BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • မိုးဗြဲမှာ...
သတင်းအတု

မိုးဗြဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀၀ ကျော် ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှား

ကရင်နီပြည်နယ် မိုးဗြဲဒေသမှာ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ PDF/KA/KNDF တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  25 Feb 2022 4:12 PM IST
  • မိုးဗြဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀၀ ကျော် ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က Mahar Lawka Parla 5 ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က ရေးတင်ထားတာဖြစ်ပြီး သတင်းရဲ့ ခေါင်းစဉ်မှာ "ဖေဖော်ဝါရီ ၁၆ ရက် မှ ၁၉ ရက်အထိ ၄ ရက်အတွင်း မိုးဗြဲဒေသ၌ PDF/KA/KNDF အကြမ်းဖက်သမား ၂၀၀ ကျော် သေဆုံး" (အသုံးအနှုန်းမူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။ သတင်းအမှားရဲ့ အတွင်းမှာတော့ "သတင်းထိမ်ချန် ထားသော်လည်း မြေပြင် စစ်ဆင်ရေးအဖွဲ့များ၏ သတင်းပို့ချက်အရ ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ တိုက်ပွဲများတွင် NLD ပူးပေါင်းသူပုန်အဖွဲ့မှ PDF/KA/KNDF သူပုန် အနည်းဆုံး ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီ ၁၈၊ ၁၉ ရက်များက မိုးဗြဲ၊ ဝါရီဆူးပလိုင်၊ ဝီသဲခူး တိုက်ပွဲများအတွင်း NLD အကြမ်းဖက်အဖွဲ့ ၁၀ ဖွဲ့ခန့်မှ သေဆုံးခဲ့သော အကြမ်းဖက်သမားများကို အဖွဲ့အလိုက် ၎င်းတို့ပုန်းအောင်းရာ နေရာအသီးသီး၌ ဈာပနပြုလုပ်ပေးနေကြသည်ကို ယနေ့ တွေ့ရသည်။" (မူရင်း ဖော်ပြချက်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။ အဆိုပါ သတင်းအမှားကို တခြား ဖေ့စ်ဘွတ်ပေ့ချ်တွေ အကောင့်တွေကလည်း ကူးယူဖော်ပြခြင်း ထပ်ဆင့်ဝေမျှခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ကယားပြည်နယ် မိုးဗြဲ ဒေသမှာ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၁၉ ရက်နေ့အထိ ၃ ရက်တာ တိုက်ပွဲအတွင်း PDF/ KA/ KNDF တပ်ဖွဲ့ဝင် ၂၀၀ ကျော်ကျဆုံးခဲ့ကြောင်း ရေးသားထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအမှား ဖြစ်ကြောင်းတွေ့ရပါတယ်။

    မိုးဗြဲဒေသမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပြီး အဆိုပါ ကျဆုံးရဲဘော် ၉ ဦးရဲ့ ဈာပနာကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

    ၎င်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်မှ (၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး သံချပ်ကာ အမြှောက်ကား (၁)စီးနှင့် ရိက္ခာတင်ကား (၁)စီး ပျက်စီးခဲ့ယုံသာမက လက်နက်ခဲယမ်း အချို့ကိုလည်း မိုးဗြဲ PDF မှ သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ မိုးဗြဲ PDF က ထုတ်ပြန်ထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

    ကယားပြည်နယ်က တိုက်ပွဲတွေအတွင်း မြေပြင်မှာရှိတဲ့ ရဲဘော်တစ်ဦးကို ကျဆုံးရဲဘော်အရေအတွက်ကို အတည်ပြုဖို့ ထပ်မံမေးမြန်းကြည့်တဲ့အခါ မိုးဗြဲ PDF က ထုတ်ပြန်ထားတဲ့ ၉ ဦးကျဆုံးခဲ့တယ် ဆိုတာ မှန်ကန်ကြောင်း အတည်ပြုပါတယ်။

    Tags

    False news200 PDFPeople
    Read Full Article
    Claim :   မိုးဗြဲ ဒေသမှာ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၁၉ ရက်နေ့အထိ ၃ ရက်တာ တိုက်ပွဲအတွင်း PDF/ KA/ KNDF တပ်ဖွဲ့ဝင် ၂၀၀ ကျော်ကျဆုံး
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!