BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ကမ္ဘာမီဒီယာကြီးတွေရဲ့ CEO တွေက...
သတင်းအတု

ကမ္ဘာမီဒီယာကြီးတွေရဲ့ CEO တွေက ဒေါ်နယ်ထရမ့်ကို လှူဒါန်းနေတယ်ဆိုတဲ့ သတင်းအတု

ကမ္ဘာမီဒီယာကြီးတွေရဲ့ CEO တွေက ဒေါ်နယ်ထရမ်ကို လှူဒါန်းနေတယ်ဆိုတဲ့ သတင်းအတု တစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar |
Published -  24 July 2024 9:09 PM IST
  • ကမ္ဘာမီဒီယာကြီးတွေရဲ့ CEO တွေက ဒေါ်နယ်ထရမ့်ကို လှူဒါန်းနေတယ်ဆိုတဲ့ သတင်းအတု

    အဆိုပါ သတင်းအတုကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဇူလိုင်လ ဆန်းပိုင်းခန့်က စတင်ဖြန့်ဝေနေကြတာဖြစ်ပြီး သတင်းအမှားထဲမှာ “မီဒီယာတွေမှာ ဘိုက်ဒန်ကို ဆန့်ကျင်တဲ့အသံတွေဟာ မတော်တဆ ဖြစ်ရပ်များမဟုတ်ပါ” ဟုဆိုကာ “CNN, ABC, CBS, NBC, MSNBC, New York Times စတဲ့ မီဒီယာကြီးတွေရဲ့ CEO တွေနဲ့ Washington Post ပိုင်ရှင် Jeff Bezos နဲ့ Wall Street Journal ပိုင်ရှင် Rupert Murdoch တို့အားလုံးဟာ ဒေါ်နယ်ထရမ့်ကို လှူဒါန်းသူတွေဖြစ်တယ်" လို့ ဖော်ပြထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

    အဆိုပါ သတင်းအတုကို လူမှုကွန်ယက် စာမျက်နှာအသီးသီးမှာ ဖြန့်ဝေထားကြပါတယ်။

    သတင်းဆန်းစစ်ချက်

    ကမ္ဘာမီဒီယာကြီးတွေရဲ့ CEO တွေက ဒေါ်နယ်ထရမ်ကို လှူဒါန်းနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအတုသက်သက် ဖြစ်ကြောင်းတွေ့ရပါတယ်။

    အခုလို သတင်းအမှားတွေအပေါ် ကမ္ဘာမီဒီယာတွေကလည်း Fact-check ဝိုင်းလုပ်ထားကြပြီး အဆိုပါ CEO တွေနဲ့ Media ပိုင်ရှင်တွေဟာ ထရမ့်ရဲ့ မဲဆွယ်ကမ်ပိန်းတွေကို တိုက်ရိုက်လှူဒါန်းတယ်ဆိုတဲ့ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရပါဘူး။

    ABC မီဒီယာရဲ့ အုပ်ချုပ်သူတွေထဲ Hillary Cliton နဲ့ ဂျိုးဘိုက်ဒန်ကို လှူဒါန်းခဲ့မှုတွေ ရှိခဲ့ပြီး ထရမ့်အတွက်လှူဒါန်းထားတယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ CNN, ABC, CBS, NBC, MSNBC, New York Times စတဲ့ မီဒီယာကြီးတွေရဲ့ CEO တွေနဲ့ Washington Post ပိုင်ရှင် Jeff Bezos နဲ့ Wall Street Journal ပိုင်ရှင် Rupert Murdoch တို့အားလုံးရဲ့ လှူဒါန်းမှု စာရင်းတွေ ထဲမှာလည်း ဒေါ်နယ်ထရမ့်ကို လှူဒါန်းတယ်ဆိုတဲ့ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်ပြီး USA Today နဲ့ Snoops တိုမှာ အချက်အလက် စစ်ဆေးထားတဲ့ သတင်းကို အောက်ပါ Link မှာ ဖတ်နိုင်ပါတယ်။

    False claim media CEOs donated to Trump campaign | Fact check

    Did CEOs of CNN, NBC and New York Times Donate to Trump?

    ဒီသတင်းအမှားတွေဟာ အမေရိကန်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်ကမ်ပိန်းတွေ ပြုလုပ်ကာ ထရမ့် ကိုထောက်ခံသူတွေ ပြန်လည်မြင့်တက်လာချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းအမှားတစ်ပုဒ်သာ ဖြစ်ပါတယ်။

    Tags

    False newsmedia CEOsdonatedTrump
    Read Full Article
    Claim :   CNN, ABC, CBS, NBC, MSNBC, New York Times စတဲ့ မီဒီယာကြီးတွေရဲ့ CEO တွေနဲ့ Washington Post ပိုင်ရှင် Jeff Bezos နဲ့ Wall Street Journal ပိုင်ရှင် Rupert Murdoch တို့အားလုံးဟာ ဒေါ်နယ်ထရမ့်ကို လှူဒါန်းသူတွေဖြစ်တယ်။
    Claimed By :  Facebook, Threads, X
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!