BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လေးကေ့ကော်မှာ PDF...
သတင်းအတု

လေးကေ့ကော်မှာ PDF အမြောက်အများကျဆုံးတယ်ဆိုတဲ့ သတင်းအမှား

လေးကေ့ကော်မှာ တိုက်ပွဲဖြစ်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီထောက်ခံသူတွေက ဝါဒဖြန့်ဖို့ သတင်းအမှားများစွာဖြန့်နေကြပါတယ်။

By - Boom Live Myanmar |
Published -  20 Dec 2021 7:08 AM IST
  • လေးကေ့ကော်မှာ PDF အမြောက်အများကျဆုံးတယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို ရွှေရင်အေးဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာလ ၁၅ ရက်နေ့ည ၇ နရီ ၄၅ မိနစ်မှာ ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားထဲမှာ ယမန်နေ့က လေးကေ့ကော်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်က ၆၄ ဦး ကျဆုံးခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင် PDF ၂၇ ဦးနဲ့ ထမင်းချက်ပေးတဲ့ LGBT ပြည်သူ့ကာကွယ်ရေးတပ်သား ၃ ဦး ဖမ်းမိခဲ့ကြောင်း ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။ အဆိုပါ သတင်းအမှားကို like လုပ်ထားသူ ၁၀၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ များစွာရှိကာ ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကလည်း ကူးယူဖော်ပြနေပါတယ်။


    သတင်းဆန်းစစ်ချက်

    လေးကေ့ကော်မှာ PDF တွေ အများကြီးကျဆုံးပြီး ၃၀ ခန့် ဖမ်းဆီးခံရတယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝါဒဖြန့်ထားတဲ့ သတင်းအမှားဖြစ်ကြောင်းတွေ့ရပါတယ်။

    ကရင်ပြည်နယ် မြဝတီမြို့နယ် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် လေးကေ့ကော်မြို့သစ်ထဲမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက် စီးနင်းပြီး နေအိမ်တွေကို ဝင်ရောက် ရှာဖွေ ဖမ်းဆီးရာ NLD အမတ်နဲ့ CDM ဆရာဝန်တစ်ဦးအပါအဝင် ၂၀ ကျော်ခန့် အဖမ်းခံရပြီးနောက် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးခဲ့တယ်လို့ NUG အစိုးရရဲ့ သတင်းဌာနဖြစ်တဲ့ PVTV မှာ ဖော်ပြထားပါတယ်။ PVTV က သတင်းကို ဒီမှာ ကြည့်ပါ။


    ယမန့်က ဖြစ်ပွားခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့က တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးပြီး၊ စစ်ကောင်စီတပ်သား(၆) ဦး နဲ့ BGF (၂) ဦးဖမ်းမိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ ထုတ်ပြန်ထားတဲ့ သတင်းကို ဒီမှာ ကြည့်ပါ။

    အဆိုပါ သတင်းအမှားနဲ့ ပတ်သက်ပြီး လေးကေ့ကော်မှာ ရောက်ရှိနေတဲ့ အလွတ်တမ်း ဓါတ်ပုံ သတင်းထောက်တစ်ဦးကို Boom Myanmar က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ "တလွဲတွေပါဗျာ။ အခြေအနေက ဘယ်ဟာ အမှန်လဲက ဒီမှာရှိနေတဲ့သူတွေ အသိဆုံးပဲ။ စစ်ကောင်စီက အဲ့လောက်သာ နယ်မြေစိုးမိုးမှုရရင် လေးကေ့ကော်တစ်မြို့လုံးကို၊ တစ်ရွာလုံးကို မီးရှို့ပြီးပြီ " လို့ ဆိုပါတယ်။



    Tags

    False newsPeople
    Read Full Article
    Claim :   လေးကေ့ကော်မှာ PDF တွေ အများကြီးကျဆုံးပြီး ၃၀ ခန့် ဖမ်းဆီးခံရတယ် ဖြန့်ထားတဲ့ အကြောင်းအရာဟာ သတင်းအမှားဖြစ်ပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!