BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • စာသင်ကျောင်းတွေ ဗုံးခွဲ...
သတင်းအတု

စာသင်ကျောင်းတွေ ဗုံးခွဲ တိုက်ခိုက်ဖို့ NUG က စာထုတ်တယ် ဆိုတဲ့ သတင်းအမှား

စာသင်ကျောင်းတွေမှာ ဆက်လက်ပညာသင်ကြား‌နေတဲ့ ကလေးတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက စာထုတ်ထားတယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  12 March 2022 9:45 AM IST
  • စာသင်ကျောင်းတွေ ဗုံးခွဲ တိုက်ခိုက်ဖို့ NUG က စာထုတ်တယ် ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို PDF News Channel ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၂ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားထဲမှာ "ကလေးတွေ စာမေးပွဲဖြေတော့မှာမို့ စာသင်ကျောင်းတွေကိုမိုင်းခွဲတိုက်ခိုက်ဖို့ NUG ကာကွယ်ရေးဝန်ကြီးရုံးက စာထွက်တယ်ဆိုတာတော့ မဖြစ်သင့်ဘူးလို့ပဲမြင်တယ် အခုတောင် ကျောင်းကားတွေ ကျောင်းတွေကိုမိုင်းခွဲနေလို့ ထိတာတွေ ရှိနေပြီ အားလုံးက နောင်နိုင်ငံအတွက်အကျိုးပြုမဲ့ ကိုယ့်လူမျိုးကလေးငယ်တွေပါ" (မူရင်းအတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားကို တခြား ဖေ့စ်ဘွတ်အကောင့်တွေက ကူးယူဖော်ပြခြင်း ထပ်ဆင့်ဝေမျှခြင်းတွေ ပြုလုပ်နေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    စာသင်ကျောင်းတွေ ဗုံးခွဲ တိုက်ခိုက်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက စာထုတ်ပြန်ထားတယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ဖို့ လုပ်ကြံရေးသားထားတဲ့ သတင်းအမှားဖြစ်ကြောင်း တွေ့ရတယ်။

    စာသင်ကြောင်းတွေကို တိုက်ခိုက်ဖို့ NUG က တစ်စုံတစ်ရာ ပြောကြားထားခြင်းမရှိပါဘူး။ ဒီအကြောင်းအရာကို NUG ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ် Page မှာ ထုတ်ပြန်ထားခြင်း မရှိသလို မည်သည့် သတင်းဌာနမှာမှ ဖော်ပြထားခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်တဲ့ ပေ့ချ်က လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။ NUG ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ လှုပ်ရှားဆောင်ရွက်မှုတွေကို ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်တဲ့ Ministry of Defence - National Unity Government of Myanmarမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

    သတင်းအမှားဖြန့်ထားတဲ့ PDF News Channel ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ PDF နာမည်သုံးပြီး NUG ၊ CRPH နဲ့ PDF တွေကို တိုက်ခိုက်တဲ့ သတင်းအမှားတွေ ရေးသားဖြန့်ဝေပြီး ဝါဒဖြန့်နေတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဖြစ်တာကို တွေ့ရပါတယ်။


    Tags

    False newsMinistry of DefenceNUGto bomb schoolsPDFCoupMilitaryသတင်းအမှားစာသင်ကျောင်းတွေ ဗုံးခွဲNUG ကာကွယ်ရေးဝန်ကြီးဌာန
    Read Full Article
    Claim :   စာသင်ကျောင်းတွေ ဗုံးခွဲ တိုက်ခိုက်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာန စာထုတ်
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!