BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • MMA လက်ဝှေ့သမား ဖိုးသော်...
သတင်းအတု

MMA လက်ဝှေ့သမား ဖိုးသော် သေဆုံးပြီဆိုတဲ့ သတင်းအမှား

MMA လက်ဝှေ့သမား ဖိုးသော် သေဆုံးသွားပြီလို့ လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာတွေဟာ သတင်းမှားပဲဖြစ်ပါတယ်။

By - Boom Live Myanmar |
Published -  7 May 2021 5:28 PM IST
  • MMA လက်ဝှေ့သမား ဖိုးသော် သေဆုံးပြီဆိုတဲ့ သတင်းအမှား

    MMA လက်ဝှေ့သမား ဖိုးသော်ဟာ မေလ ၅ ရက်နေ့ ညပိုင်းက ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပန်းခြံထဲက Team PT အားကစားခန်းမှာ လက်လုပ်မိုင်းစမ်းသပ်ဖို့ စမ်းသပ်စဉ် ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်ပါလို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။ ဒီသတင်းနဲ့ ဆက်စပ်ပြီး ဖိုးသော်သေဆုံးသွားပြီလို့ သတင်းတွေထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

    ဒီသတင်းကို Lulu Aung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က မေလ ၅ ရက်နေ့ည ၁၁ နာရီ ၄၁ မိနစ်အချိန်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး မေလ ၇ ရက်နေ့အထိလည်း ထပ်ဆင့်ဖြန့်ဝေသူ အချို့ ရှိနေပါတယ်။

    ရေးသားဖြန့်ဝေရာမှာ "ဖိုးသော် ဆုံးသွားပြီ။ စိတ်မကောင်းဘူးညီ။ ဘယ်တတ်နိုင်ပါ့မလဲ စစ်ကောင်စီရဲ့ ယုတ်မာမှုတွေကတော့ ငါတို့ပြည်သူတွေအတွက်တော့ ကမ္ဘမကြေပါပဲ။ ကောင်းရာဘုံဘဝမှာ ငြိမ်းချမ်းပါစေ။" ဆိုပြီး ဖြန့်ဝေနေကြတာပါ။

    ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

    သတင်းဆန်စစ်ချက်

    ဒီသတင်းနဲ့ ပါတ်သတ်ပြီး သတင်းမှားဖြစ်တယ်လို့ Mizzima သတင်းဌာနရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မေလ ၇ ရက်နေ့ ၃ နာရီ ၄၈ မိနစ်က ဖော်ပြထားပါတယ်။


    MMA လက်ဝှေ့သမား ဖိုးသော်နဲ့ နီးစပ်သူ နှစ်ဦးကို Mizzima သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာမှာ မေလ ၇ ရက်နေ့ နေ့လည် ၂ နာရီ ဝန်းကျင်အထိ ဖိုးသော်ဟာ ဆေးကုသမှုခံယူဆဲသာဖြစ်ပြီး သေဆုံးတယ်ဆိုတဲ့ သတင်းတွေဟာ သတင်းမှားတွေသာ ဖြစ်တယ်လို့ ပြောထားပါတယ်။

    Mizzima သတင်းဌာနက မေးမြန်းထားတဲ့ အသံဖိုင်ထဲမှာတော့ "ဟုတ်ကဲ့ စစ်ဆေးရုံမှာပဲ ရှိတယ်။ အဆင်ပြေတယ်။ သတင်းတွေတက်တာ သတင်းအမှားပေါ့။ အခုက ကောင်းမွန်စွာဆေးကုသမှုခံယူရနိုင်ဘို့ပဲ အရေးကြီးတယ်။ သေတော့ မသေသေးဘူး။" လို့ ပြောထားပါတယ်။

    Mizzima သတင်းဌာနက ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

    Tags

    FalsenewsMMA FighterMilitaryMilitary CoupBombing
    Read Full Article
    Claim :   MMA လက်ဝှေ့သမား ဖိုးသော် သေဆုံးသွားပြီလို့ လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတဲ့အပေါ် BOOM က သတင်းဆန်းစစ်ထားပါတယ်။
    Claimed By :  Facebook, Website
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!