BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • ဒီချုပ်ကိုယ်စားလှယ်...
သတင်းအတု

ဒီချုပ်ကိုယ်စားလှယ် လုပ်ကြံခံရတဲ့ကိစ္စ ပယ်မဲကိစ္စနဲ့ပတ်သက်သလား

လူမှုကွန်ယက်ပေါ်မှာ NLD ကိုယ်စားလှယ် ဦးထိုက်ဇော် သေဆုံးခံရမှုနဲ့ ပတ်သက်ပြီး SNLD ပါတီက မဲတွေ ပယ်မဲလုပ်ခဲ့လို့ မကျေနပ်တဲ့ တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့တာလို့ ဖြန့်ဝေရေးသားမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar |
Published -  23 Nov 2020 6:30 PM IST
  • ဒီချုပ်ကိုယ်စားလှယ် လုပ်ကြံခံရတဲ့ကိစ္စ ပယ်မဲကိစ္စနဲ့ပတ်သက်သလား

    ဒီအခြေအနေနဲ့ပတ်သက်လို့ Boom ကဆန်းစစ်ရရှိထားတဲ့ အချက်အလက်တွေကို ဒီဆောင်းပါးမှာလေ့လာနိုင်ပါတယ်။

    အဆိုပါ အကြောင်းအရာကို လူမှုကွန်ယက်ပေါ်မှာ အစောဆုံးအနေနဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ ည ပိုင်းမှာ လပြည့် ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ဝေခဲ့တာ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားအတွင်းမှာ "ကျောက်မဲ ရွေးကောက်ပွဲမှာ ဘာ တွေ လုပ်လို့ ဘာ တွေ ဖြစ်ခဲ့သလဲ ဆိုတာ intercept ကထောက်ကြည့်တော့ တဖက်ကဒီလိုပြောလာပါတယ်။ SNLD ကျားခေါင်းပါတီ က မဲ ၄၈၀ မဲကို ပယ်မယ် ဆိုပြီး UECက ကျောက်မဲ မှာ ထလုပ်ခဲ့ပါတယ်တဲ့။ ဒါကို မကျေနပ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေက လွန်ခဲ့ သော ၁ ပတ် ခန့်က လက်နက်ငယ် နဲ့ ၂ ချက် UEC ဥက္ကဌ အိမ်ကို လာပစ်ပြီး သတိ ပေးခဲ့ပါ သေးတယ်ဆိုတာ တွေ့ရပါတယ်" လို့ ရေးသားထားပါတယ် (မူရင်းရေးသားထားသည့်အတိုင်း)။ အဲ့ဒီ ပိုစ့်ထဲမှာ UEC ဥက္ကဌကိုသတိပေးပစ်ခတ်ခဲ့ပေမယ့် အလေးမထားတဲ့ အတွက် NLD ကိုယ်စားလှယ်ကို ပစ်သတ်ခဲ့ခြင်း ဖြစ်တယ်လို့ ရေးထားပြီး ပစ်ခတ်တဲ့အဖွဲ့ကို ကျောက်မဲ တစ်မြို့လုံးက သိပေမယ့် အဲ့ဒီအဖွဲ့ကို ကြောက်လို့ ထုတ်ပြောခြင်း မရှိတာလို့ ရေးသားထားပါတယ်။ ဒါ့အပြင် တိုင်းရင်းသားနယ်မြေမှာ မဲလိမ် မဲခိုးတဲ့ အတွက် အသတ်ခံရခြင်း ဖြစ်တယ်လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာ ကြည့်ပါ။

    ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်တွေအပြင် မဲခိုးလို့ အသတ်ခံရခြင်း ဖြစ်တယ်လို့ သတင်းမီဒီယာ ပေ့ချ်တွေအောက်မှာ Comment ရေးသားသူပေါင်းများစွာလည်း ရှိနေသလို အဲ့ဒီအကြောင်းအရာကို အမှန်ထင်ပြီး မျှဝေနေသူ များစွာလည်း ရှိနေပါတယ်။


    သတင်းဆန်းစစ်ချက်

    လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ SNLD ပါတီက မဲပေါင်း ၄၈၀ ကို ပယ်မဲအဖြစ် သတ်မှတ်ခဲ့တဲ့အတွက် NLD ကိုယ်စားလှယ် အသတ်ခံရတာ ဖြစ်တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် ဆန်းစစ်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့် ကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာ အဆိုပါ အကြောင်းအရာဟာ သတင်းအမှားဖြစ်တယ်လို့ အတည်ပြုပါတယ်။

    အဆိုပါ ရေးသားဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး ဦးစိုင်းကျော်ညွှန့်က "ကျွန်တော်သိသလောက်က ကျွန်တော်တို့ ပြန်ပြီးယူလို့ရသမျှ ရအောင် ပြန်ယူထားပြီးပြီ။ တကယ်တမ်း ဘလိုင်းကြီး ပယ်လိုက်တာမျိုးတော့ မရှိဘူး။ ဘလိုင်းကြီးပယ်ရင် ကျွန်တော်တို့က Complain တက်မှာပေါ့။ မဲ ၄၀၀ လောက် ဖြစ်တာက နောင်ချိုမှာ ဖြစ်တာ အဲ့ဒါက အမျိုးသားလွှတ်တော်နဲ့ မဆိုင်ဘူး။ ပြည်နယ်လွှတ်တော်နဲ့ ဆိုင်တာ။ ပြန်စစ်လိုက်တော့ ပြန်ပြီး အိုကေသွားတယ်။ အဲ့ဒါ ပြည်နယ်လွှတ်တော်နဲ့ ဆိုင်တာ။ အမျိုးသားလွှတ်တော်နဲ့ မဆိုင်ဘူး။ သူတို့က အမျိုးသားလွှတ်တော်လို့ ပြောတယ်။ အဲ့ဒါ အမှားပဲ" လို့ ပြောပါတယ်။

    ဒါ့အပြင် RFA သတင်းဌာနက အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျောက်မဲမြို့နယ်က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးစိုးထွန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ ကျောက်မဲမြို့နယ်မှာ ၄၈၀ အထိ ပယ်မဲတွေ မရှိခဲ့ဘူးလို့ ဖြေဆိုထားပါတယ်။

    RFA သတင်းဌာနရဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ပါ။


    ဒီရက်ပိုင်းအတွင်း ကျောက်မဲဒီချုပ် ကိုယ်စားလှယ် အသတ်ခံရမှု ဖြစ်စဉ်အပေါ် အခြေခံပြီး သတင်းအမှားဖြန့်သူတွေ ရှိသလို သွေးထိုးလှုံ့ဆော် မှုများစွာလည်း ရှိနေပါတယ်။

    ဒီအခြေအနေအပေါ် ကျားခေါင်းပါတီက ဦးစိုင်းကျော်ညွှန့်က "အခုအချိန်ပေါ့ ပြည်သူက ကျောက်မဲ တစ်ခုထဲတော့ မကြည့်နဲ့ပေါ့ အမျိုးသားလွှတ်တော် တစ်နေရာထဲ မကြည့်နဲ့။ တစ်နိုင်ငံလုံးလွှမ်းခြုံကြည့်မယ်ဆိုရင် NLD က ပထမလေ။ ပြီးရင် USDP ပေါ့။ ပြီးရင် ဗမာ မဟုတ်တဲ့ တိုင်းရင်းသားထဲမှာဆို ကျွန်တော်တို့က ပထမပဲလေ။ အပြတ်သတ် ကွာနေတယ်။ ဆိုတော့ကာ နိုင်ငံတစ်နိုင်ငံလုံးရဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ ဆိုင်တယ်။ ဆိုင်တော့ ပြဿနာ ရှာလို့ ရတဲ့နေရာတွေကို ကြားအဖွဲ့တွေက တစ်ဖွဲ့ ဖြစ်ရင် ဖြစ်မယ်။ နှစ်ဖွဲ့ဖြစ်ရင် ဖြစ်မယ်။ ဒီထက် ပိုရင်လည်း ပိုလိမ့်မယ်။ အဲ့ဒီ အုပ်စုတွေ အဖွဲ့တွေက ဝိုင်းပြီးတော့ လော်နေတယ်။ ဝိုင်းပြီးတော့ လုပ်နေတယ်လို့ပဲ ကျွန်တော်က မြင်လို့ရတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ကွတ်ခိုင်ဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက် ဆိုရင်လည်း အရိုက်ခံထိတယ်။ ကျွန်တော်တို့ မကြာခင်မှာ သတင်းစာရှင်းလင်းပွဲ လုပ်လိမ့်မယ်။ ဒီရက်ပိုင်းမှာပေါ့။ (၆) ယောက်လောက်နဲ့ ဝိုင်းရိုက်တာ တွေ ရှိတယ်ဆိုတော့ အဲ့ဒါတွေက အပြန်အလှန် ဟိုဘက် ဒီဘက် ဖြစ်တဲ့ဟာတွေက ဒီပြဿနာတွေက ပြောလို့မရဘူး။ မီးပွားတွေ တဆင့် ကြီးကြီးလာအောင် လှုံ့ဆော်တဲ့သူ ရှိနိုင်တယ်" လို့ မှတ်ချက်ပေးပါတယ်။



    Tags

    False newsKyaukme NLD MPassassinationSNLDvotesrejectedပယ်မဲကျောက်မဲဒီချုပ်ကိုယ်စားလှယ်သတင်းအမှား
    Read Full Article
    Claim :   လူမှုကွန်ယက်ပေါ်မှာ ရေးသားဖြန့်ဝေနေတဲ့ SNLD ပါတီက မဲပေါင်း ၄၈၀ ကို ပယ်မဲအဖြစ် သတ်မှတ်ခဲ့တဲ့အတွက် NLD ကိုယ်စားလှယ် အသတ်ခံရတာ ဖြစ်တယ် ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့် ကို ဆက်သွယ်မေးမြန်းပြီး အချက်အလက် စစ်ဆေးထားပါတယ်။
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!