ သိန်းကျော်သွားပြီး သေဆုံးသူတွေကို ဖျောက်ဖျက်ပစ်နေပြီ ဆိုတဲ့ သတင်းအမှားကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!