BOOM Myanmar
  • သတင်းအတု
  • ကျန်းမာရေး
  • အချက်အလက် ရယူရန်
  • Home-icon
    Home
  • Contact Us-icon
    Contact Us
  • Correction Policy-icon
    Correction Policy
  • သတင်းအတု-icon
    သတင်းအတု
  • ကျန်းမာရေး-icon
    ကျန်းမာရေး
  • အချက်အလက် ရယူရန်-icon
    အချက်အလက် ရယူရန်
  • Home
  • သတင်းအတု
  • လေးကေကော်အနီးက KNU စခန်းကို...
သတင်းအတု

လေးကေကော်အနီးက KNU စခန်းကို စစ်ကောင်စီတပ်က သိမ်းယူခဲ့တယ်ဆိုတဲ့ သတင်းအမှား

သင်္ကြန်အကျနေ့မှာ လေးကေကော်အနီးက ရေတံခွန်ဘက်က KNU စခန်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုတဲ့ သတင်းအမှားတွေ ယခုရက်ပိုင်းအတွင်းထွက်ပေါ်လာပါတယ်။

By - Boom Live Myanmar |
Published -  15 April 2022 10:20 PM IST
  • လေးကေကော်အနီးက KNU စခန်းကို စစ်ကောင်စီတပ်က သိမ်းယူခဲ့တယ်ဆိုတဲ့ သတင်းအမှား

    အဆိုပါ သတင်းအမှားကို စောကြယ်ဖြူဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၁၅ ရက်နေ့ မနက် ၁ နာရီ ၅၆ မိနစ်မှာ ရေးတင်ထားတာ ဖြစ်ပြီး ၎င်းသတင်းအမှားကို ဖြန့်ဝေရာမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရဲ့ ဓါတ်ပုံတွေ အသုံးပြုထားပါတယ်။

    ၎င်းဓါတ်ပုံတွေနဲ့အတူ " အကျနေ့ မိုးသံလေသံကြားရင် မအော်ဘဲမနေနိုင်တဲ့ ဖားပဒက်လေးတွေကြောင့် ယခုည လေးကေကော်အနီး လေးကပေါ်ရေတံခွန်ဖက် KNU.စခန်းပုန်းတော့ ချေမှုန်းခံလိုက်ရပြီ ။ ဖားပဒက်လေးတွေ မြို့ပေါ်မှာ သင်္ကြန်အသံတွေကြားတော့ အနံဒီ' ဗီဇပိုးတွေက မနေနိုင်ဖြစ် ၊ တောမှာလည်းဖြစ် တွေ့တာလည်းသစ်'ဆိုပြီး ကားစုတ်တစ်စီးနဲ့ ရှိရာလူစု သံချပ်ထိုး လိုင်းပေါ်တင် အလှုခံဂွင် ချဲ့ကြမယ်ပေါ့ ၊ နေ့ဖက် အောင်မြင်စွာ အော်ဟစ် ပျော်ပါးပြီး ဘဝမေ့ မြို့မှာလို ရေတံခွန်နား ညပျော်ပွဲစားချိန် ၊ ဧပြီ ၁၀.မှာ ဖရဲသီးတွေကြောင့် သတင်းပေါက်လို့ အလစ်အငိုက် ခံလိုက်ရပြီး၊ အကြွေးတောင်းဖို့ လိုက်နေတဲ့ တပ်မ အပူး'.အထူးကွန်မန်ဒိုစစ်ကြောင်းရဲ့ လူရောက်ကျည်ရောက် တိုက်ကွက် အောက်မှာ ဖားပဒက်တွေအသံတိတ်ခဲ့ရဘီလေ၊ ကံကောင်းလို့ ဆုတ်ပြေးနိုင်တဲ့ ပဒက်လေးတွေကိုတော့ စွယ်တော် အမြောက်စခန်းက ၁၂၀..မမ များနဲ့ ရသေ့ဂူလမ်းဆုံဖက်သို့ ယခုချိန်ထိ ဆက်လက်လမ်းပြကူညီပေးနေပါကြောင်း သတင်းကောင်း ပါးအပ်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

    မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ ၊ ဒီနေရာ ၊ ဒီနေရာ နဲ့ ဒီနေရာ မှာကြည့်ပါ။

    စောကြယ်ဖြူဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ သတင်းအမှားကို like လုပ်ထားသူ ၂၈၀၀ ကျော်ရှိကာ ထပ်ဆင့်ဝေမျှထားသူ ၄၀၀ နီးပါးရှိကာ တခြား ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာက ကူးယူဖော်ပြနေကြပါတယ်။

    သတင်းဆန်းစစ်ချက်

    စောကြယ်ဖြူဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က တင်ထားတဲ့ သင်္ကြန်အကျနေ့မှာ လေးကေကော်အနီးက KNU စခန်းတစ်ခုကို စစ်ကောင်စီတပ်တွေက ချေမှုန်းခဲ့တယ်လို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

    ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့ည ၁၀ နာရီ ၅၅ မိနစ်ခန့်မှာ စစ်ကောင်စီတပ်တွေက လေးကေ့ကော်မြို့သစ်အနီးက ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားတဲ့ တောင်ကုန်းတွေပေါ်ကို လက်နက်ကြီးအမြောက်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ၂ ဖက် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။

    ၎င်းထိတွေ့တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး ကော်ဘရာစစ်ကြောင်းက ခုခံတိုက်ခိုက်နိုင်ခဲ့မှုကြောင့် သင်္ကြန်အကြတ်နေ့ မနက် ၃ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်တွေက အထိအခိုက်အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ရပြီး ကော်ဘရာစစ်ကြောင်းက ထိခိုက် ကျဆုံးမှု တစ်စုံတစ်ရာ မရှိတဲ့အပြင် စစ်ကောင်စီတပ်တွေရဲ့ စစ်အသုံးအဆောင်တွေနဲ့ ကျည်ဆန်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ Cobra Column က ဒီကနေ့ ဧပြီလ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

    Cobra Column က ထုတ်ပြန်ထားတဲ့ တိုက်ပွဲ သတင်းကို ဒီမှာ ဖတ်ပါ။

    စစ်ကောင်စီတပ်တွေ လေးကေ့ကော်ကို ထိုးစစ်ဆင်လာပြီး အထိအခိုက်အကျအဆုံးများက ပြန်လည်ဆုတ်ခွါသွားရတဲ့အကြောင်း BBC က ရေးသားထားတဲ့ သတင်းကို ဒီမှာ ဖတ်ပါ။

    ဒါ့အပြင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဟာ တောတွင်းမှာ ဘေးကင်းစွာရှိနေပြီး ဧပြီလ (၁၂) ရက်နေ့ ကနေ ဧပြီလ (၁၆) ရက်နေ့အထိ နေ့စဥ် ည(၇)နာရီ မှ (၈) နာရီအတွင်း သတင်းမီဒီယာ Page တွေကနေ တော်လှန် သင်္ကြန်သံချပ်တွေ ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်တယ်လို့ ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ အသိပေးရေးသားထားပါတယ်။ ဒေါင်းတို့မျိုးဆက်ရဲ့ တော်လှန်သင်္ကြန်သံချပ်တွေ တင်ဆက်သွားမယ့်အကြောင်း ဒီနေရာ မှာ ဖတ်ပါ။


    Tags

    False newsKNUCobra ColumnMilitaryCoupသတင်းအတုလေးကေ့ကော်ကော်ဘရာစစ်ကြောင်းအာဏာသိမ်းစစ်ကောင်စီ
    Read Full Article
    Claim :   သင်္ကြန်အကျနေ့မှာ လေးကေကော်အနီးက KNU စခန်းကို စစ်ကောင်စီတပ်က သိမ်းယူ
    Claimed By :  facebook
    Fact Check :  False
    Next Story
    Our website is made possible by displaying online advertisements to our visitors.
    Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
    X
    Or, Subscribe to receive latest news via email
    Subscribed Successfully...
    Copy HTMLHTML is copied!
    There's no data to copy!