BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၉၀...
သတင်းအတု

ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၉၀ ကျော် ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းအတု

လူမှုကွန်ယက်ပေါ်မှာ ကယားပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၉၀ ကျော်ကို စစ်ကောင်စီတပ်တွေက ရှင်းပစ်ခဲ့တယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  2 Jun 2021 11:08 AM IST
  • ကယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၉၀ ကျော် ကျဆုံးခဲ့တယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအမှားကို စစ်တပ်ထောက်ခံတဲ့ ဖေ့စ်ဘွတ်ဂရုတွေ၊ ကြံခိုင်ရေးပါတီ ထောက်ခံသူတွေရှိတဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲမှာ အကောင့်တုတွေနဲ့ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပြီး ၎င်းသတင်းအမှားထဲမှာ "ဒီမောဆို စခန်းမကျ ကျဆုံးသူမရှိ ဒဏ်ရာရသူအနည်းငယ်ရှိ။ အင်အားငါးရာကျော်ဝင်တိုတ်တာကို ရဲအရာရှိကိုသိန်းစိုး.ခုခံကာကွယ် 13နာရီအကြာထိ လူနှစ်ဆယ်ခန့်ဖြင့် ဒဏ်ရာရသူများစစ်ဆေးရုံပို့ထား ရန်သူအလောင်း 195လောင်းရ စစ်ကူလည်း ရောက်လာ ကိုသိန်းစိုးနှင့်တစ်ကွ ရဲဘော်များအား ဂုဏ်ပြုလိုက်သည်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    အဆိုပါ သတင်းအမှားကို ဖေ့စ်ဘွတ်အကောင့်တုပေါင်းများစွာနဲ့ ဖြန့်ဝေနေကြဆဲ ဖြစ်ပြီး မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။

    သတင်းဆန်းစစ်ချက်

    စစ်ကောင်စီကို ထောက်ခံသူတွေဘက်က ရေးသားဖြန့်ဝေနေတဲ့ ကယားပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁၉၀ ကျော် ကျဆုံးခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ ကယားပြည်နယ်က သတင်းအမှားတွေကို စိစစ်ဖြေရှင်းပေးနေတဲ့ တကသ ကျောင်းသားဟောင်း တစ်ဦးကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ သတင်းအမှားသာ ဖြစ်တယ်လို့ အတည်ပြုပါတယ်။

    ကယားမှာ ကျဆုံးခဲ့သူ ၂၅ ယောက်ဝန်းကျင် ရှိပြီး ကျဆုံးခဲ့ရသူတွေထဲမှာ အပြစ်မဲ့ ပြည်သူတွေရော၊ KPDF ရော၊ ပရဟိတ လုပ်ငန်းလုပ်ဆောင်နေသူတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။ လမ်းပမ်းဆက်သွယ်ရေး အခက်အခဲနဲ့ နေအိမ်တွေပေါ် လက်နက်ကြီး ကျကာ စိုးရိမ်ဒဏ်ရာရထားသူတွေ ရှိတာကြောင့် ကိန်းဂဏာန်းအရ ၁ ယောက် ၂ ယောက်တော့ ကွာနိုင်တယ် လို့ ပြောပါတယ်။

    စစ်ကောင်စီထောက်ခံသူတွေ ဝါဒဖြန့်ထားသလို ၁၉၀ ကျော် သေဆုံးခဲ့တယ် ဆိုတာ မဟုတ်ပါဘူး။ ဒါ့အပြင် အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တာကို ရန်သူအလောင်း ၁၉၀ ကျော်လို့ ရေးသားထားတာကို တွေ့ရတဲ့အတွက် သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။

    Tags

    Fake newsKayah StatePeople Defense ForceKPDFCoupMilitaryjuntaသတင်းအတုကယားပြည်နယ်
    Read Full Article
    Claim :   စစ်ကောင်စီကို ထောက်ခံသူတွေဘက်က ရေးသားဖြန့်ဝေနေတဲ့ ကယားပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၁၉၀ ကျော် ကျဆုံးခဲ့တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!